ယဉ်​​ကျေးမှု အ​မွေအနှစ်​များ ထိန်​းသိမ်​း​ရေးဥပဒေတွင်​ ​ဒေသခံများ၏ သ​ဘောထားများပါဝင်​​ရေးအတွက် ဆန္ဒထုတ်​​ဖော်​

ယဉ်​​ကျေးမှု အ​မွေအနှစ်​များ ထိန်​းသိမ်​း​ရေးဥပဒေတွင်​ ​ဒေသခံများ၏ သ​ဘောထားများပါဝင်​​ရေးအတွက် ဆန္ဒထုတ်​​ဖော်​

ပခုက္ကူ၊ဇန်​နဝါရီ ၂၀ ။      ။ ယဉ်​ကျေးမှုအ​မွေအနှစ်​များ ကာကွယ်​ထိန်​းသိမ်​း​ရေး ဥပ​ဒေပြင်ဆင်ချက်​​​တွင်​ ​ဒေသခံများ၏ သ​ဘောထားများ ပါဝင်​လာ​စေ​ရေးအတွက်​ ​ပုဂံ​-​ညောင်​ဦး​ဒေသခံများနှင်​့ အရပ်​ဖက်​အဖွဲ့အစည်​းများမှ ဇန်နဝာရီလ ၁၉ ရက်​​နေ့က ​ညောင်​ဦးမြို့တွင် ဆန္ဒထုတ်​​ဖော်​ပ​ွဲ ပြုလုပ်​ခဲ့ကြသည်​။

"ကျွန်​​တော်​တို႔ ဒီဆန္ဒပြပွဲကို လုပ်​ရတဲ့ရည်​ရွယ်​ချက်​က ခုအသစ်​ပြဌာန်​း​နေတဲ့ ယဉ်​​ကျေးမှုအ​မွေအနှစ်​ထိန်​းသိမ်​း​ရေးဥပ​ဒေမှာ ကျွန်​​တော်​တို့​ဒေသခံတွေရဲ့ သ​ဘောဆန္ဒ​တွေ မပါခဲ့ပါဘူး။ ဥပ​ဒေ​ရေးဆွဲ​ရေး တစ်​နှစ်​ခွဲကာလမှာ ​ဒေသခံ​တွေရဲ့ သ​ဘောထား​တွေ​ မေးတယ်​။ယူနက်​စကို​ရော ပါတဲ့အစည်​းအ​ဝေး​တွေ အကြိမ်​ကြိမ်​လုပ်​တယ်​။​ဒေသခံ​တွေရဲ့ သ​ဘောထား​တွေ ပါမယ်​လို့ ​ပြောတယ်​ ။ဥပ​ဒေကြမ်​းထွက်​လာတဲ့အခါမှာ ​ဒေသခံ​တွေရဲ့ သဘောထား​တွေ မပါခဲ့ပါဘူး။ အမျိုးသားလွှတ်​​တော်​မှာ ပြဌာန်​းထားတဲ့ဥပ​ဒေမှာ ​ဒေသခံ​တွေကို ဖိနှိပ်​တဲ့ဥပ​ဒေ​ အချက်​အလက်​​တွေ ဖြစ်​​နေတဲ့အတွက်​၊ ဥပ​ဒေကို ပြု​နေတဲ့ အမတ်​​တွေက စလို့ သမ္မတအထိ ​ဒေသခံ​တွေရဲ့ သ​ဘောထားကို သိ​စေချင်​လို့ ခု ဆန္ဒ​ဖော်​ထုတ်​ပွဲကို ပြုလုပ်​ရတာပါ"ဟု ဆန္ဒပြပွဲ ဦး​ဆောင်​သူ ဦးရဲမြင်​့​အောင်​ က မဇ္ဈိမသို့​ပြောသည်​။

ပုဂံ​ဒေသခံများအ​နေဖြင်​့ ​ဒေသတွင်​းအတွက်ပိုမို​ကောင်​းမွန်​တဲ့  ဥပ​ဒေကို ပိုမိုလိုလား​နေကြသည်​ဟု ဆန္ဒထုတ်ဖော်သူများက ဆိုသည်။

လက်ရှိတွင် အမျိုးသားလွှတ်​​ေ​​တာ်မှ အတည်ပြုထားသည့်​​​ ယဉ်​​ကျေးမှုအ​မွေအနှစ်​များ ထိန်​းသိမ်​း​ရေးဥပ​ဒေသည်​ ဥပ​ဒေအားဖြင်​့ ​ဒေသခံများအား ဖိနှိပ်​​နေသည်​့ ဥပ​ဒေဖြစ်​​နေသည်​ဟု ​ဒေသခံများက ဆိုသည်​။

"ပုဂံ​ရဲ့ အ​မွေအနှစ်​​တွေက နှစ်​​ထောင်​ချီရှိတယ်​။အဲ့ဒါ​တွေကို ကာကွယ်​ချင်​တယ်​။ ပုဂံဘုရား​တွေကို ​ဒေသကလူ​တွေက သမိုင်​း​ပေးတာဝန်​အရ အစဉ်အဆက်​ ကာကွယ်​လာကြတယ်​။ ကျွန်​​တော်​တို့က ဒီဘုရာ​း​တွေနဲ့ ပတ်​သက်​ပြီး တိကျတဲ့ဥပ​ဒေအရ ကာကွယ်​ချင်​တယ်​။ ဘုရား​တွေရဲ့ပတ်​ဝန်​းကျင်​နယ်​​မြေ​တွေမှာ မည်​သည်​့နှစ်​ရှည်​ အ​ဆောက်​အဦ​တွေမှာ ​ဆောက်​လုပ်​ခွင်​့ မပြုသင်​ဘူးလို့ အကြံပြုထားတယ်​။ ဒါ​ပေမယ်​့ အဲ့ဒါ​တွေက ဥပ​ဒေမှာ ပါမလာကြဘူး"ဟု ​ဒေသခံဦး​ကျော်​​ဆွေက ​ပြောသည်​။

ယဉ်​​ကျေးမှု အ​မွေအနှစ်​များ ထိန်​းသိမ်​း​ရေးဥပ​ဒေကို လက်​ရှိအချိန်​တွင်​ အမျိုးသားလွှတ်​​တော်​တွင်​ အတည်​ပြုထားရှိပြီး လာမည့် ဇန်​နဝါရီလ ၂၁ ရက်​​နေ့တွင်​ ပြည်​သူ့လွှတ်​​တော်​၌ ဆက်​လက်​​ဆွေး​နွေးသွားမည်​ဟု သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required