အရိုး အကြောရောဂါကို ဘယ်လိုကာကွယ်မလဲ ( အပိုင်း ၂ )

By မျိုးသန့်(မဇ္စျိမ)
19 January 2019
အရိုး အကြောရောဂါကို ဘယ်လိုကာကွယ်မလဲ ( အပိုင်း ၂ )

မင်္ဂလာပါခင်ဗျား၊  4R health Talk က ကြိုဆိုပါတယ်ခင်ဗျား။   အရိုးအကြော အထူးကုဆရာဝန်ကြီး ကို ဖိတ်ခေါ်ထားပါတယ်။ ဆရာကဆိုရင်တော့ အန္ဒိယနိုင်ငံ ချင်နိုင်း ဆေးရုံက အရိုးအကြောခွဲစိတ် အထူးကုဆရာဝန် Dr. R Sankar ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ကို အပတ်စဉ် ကူညီပေးနေကျဖြစ်တဲ့ 4R Health Talk ကို ကမကထလုပ်ပေးနေတဲ့ Mr. Ravindra Jain ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့  ကျွန်တော်တို့ကို ဘာသာပြန် အကူအညီပေးမှာ ဖြစ်ပါတယ် ခင်ဗျာ။   အပိုင်း(၂) မှာတော့  အကြောထုံးတာတွေနဲ့ ကလေးတွေဖြစ်တတ်တဲ့ အရိုးရောဂါ အကြောင်းတွေကို ဆွေးနွေးထားပါတယ်။

မေး။ ။   ဦးဇင်းတစ်ပါးက သက်တော် ၇၀ ရှိပြီ ။ သူက ဒူးနာတယ်၊ ဒူးကိုက်တယ်၊ ပြီးလို့ရှိရင် ခါးကလည်း အရိုးကျည်းပေါင်းတက်နေတယ်၊ အဲ့ဒါဘယ်လိုမျိုး လုပ်သင့်သလဲဆိုတာကို ဖြေပေးစေလိုပါတယ် ခင်ဗျား ။

ဖြေ။ ။ ဆရာတော်ဘုရား အဲဒီလိုမျိုး ဒူးနာခါးနာတာကျတော့ အဓိကကတော့ ဒူးနဲ့ပတ်သက်တဲ့ exercise  တို့ physiotherapy လုပ်လို့ရတဲ့ နေရာတွေရှိပါတယ် ။ အဲဒီလိုနေရာတွေမှာ သွားပြီးတော့ ကုသမှုကို ခံယူသင့် ပါတယ်။ ဆရာတော်ဘုရားအနေနဲ့ ဝေးဝေးများများ လမ်းလျှောက်တာ များလာလို့ရှိရင် ခြေထောက်တွေက ပိုပြီးတော့ နာကျင်ပြီး ပြုတ်ကျသွားနိုင်တဲ့အနေအထားရှိတယ်။ နောက် ဒီလို ကြမ်းပြင်တွေမှာလည်း အထိုင်အထလုပ်လို့မရပါဘူးပေါ့၊ ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ သေသေချာချာပဲ ဆရာတော်အနေနဲ့ကတော့ physiotherapy လုပ်တဲ့နေရာမှာ သွားပြီးတော့ စမ်းသပ်သင့်ပါတယ် ။

ဆရာတော်ဘုရားကြီး အနေနဲ့ကပေါ့နော် အမြဲတမ်းကြီး တောက်လျှောက်နာနေတာလည်းမဟုတ်ဘူး။ ပုံမှန်ထက်မဟုတ်တဲ့ နာကျင်ခြင်းမျိုးမဟုတ်ဘူးဆိုရင်တော့  အထူးဒီလို ကွင်းစွပ်ကလေးတွေနဲ့ ဟာလေးတွေလည်း   ပေးလို့ရပါတယ် ။ အဲဒီလိုမျိုး တပ်ဆင်ပေးလို့ရပါတယ်  ။

Mr. Ravindra Jain ။   ။ ဆရာတော်ဘုရား အရမ်းနာတယ် နာကျင်တယ် မခံရပ်နိုင်ဘူးဆိုရင်တော့ ဒူးအစားခွဲနည်း တစ်ခု ရှိပါတယ် ။ အဲဒီလိုဒူးအစားခွဲတာမျိုးကို     ချင်နိုင်းမှာရှိတဲ့ အပိုလိုဆေးရုံမှာ ဒါမျိုးတွေ လုပ်ပေးပါတယ်။ ဒါပေမယ့် အဲ့ဒီအထိတောင်သွားစရာမလိုအောင်ကို သတင်းကောင်းတစ်ခု ရှိနေတာကတော့ ဒီ ချင်နိုင်း နဲ့ အပိုလိုဆေးရုံနဲ့ မန္တလေးမှာ ရှိတဲ့ဆရာဝန်တွေနဲ့ ကျွန်တော်တို့ ဆရာဝန်တွေနဲ့ ပူးပေါင်းပြီး တော့လည်း ချိတ်ဆက်ထားတာလည်း ရှိတယ်ဆိုတဲ့အတွက်ကြောင့် အဲ့ဒီ ချင်နိုင်းအထိပေါ့နော်၊ အိန္ဒိယနိုင်ငံ ချင်နိုင်း မြို့ထိ သွားစရာမလိုဘဲ မန္တလေးမှာလည်း အဲဒီလိုမျိုးလည်း လုပ်လို့ရပါတယ်။  

ဒူးအစားထိုး ကုသချင်တယ်ဆိုရင် နိုင်ငံခြားလည်း သွားစရာမလိုဘူး၊ ဆရာရဲ့ ဖုန်းနံပတ်ကိုလည်း ဆက်လို့ရပါတယ်။ ဖုန်း- ၀၉ ၉၇၇၁၁၇၁၄၀ ကိုဆက်သွယ်ပြီးတော့လည်း ဒူးနဲ့ပတ်သက်ပြီး လဲချင်တာရှိရင် ငွေကြေးသက်သက်သာသာနဲ့ လုပ်ပေးလို့ရပါတယ်။

မေး။ ။    အကြောနဲ့ ပတ်သက်ပြီးတော့ မေးထားပါတယ်၊ ဆိုင်ကယ် Accident ဖြစ်ပြီးတော့ တင်ပုဆုံရိုး ကျိုးပြီးတော့မှ  စတီး ထဲ့ထားရပါတယ် ။ မေးချင်တာကတော့ အကြောပြတ်ပြီး ထုံးနေတဲ့နေရာတွေကို ဘယ်လိုပြန်လုပ်ရင် ကောင်းမလဲ၊ ပြန်ကောင်းအောင် ဘယ်လိုလုပ်ပေးလို့ ရမလဲခင်ဗျာ။

ဖြေ။ ။  ခုနပြောသလို ဆိုင်ကယ်တိုက်မိပြီးတော့ ဖြစ်သွားတဲ့ဟာကျရင် nerve ကြောထိသွားလို့ရှိရင် တကယ်တော့ ပြန်ပြီးကုသရတာတော့ nerve ကြောတစ်ခုတည်းကို ကုသလို့ကတော့ မလွယ်ဘူး။ ဒါပေမယ့် တစ်ခုကောင်းကောင်းလုပ်လို့ရတာကတော့ physiotherapy လုပ်တဲ့နေရာတွေရှိပါတယ်။   လေ့ကျင့်ခန်းတွေလုပ်ပေးတာပေါ့နော် အကြောတွေ ၊ nerve တွေ အဲ့ဒီနေရာမှာသွားပြီးတော့ စနစ်တကျလေးနဲ့ ကုသမှု ခံယူသင့်ပါတယ်။

မေး။ ။   အိမ်ထဲနေလို့ရှိရင်လည်း ဖိနပ်အမြဲစီးထားရတယ်၊ ခြေသလုံးကြောကလည်း ရောင်တယ်၊ သွေးကြောပိတ်တာလားဆိုတာ မသိဘူး၊ နှလုံးသွေးကျဲဆေးသောက်ရတယ်၊ သွေးကျဆေး သောက်ရတယ်၊ သွေးတွင်း အဆီကြေဆေးတွေပါ သောက်ရတယ်။  ဒီဟာတွေသောက်ပေမယ့်လည်း လမ်းလျှောက်လို့အဆင်မပြေဘူး။ ဆိုတော့ အဲ့ဒါ ဘယ်လိုမျိုး ကုသလို့ရနိုင်ပါ့မလဲ ခင်ဗျာ။

ဖြေ။ ။ အဲဒီလိုမျိုး ခြေထောက်နာလို့ ဖိနပ်စီးရတယ်ဆိုတာမျိုးလည်း တကယ်တော့ သိပ်တော့ မလိုပါဘူး၊ တစ်ချို့တကယ်နာပြီဆိုလို့ရှိရင် အိပ်ယာကတောင် မထနိုင်ဘူးပေါ့နော်၊ ရေအိမ်တွေ ဘာတွေတောင် သွားလို့မရတဲ့အထိ ဖြစ်တတ်တယ်။ ဒါပေမယ့် တကယ်လို့ ဖိနပ်စီးချင်တယ် ဆိုလို့ရှိရင် သူတို့အတွက် စပါယ်ရှယ် လုပ်ထားတဲ့ ဖိနပ်ကလေးတွေလည်း ရှိပါတယ် ။ အဲဒီလိုမျိုးဟာလေးတွေနဲ့ သုံးလို့ရတယ် အထူးဖိနပ်လေးတွေပေါ့။ အဲ့ဒါမျိုး ဝတ်ဆင်ပြီးတော့ နေလို့ရပါတယ်၊ အဓိကကတော့ အဲ့ဒီ physiotherapy ကိုပဲ သွားပြီး ခန္ဓာကိုယ်နဲ့ ကိုယ်လက်လှုပ်ရှားဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေး တဲ့ နေရာတွေ အများကြီး ရှိပါတယ် အဲ့ဒီကိုပဲ သွားပါ။

မေး ။ ။ ပြဿနာက ဘာလဲဆိုတော့ ဆရာတို့နိုင်ငံမှာ ဒီလိုမျိုး လေ့ကျင့်ခန်း စနစ်တကျလုပ်တဲ့ ခန်းမတွေ ရှိရင် ရှိမှာပေါ့နော် ၊ ကျွန်တော်တို့ ဆီမှာဆို Gym တော့ရှိတယ်၊ Gym ကတော့ လူငယ်တွေ သွားကစားတဲ့ နေရာဆိုတော့ ကျွန်တော်တို့ ကျေးလက်တောရွာမှာနေတဲ့ အဖိုးတွေ အဖွားတွေ ဆိုလို့ရှိရင် အသင့်တော်ဆုံး အိမ်မှာနေရင်းနဲ့လည်း လုပ်လို့ရနိုင်မယ့်နည်းဆိုရင် ဘယ်လို လေ့ကျင့်ခန်းတွေဖြစ်မလဲခင်ဗျာ။

ဖြေ။ ။  ကျေးလက်လိုနေရာမျိုးမှာကျတော့ ဒီလိုစနစ်တကျပေါ့နော် physiotherapy ကို exercise လုပ်တဲ့နေရာမျိုး မရှိဘူးဆိုရင်တောင်မှ ကိုယ်ပြနေကျ ဆရာဝန်တွေကို မေးကြည့်ပါ၊ ကိုယ်ပြနေတဲ့ဆရာဝန်ကနေပြီးတော့မှ အရိုးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ exercise လုပ်ရမလဲ ဆိုတာကို သူတို့ ညွန်ပြပါလိမ့်မယ်။ အဲ့ဒီအတိုင်း လေ့ကျင့်ခန်းလေးများ လုပ်ရင်တော့ သက်သာပါလိမ့်မယ်။

မေး ။ ။   အရိုးနဲ့ ပတ်သက်လို့ရှိရင် ထင်ထင်ရှားရှား မြင်ရတာ ခါးရှိမယ် ဒူးရှိမယ်ပေါ့၊ အထိုင်များတယ် ကိုယ်လက်လှုပ်ရှားမှု အားနည်းတယ် ဆိုတော့ ဒီဒူးနဲ့ ခါးအပြင် တစ်ခြား အရိုး အကြောနဲ့ ပတ်သက်တဲ့ ရောဂါ ဘာတွေဖြစ်တတ်သေးလဲဗျ။

ဖြေ။ ။   ကလေးတွေပေါ့နော် တစ်ခါတစ်လေကျရင် မွေးလာလိုက်လို့ရှိရင်လည်း ခြေထောက်တွေမညီဘူးပေါ့၊ တစ်ဖက်ရှည်တယ်တို့ တစ်ဖက်တိုတယ်တို့ ဆိုတာကို သိလိုက်ပြီဆိုရင် မိဘအနေနဲ့လည်း သိသိချင်းပေါ့နော်၊ ဆရာဝန်တွေဆီကို သွားပြီးတော့ ဆေးကုသမှုကို သေသေချာချာ စနစ်တကျလေး ခံယူသင့်ပါတယ်ပေါ့နော်၊ အဲ့ဒါမှလည်း   အချိန်မီ ကုသလို့ရပါတယ် ။

မေး။ ။   ကလေးအသက် ခြောက်လကနေပြီးတော့ ခါးစောင်းနေတာပေါ့လေ၊ တစ်နှစ်နဲ့ခုနှစ်လ ရှိပါပြီ   မကောင်းသေးပါဘူး ၊အရိုးအကြောနဲ့များ ဘယ်လိုပတ်သက်နေပါသလဲ၊ အမြဲစောင်းတာတော့ မဟုတ်ပါဘူး၊ တစ်ခါတစ်လေတော့ တည့်ပါတယ်။ ဆိုတော့ ဒါက သူက ဘယ်လိုလုပ်သင့်ပါသလဲ ။

ဖြေ။ ။   အရမ်းကောင်းတဲ့ အစီအစဉ်ပါပဲ၊ အခုဖြစ်နေတဲ့ကလေးလေးကို ပေါ့နော် အရင်ဆုံး ဓာတ်မှန်လေး ရိုက်ကြည့်ပေးပါ၊ ဓာတ်မှန်ရိုက်ကြည့်ပြီးပြီဆိုမှသာလျှင် အဖြေဘာလဲဆိုတာကို သိရအောင် ကျွန်တော့ရဲ့ Email ကိုပဲဖြစ်ဖြစ် Website ကိုပဲဖြစ်ဖြစ် Viber ကိုပဲဖြစ်ဖြစ် ပို့ပေးလိုက် လို့ရှိရင် သူဘာဖြစ်သလဲ ဆိုတာကို ဒီဓာတ်မှန်ကနေကြည့်ပြီး ပြောပေးလို့ရပါတယ်။ ဒါတော်တော်လေးကို   ကံကောင်းတယ်ပဲ ပြောရမှာပေါ့နော်။ အခုဖြစ်နေတဲ့ကလေးကို ဖြစ်နိုင်ရင်တော့ အမေအနေနဲ့ ဓာတ်မှန်လေးရိုက်ပေးစေချင်ပါတယ်။

ခုန ဆရာမေးတာက အန္ဒိယနဲ့ မြန်မာမှာပေါ့နော် များသောအားဖြင့် တူညီနေတဲ့ ကလေးငယ်တွေမှာ ပြဿနာဘာများရှိသလဲဆိုတော့ အရိုး ဒူးနဲ့ အကြောနဲ့ ပတ်သက်ပြီးတော့ ပြဿနာက တူညီတဲ့ဟာ ဘာရှိသလဲဆိုတော့။ များသောအားဖြင့် မိဘတွေက ကလေးငယ်တွေကို ဆေးခန်းကို ခေါ်လာလို့ရှိရင် ပွေ့ပိုက်ပြီး၊ ချီပြီး ခေါ်လာတာများတယ်ပေါ့နော်၊ သူတို့ချထားပြီးတော့ ကလေးတွေကို ခေါ်လာတာ မဟုတ်တဲ့အခါကျတော့ ကလေးတွေ လမ်းလျှောက်တာတွေနဲ့လည်း ဆိုင်မယ်၊ နောက်တစ်ခုကတော့ များသောအားဖြင့် တင်ပုဆုံရိုးလွဲတာ မျိုးတွေပဲ ဖြစ်တတ်တာများပါတယ်။ နောက် တစ်ခါတစ်လေ ကျရင် ခြေထောက်အရှည်အတို မညီတာလေးတွေလည်း ရှိတယ်။ ဒါတွေဟာ တစ်ချို့ဆိုရင် မွေးကတည်းက ဖြစ်တာမျိုးတွေလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ တစ်ခါတစ်လေကျလို့ရှိရင် အင်ဖက်ရှင် တွေများတာပေါ့နော် ပြန့်ပွားတာကို ဘေးကနေ အင်ဖက်ရှင်ဖြစ်တယ် ဆိုတဲ့အတွက်ကြောင့် အရိုးတွေ ဘာတွေကနေ အဲ့ဒါမျိုးတွေကလည်း ကလေးတွေ ဖြစ်တတ်ပါတယ်။

အဓိကက ခုနပြောသလိုပေါ့နော် ကလေးငယ်တွေ ဖြစ်ပြီဆိုရင် လူကြီးတွေကုသသလိုမျိုး ကုသလို့ မရဘူး၊ သူတို့က စကူ(screw) ထည့်တာတွေ၊ ပလိပ်(plate) ထည့်တာတွေ အဲဒီလိုမျိုးမလုပ်ဘဲနဲ့ သူတို့ကို ပလာစတာလေးနဲ့ပဲပေါ့နော် လေးပတ်ကနေပြီးတော့မှ ခြောက်ပတ်အထိ ကြားထဲမှာ သူတို့ကို ကလေးငယ်တွေကို ဒီလိုပဲထားပေးရတယ်၊ နောက်တစ်ခုကကျတော့ သူတို့ကို အဲဒီလိုမလုပ်ဘူးဆိုလို့ရှိရင် အင်ဖက်ရှင် ဝင်သွားပြီးတော့ ပိုးတွေကနေပြီးတော့ ပိုပြီးတော့ ကလေးငယ်တွေက မသန်မစွမ်းဖြစ်နိုင်တယ် ဆိုတဲ့ အတွက်ကြောင့် ဖြစ်ဖြစ်ချင်းမှာ ဆရာဝန်တွေဆီ ကုသသင့်ပါတယ်။ ငယ်တဲ့အရွယ်ကျတော့ပေါ့နော်၊ ဒီဖော်မဒီ ဆိုတာ ပုံမှန်မဟုတ်တဲ့ ပုံမှန်ခြေထောက်တွေ ဘာတွေ အဲဒီလိုမျိုး ကုသရတာ ပိုလည်း လွယ်တယ်၊ အဲ့ဒီငယ်တဲ့အရွယ်မှာ အဲ့ဒီလိုမျိုး ဖြစ်လာပြီ ဆိုလို့ရှိရင် တော့ ချက်ချင်းမိဘတွေကလည်း သတိထားသင့်တယ်၊ ၇ နှစ် ၈ နှစ်လို အရွယ်မျိုးမှာဆိုရင်တော့ သွားတာလာတာမှာ ပိုသိသာပါတယ်၊ ဒါ့ကြောင့် ငယ်ရွယ်စဉ်မှာ မိဘတွေ ပိုသတိထားစေချင်ပါတယ်။

Mr. Ravindra Jain ။    ။ ခုခေတ်ကလေးတွေက ဆိုလို့ရှိရင် အရင်ခေတ်က ကလေးတွေနဲ့ မတူဘူး ရောဂါတွေပိုရတယ် ကယ်စီယံတွေလည်း တအား အားနည်းတယ် စတာတွေပေါ့နော်။ အဲ့ဒီလို အားနည်းတယ်ဆိုတဲ့အတွက်ကြောင့် ဘယ်လိုလုပ်မှ ဒီကလေးတွေကို ကြိုတင်ကာကွယ်မှု ပြုလုပ်ရမလဲခင်ဗျာ။

ဖြေ။ ။     နေတဲ့စရိုက်တွေ ပုံသဏ္ဍာန်တွေပြောင်းလဲသွားတယ် ဆိုတဲ့အတွက်ကြောင့် ဒီ ဗိုက်တာမင် D တွေ ဘာတွေ စားနေရတာထက်စာရင် အစားအသောက်တွေကိုလည်း ပိုပြီးတော့ ဂရုစိုက်ပြီးတော့ နေသင့်တယ်၊ တစ်ချိန်လုံး အိမ်ထဲမှာပဲ မနေဘဲနဲ့ပေါ့နော်၊ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်သင့်တယ်၊ အထူးသဖြင့် ဗိုက်တာမင် D ကို ဘယ်လိုလူမျိုးတွေက ပိုစားသင့်တယ်ဆိုတော့ ကလေးငယ်တွေကို ကျွေးသင့်တယ်၊ နောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နောက် အရမ်းအသက်ကြီးတဲ့ လူတွေကို ပေါ့နော်၊ ဗိုက်တာမင်ဒီ ဟာ တစ်နေ့ကို တစ်လုံးတော့ ပုံမှန် 1 ဂရမ်ပေါ့။ အဲ့ဒီလို ပေးကို ပေးသင့်ပါ တယ်။ နောက်တစ်ခုကတော့ ဒီဗိုက်တာမင်ဒီ ရဖို့ဆိုလို့ရှိရင် လူတွေက မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီ နေရောင်ခြည်လေးရရင် ပိုကောင်းပါတယ်။ တကယ်လို့ အရမ်း ပူနေတဲ့ နေ့ခင်းဆိုလို့ ရှိရင်လည်း၊ ညနေပိုင်းမှာ နာရီဝက်လောက်ဖြစ်ဖြစ် ခဏထွက်ပြီးတော့ နေရောင်ခြည်လေးရအောင် လုပ်လို့ရှိရင်လည်း ကောင်းပါတယ်။ အဲ့ဒီလို နေရောင်ခြည်ရအောင် ဆိုလို့ဆိုလည်း တစ်ချို့ အမျိုးသားတွေ အကီႋျတွေချွတ်ပြီးတော့ပေါ့နော် နေရောင်ခြည်ရအောင်လို့၊ ဒီလိုလည်း မလိုပါဘူး။ မျက်နာလောက်နဲ့ လက်လောက်နဲ့ အဲ့ဒီလိုမျိုးလေး နေရောင်ခြည်ရတယ်ဆိုလို့ရှိရင်လည်း ဒါ ဗိုက်ဒါမင်ဒီ ကို အလိုလို ရပြီးသားဖြစ်ပါတယ်။    ။

အရိုး အကြောရောဂါကို ဘယ်လိုကာကွယ်မလဲ  အပိုင်း(၁ )အပြည့်အစုံ - http://www.mizzimaburmese.com/article/53989

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly