Miss Cosmopolitan World 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် MISS POPULARITY ဆု အတွက် အွန်လိုင်းမှ စတင် မဲပေးနိုင်ပြီ

Miss Cosmopolitan World 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် MISS POPULARITY ဆု အတွက် အွန်လိုင်းမှ စတင် မဲပေးနိုင်ပြီ

ရန်ကုန်၊ စက်တင်ဘာ ၃၀ ။     ။ မလေးရှားနိုင်ငံ ကွာလလမ်ပူ မြို့တွင် ကျင်းပမည့် Miss Cosmopolitan World 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် MISS POPULARITY ဆု အတွက် စက်တင်ဘာ ၃၀ရက်မှ စတင်ကာ အွန်လိုင်းမှ မဲပေးနိုင်ပြီဟု Miss Cosmopolitan World ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

Miss Cosmospolitan World 2015 ကို မလေးရှားနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်သလို မြန်မာနိုင်ငံမှလည်း ပထမဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ထိုပွဲကို စက်တင်ဘာ ၂၅ ရက် မှ အောက်တိုဘာ ၁၂ ရက် အထိ ၁၈ ရက်ကြာ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

MISS POPULARITY ဆု အတွက် စက်တင်ဘာ ၃၀ရက် မှ စတင်ကာ Miss Cosmopolitan World ဖေ့ဘုတ် စာမျက်နှာတွင် စတင် မဲပေးနိုင်ပြီး အောက်တိုဘာ ၇ရက် ည ၁၁နာရီ ၅၉မိနစ် အချိန်ထိ မဲပေးနိုင်မည် ဖြစ် သည်။

အွန်လိုင်း မဲပေးရာတွင် ပထမဦးဆုံး အနေဖြင့် www.facebook.com/MissCosmopolitanWorldOfficialPage ကို Like လုပ်ရမည် ဖြစ်ပြီး ဒုတိယအဆင့် ကိုယ် ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်၏ ဓာတ်ပုံ အောက်တွင် Like လုပ်ခြင်းဖြင့် မဲပေးနိုင်မည် ဖြစ်သည်။

အလှမယ် မေနန္ဒာကျော်သည် စင်္ကာပူနိုင်ငံတွင် ဇူလိုင်လ၌ ကျင်းပခဲ့သည့် Miss Teen International 2015 ပြိုင်ပွဲတွင် Miss Teen International Royalty Princess 2015 ၊ Miss Teen International 2nd Princess 2015 ၊ Best Party Wear Supermodel Title ဆုတို့ကို ရရှိထားသူ ဖြစ်သည်။

အလှမယ် မေနန္ဒာကျော်သည် လက်ရှိတွင် မလေးရှားနိုင်ငံ၌ Miss Cosmopolitan World Organization နှင့် အတူ စက်တင်ဘာ ၂၅ရက်တွင် Official တီရှပ်ကို Blue Jean ဖြင့် တွဲဖက်ဝတ်ဆင်ပြီး ဓာတ်ပုံ ရိုက်ခဲ့သလို၊ ညနေခင်း ဝတ်စုံဖြင့် ဓာတ်ပုံရိုက်ကူးခဲ့သည်။

စက်တင်ဘာ ၂၇ရက်တွင် အမွှေးပွ တိရိစ္ဆာန်များ ကယ်ဆယ်ရေး အတွက် ဓာတ်ပုံ ရိုက်ပြီး အလှူလုပ်ခဲ့သလို၊ ရင်သားကင်ဆာ မဖြစ်ပွားရန် သတိထား ဆောင်ရွက်ဖို့ လှုံ့ဆော်ရေး ရန်ပုံငွေ ရှာပွဲများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် အလည်အပတ် ခရီးစဉ်များ၊ Tea Party နှင့် Sponsor ကုမ္ပဏီ များသို့ သွားရောက်လည်ပတ်လျက်ရှိသည်။

Miss Cosmospolitan World 2015 ပြိုင်ပွဲတွင် နိုင်ငံ ၃၀ မှ အလှမယ် အယောက် ၃၀ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး Grand Final ပွဲကို အောက်တိုဘာ ၉ရက်တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly