အနိမ့်ဆုံး ကျပ် သိန်း ၄၂၀ မှ ဝယ်ယူနိုင်မည့် Loft @ Star City စီမံကိန်းအိမ်ခန်းများကို စတင်ရောင်းချ

အနိမ့်ဆုံး ကျပ် သိန်း ၄၂၀ မှ ဝယ်ယူနိုင်မည့် Loft @ Star City စီမံကိန်းအိမ်ခန်းများကို စတင်ရောင်းချ

ဇန်နဝါရီ ၁၉ ။              ။ အနိမ့်ဆုံး ကျပ် သိန်း ၄၂၀ မှ ဝယ်ယူနိုင်မည်ဆိုသော သန်လျင် စတားစီးတီးအိမ်ရာဝင်းအတွင်း တည်ဆောက်မည့် City Loft @ Star City စီမံကိန်းအိမ်ခန်းများကို စတင်ရောင်းချနေပြီဟု Yoma Land မှ ဇန်နဝါရီလ ၁၉ ရက်တွင် ထုတ်ပြန် ကြေညာသည်။

ရန်ကုန်မြို့ သန်လျင်မြို့နယ်၊ Star City အိမ်ရာဝင်းအတွင်း ၂၂ ဧက ကျယ်ဝန်းသော မြေနေရာတွင် တည်ဆောက်သွား မည့် ယင်းအိမ်ရာစီမံကိန်းတွင် အိမ်ခန်းစျေးနှုန်းမှာ အိမ်ခန်းအရွယ်အစားနှင့် သတ်မှတ်ချက် ပေါ်မူတည်ပြီး ကျပ် သိန်း ၄၂၀ မှ သိန်း ၁၆၀၀ အထိ စျေးနှုန်းရှိသည်ဟု သိရသည်။

အိမ်ခန်းဝယ်ယူသူများအနေနှင့် အိမ်ခန်းတန်ဘိုး ကျသင့်ငွေ  စုစုပေါင်း၏ ၃၀%ကို စရံငွေအဖြစ် အရင်ပေးချေပြီး ကျန် ၇၀%ကို ၂၅ နှစ်ကြာအထိ အရစ်ကျ ပေးဆပ်သွားနိုင်သည်ဟု သိရပြီး စရံငွေအားလုံးပေးချေပြီးသည်နှင့် အိမ်ခန်းဝယ်သူ သည် စတူဒီယိုအခန်းတစ်ခုကို တစ်လလျင် ကျပ်ငွေလေးသိန်းပေးရုံဖြင့် ပိုင်ဆိုင်ခွင့်ရမည် ဟု Yoma Land မှ ထုတ်ပြန်သည်။

အိမ်ခန်းဝယ်ယူသူများအတွက်  မြန်မာနိုင်ငံဗဟိုဘဏ်၏ စည်းမျဉ်းနှင့်အညီ ဘဏ်တိုးနှုန်းသတ်မှတ်၍ ပြည်တွင်းဘဏ် များနှင့် သင့်လျော်သော အိမ်ယာချေးငွေတစ်ရပ်ကို  ချေးငှားပေးရန်အစီအစဉ်ကိုလည်း City Loft မှ ဆောင်ရွက် ပေးထားသည်ဟု သိရသည်။

အဆိုပါထုတ်ပြန်ချက်ကို Yoma Strategic Holdings Ltd. နှင့် First Myanmar Investment Public Company Limited ၏ ဥက္ကဋ္ဌ Serge Pun @ ဦးသိမ်းဝေက ယနေ့ ဇန်နဝါရီလ ၁၉ ရက် မနက်တွင် ပြုလုပ်ခဲ့သည့် ပန္နက်တော်တင် တွင်းတော် ဝန်း မင်္ဂလာအခမ်းအနားနှင့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

 “City Loft @ Star City ၏ အိမ်ခန်းများကို အများပြည်သူများအား စတင်မိတ်ဆက်လိုက်နိုင်တဲ့အတွက် ယနေ့သည် Yoma Land အတွက် ထူးခြားသော ပန်းတိုင်တစ်ခုကို အကောင်အထည်ဖော်လိုက်နိုင်ခြင်းပင်ဖြစ်သည်။ အရောင်း စတင်လိုက်တဲ့အတွက် သမရိုးကျ အိမ်ခြံမြေစျေးကွက်ကို လက်လှမ်းမမှီနိုင်သူများ ပိုမိုလွယ်ကူစွာ ဝယ်ယူပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ထားပါတယ်” ဟု Mr. Pun က ပြောသည်။

ဆောက်လုပ်မှုအတွက် အဓိက ကန်ထရိုက်တာအဖြစ် A1 Construction Company Limited (A1 ဆောက်လုပ်ရေး) နှင့် စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

“Mr. Serge Pun ၏ ရွေးချယ်ခြင်းကိုခံရတဲ့အတွက် အလွန်ပင် ဝမ်းမြောက်မိပါတယ်။ Loft @ StarCity ကို ခေတ်မီသော လူနေထိုင်မှုပုံစံရရှိစေဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု A1 လုပ်ငန်းစု၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဒေါ်ရည်ဝိုင်းဦး က ပြောသည်။

စီမံကိန်း ပထမအဆင့်တွင် အိမ်ခန်းများကို ဝယ်ယူသူများ ထံသို့ ၂၀၂၀ ခုနှစ် ပထမလေးလပတ်မှစတင်၍ အပ်နှံသွားမည် ဖြစ်ပြီး အိပ်ခန်းတစ်ခန်း၊ နှစ်ခန်း နှင့် သုံးခန်းပါဝင်မည့် အိမ်ခန်းများ ပါရှိသည်။ နေထိုင်သူများအတွက် ၊ ရေကူးကန်၊ အားကစားရုံ၊ ပန်းခြံ နှင့် စျေးဝယ်ပလာဇာတို့အပြင် YBS ဘတ်စ်ကား ရပ်နားစခန်းလည်း ပါရှိမည်ဖြစ်သည်။

City Loft @ StarCity’s first phase တွင် City Loft အကြောင်း ပိုမိုသိရှိလိုပါက www.cityloftyangon.com နှင့် www.facebook.com/cityloftyangon တို့သို့ ဝင်ရောက်၍ ကြည့်ရှုလေ့လာနိုင်သည်။ စိတ်ဝင်စားသူများအနေဖြင့် ဇန်နဝါရီလမှစ၍ Star City ရှိ ရန်ကုန်အရောင်းပြခန်းတွင် လာရောက်လေ့လာနိုင်ကာ ကြိုတင်ရက်ချိန်းလိုပါက  95 9 7837 777 99 ၊ [email protected] သို့ ဆက်သွယ်နိုင်သည်။

စတားစီးတီးဟု ခေါ်သော ကြယ်စင်အိမ်ရာသည် ၁၃၅ ဧကရှိ လူနေအိမ်ရာတည်ဆောက်ဖော်ထုတ် ပေးလျက်ရှိသော သန်လျင်မြို့နယ်အတွင်း ပဲခူးမြစ်ကမ်းအနီး တည်ရှိကာ သီလဝါအထူးစီးပွားရေးဇုန်အနီး တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required