၂၀၁၈-၁၉ ရာသီ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံးအသင်းဖြစ်လာတဲ့ မန်စီးတီး

၂၀၁၈-၁၉ ရာသီ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံးအသင်းဖြစ်လာတဲ့ မန်စီးတီး
Photo: Man City

ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ မနေ့ညက ဟတ်ဒါဖီးလ်နဲ့ ပွဲစဉ်မှာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူတဲ့ ဒန်နီလိုရဲ့ ဂိုးကြောင့် ဒီရာသီ ဂိုး ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံးအသင်းဖြစ်လာတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မန်စီးတီးအသင်းဟာ ၂၀၁၈-၁၉ ရာသီပြိုင်ပွဲစုံ စုစုပေါင်း သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ဥရောပထိပ်သီးလိဂ် ၅ ခုထဲက ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဟတ်ဒါဖီးလ်နဲ့ပွဲမှာ စတာလင်နဲပ ဆာနီတို့က သွင်းယူခဲ့တဲ့ ဂိုးတွေကတော့ မန်စီးတီးအသင်းအတွက် ဒီရာသီ ၁၀၁ ဂိုးနဲ့ ၁၀၂ ဂိုးမြောက်တွေဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၁၉ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားထားခဲ့တဲ့ ၅ ပွဲမှာ သွင်းဂိုးက ၂၄ ဂိုး၊ ပေးဂိုး ၁ ဂိုးသာ ရှိသေးတာဖြစ်လို့ မယုံနိုင်စရာ ဂိုးသွင်းနှုန်းလည်းဖြစ်နေပါတယ်။

မန်စီးတီးနဲ့ အနီးစပ်ဆုံးအသင်းကတော့ ပြင်သစ်လီဂူး-၁ က ပီအက်စ်ဂျီအသင်းဖြစ်ပြီး ပြင်သစ်ကလပ်ဟာ စနေနေ့က ဂူအင်ဂမ့်အသင်းကို ၉-၀ နဲ့ ဂိုးပြတ်နိုင်ခဲ့တာကြောင့် ပြိုင်ပွဲအရပ်ရပ် သွင်းဂိုး ၉၀ ဂိုးထိ ရရှိထားပါတယ်။

မက်ဆီရဲ့ ဘာစီလိုနာအသင်းက ပြိုင်ပွဲစုံ သွင်းဂိုး ၇၈ ဂိုးနဲ့ လာလီဂါပြိုင်ဘက် ဆီဗီလာထက် ၇ ဂိုးပိုများပါတယ်။

သူတို့ရဲ့နောက်မှာတော့ စပါး (၇၀) ဂိုးနဲ့ အာဆင်နယ် (၆၈)ဂိုးတို့က ပရီးမီးယားလိဂ်ဇယားဦးဆောင်သူ လီဗာပူးလ် (၆၅) ဂိုးထက် ဂိုးပိုမိုသွင်းယူထားပါတယ်။

လက်ရှိ ပြိုင်ပွဲပေါင်းစုံ ဥရောပထိပ်သီးလိဂ် ၅ ခုရဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ ၁၀ သင်း

၁၀၂ ဂိုး – မန်စီးတီး
 ၉၀ ဂိုး – ပီအက်စ်ဂျီ
 ၇၈ ဂိုး – ဘာစီလိုနာ
 ၇၁ ဂိုး – ဆီဗီလာ
 ၇၀ ဂိုး – စပါး
 ၆၈ ဂိုး – အာဆင်နယ်
 ၆၅ ဂိုး – လီဗာပူးလ်
 ၆၄ ဂိုး – ရီးယဲလ်မက်ဒရစ်
 ၆၂ ဂိုး – ဘိုင်ယန်မြူးနစ်
 ၆၀ ဂိုး – ချဲလ်ဆီး၊ ဒေါ့မွန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly