နောက်ဆုံးစိန်ခေါ်ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်သော Stefer Rahardian

နောက်ဆုံးစိန်ခေါ်ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်သော Stefer Rahardian

ဇန်နဝါရီ ၁၈ ။         ။ အားကစားသမားတို့အတွက် ၎င်းတို့ ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲသည် အရေးအကြီးဆုံးဖြစ်သည်ဟု ဆိုကြသော် လည်း အင်ဒိုနီးရှားကစားသမား Stefer Rahardian (The Lion)အတွက် ထိုအဆိုသည် မှန်ကန်သည်ဟု မဆိုနိုင်ပေ။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပမည့်  One: Eternal Glory ပြိုင်ပွဲ တွင် ONE Championship စတောဝိတ်ကစားသမား Rahardian သည် Robin "Ilonggo" Catalan နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီိး ၂ ပွဲဆက်ရှုံးနိမ့်ထားမှုကို ရပ်တန့်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

၂၀၁၆ ခုနှစ်က Rahardian သည် ၎င်း၏ ONE ပွဲဦးထွက်ပြိုင်ပွဲ အနိုင်ရခဲ့ပြီးနောက် ၇ ပွဲဆက်တိုက် အနိုင် ရရှိခဲ့သော ပြိုင်ပွဲမှတ်တမ်း ရရှိခဲ့သည်။ အဆိုပါ နိုင်ပွဲ ၇ ပွဲတွင် ၄ ပွဲကို ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

ယင်း ဆက်တိုက်အနိုင်ပွဲများရရှိခြင်းသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပဲပြုလုပ်ခဲ့သည့် One: Reign of Kings ပြိုင်ပွဲတွင် Robin ၏ အစ်ကိုဖြစ်သူ ဖိလစ်ပိုင် ဝူရှူးကစားသမား Rene Catalan ကို ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲအနိုင် ရပ်တန့်သွားခဲ့သည်။ ထိုပွဲပြီးနောက် ၂ လ အကြာတွင် တရုတ်ကစားသမား Xuewen Pen ကိို ထပ်မံရှုံးနိမ့်ခဲ့ကာ ဒုတိယရှုံးပွဲကို ဆက်လက်ကြုံတွေ့ခဲ့ရသည်။

သို့သော်လည်း Rahardian ၏ ရှုံးပွဲ ၂ ပွဲလုံးသည် ပြိုင်ဘက်များနှင့် အမှတ်ကွာခြားချက်အနည်းငယ်ဖြင့်သာ ရှုံးနိိမ့်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် Rahardian သည် ၎င်း၏ ၂၀၁၉ခုနှစ်
အစီအစဉ်ကို အောင်မြင်မှုများဖြင့် အစပြုမည်ဟု ရည်ရွယ်လျက်ရှိသည်။ Catalan ကဲ့သို့
လေးစားဖွယ်ကောင်းသော ကစားသမားကို အောင်နိုင်ခြင်းသည် ၎င်း အနေနှင့် စတောဝိတ်တန်းတွင်
ထိပ်တန်းကစားသမားတစ်ယောက်အဖြစ် ပြန်လည် ရပ်တည်လာနိုင်မည် ဖြစ်သည်။

သူ၏ ပြိုင်ဖက် IFMA မွေထိုင်းကမ္ဘာ့ချန််ပီယံ Catalanကလည်း ပွဲသိမ်းခေါင်းလောင်းမထိုးခင် Rahardian ကို အနိုင်ရသော ပထမဦးဆုံးသူဖြစ်ချင်သည်ဟု ဆိုသည်။ Rahardian နှင့် ယှဉ်ပြိုင်ခဲ့သူများကဲ့သို့ပင် ၎င်း၏ တိုက်ခိုက်စွမ်းရည်ကို စမ်းသပ်ချင်နေသူတစ်ဦးဖြစ်သည်။

Catalan
နှင့် ယှဉ်ပြိုင်ရမည့်ပွဲတွင် Rahardian အနေဖြင့် ယခင်က ရှုံးနိမ့်ခဲ့ရသော
ပွဲစဉ်များမှ ရရှိခဲ့သည့် သင်ခန်းစာများနှင့် လေ့ကျင့်မှုများကြောင့် တိိုးတက်လာသော
အားကစားသမားတစ်ဦး၏ အရည်အချင်းကို ပြသနိုင်မည်ဖြစ်သည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲအတွက် ပြင်ဆင်နေရခြင်းသည်
Rahardian
အတွက် ဖိအားများပေလိမ့်မည်။ သို့သော် ဂျာကာတာအရှေ့ပိုင်းသား Rahardian အနေဖြင့်
ဖိအားနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်ခြင်းသည်
လုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် Rahardian

သည်  ခြေကျင်းဝတ်အရွတ်ထိခိုက်မှုကြောင့်
ခွဲစိတ်မှုတစ်ခု မဖြစ်မနေ လုပ်ခဲ့ရ သည်။ ထိုခွဲစိတ်မှုသည် ကနဦးတွင်
အောင်မြင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆိုးဝါးလာခဲ့ကာ ၂၀၁၃ ခုနှစ်တွင် အလားတူ
ထိခိုက်မှုထပ်မံဖြစ်ပွားသောကြောင့် ဒုတိယအကြိမ် ထပ်မံခွဲစိတ်ခဲ့ရသည်။

ဒုတိယအကြိမ် ခွဲစိတ်မှုအပြီးတွင် Rahardian သည် ပြန်လည်ကျန်းမာရန် ၂
နှစ်ခွဲခန့် အနားယူခဲ့ရသည်။ ၎င်း၏ ကစားသမားဘဝ အဆုံးသတ်ပြီဟု လေ့ကျင့်ဖော်ဟောင်းများက
တွေးထင်ခဲ့ကြသည်။

သို့သော် Rahardian သည်
ပြန််လည်ကျန်းမာလာသည်နှင့် ယခင်ကထက် ပိုမိုကြိုးစားလေ့ကျင့်ခဲ့ကာ ပရော်ဖက်ရှင်နယ်
ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ဦးဖြစ်လာရန် မိမိကိုယ်ကို ကတိထားပြီး
၎င်း၏ အိမ်မက်ကို အကောင်ထည်ဖော်ခဲ့သည်။

Rahardian
သည် ထိုကတိကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ ထိုကြောင့်ပင် Rahardian သည် ONE:
ETERNAL GLORY ပြိုင်ပွဲတွင် ကစားသမားသက်တမ်း၏ မှတ်တိိုင်တစ်ခု
ထပ်မံစိုက်ထူနိုင်ရန် မျှော်လင့်လျက် ရှိသည်။ ယခုလာမည့်ပွဲစဉ်တွင် ယှဉ်ပြိုင်ရမည့်
၎င်း၏ နောက်ဆုံးစိန်ခေါ်မှုပွဲစဉ်ကို အနိုင်ရခဲ့လျှင် ပရိသတ်များ အတွက် အံ့သြစရာရှိမည်
မဟုတ်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags