ဧရာဝတီတိုင်းရှိ ပြောင်းခင်း ဧက တစ်သိန်းသုံးသောင်းကျော်တွင် ငမြှောင်တောင်ပိုးများ ကျနေ

ဧရာဝတီတိုင်းရှိ ပြောင်းခင်း ဧက တစ်သိန်းသုံးသောင်းကျော်တွင် ငမြှောင်တောင်ပိုးများ ကျနေ

ပုသိမ်၊ ဇန်နဝါရီ ၁၈ ။             ။ ဧရာဝတီတိုင်းအတွင်းရှိ ဆောင်းရာသီပြောင်းစိုက်ပျိုးခင်းများတွင် ဧက တစ်သိန်းသုံးသောင်းကျော်ခန့် ငမြှောင် တောင်ပိုးများ ကျနေကြောင်း ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးမွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဦးတင်အောင်ဝင်းကပြောသည်။

“ဧရာဝတီတိုင်းမှာတော့ စုစုပေါင်း အခုဆောင်းရာသီမှာ အစေ့ထုတ်ပြောင်းရော ဖူးစားပြောင်းရော ဧက တစ်သိန်းလေးသောင်း ကျော်ကျော်လောက်စိုက်တယ်။ ဒါပေမယ့် ပိုးက ပျံ့ပျံ့နှံ့နှံ့တွေ့နေတာကတော့ တစ်သိန်းသုံးသောင်းလောက် တွေ့နေတယ်။ဒါက ပိုးအမျိုးအစား အသစ် ဖြစ်တဲ့အတွက် ထိထိရောက် ရောက်နှိမ်နှင်းနိုင်မှ လာမယ့် ရာသီမှာ ကိုယ့်တိုင်းအတွင်းမှာရော ၊ ကိုယ့်နိုင်ငံအတွင်းမှာပါ တခြား ဆက်လက် ပြန့်ပွားမှုတွေ မရှိမှာ ဖြစ်တဲ့အတွက် ဖိဖိစီးစီး ဆောင်ရွက်နေပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုး မွေးမြူရေး၊သယံဇာတနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဦးတင်အောင်ဝင်းကပြောသည်။

ဧရာဝတီတိုင်းတွင် ငမြှောင်တောင်ပိုးကျရောက်မှု အများဆုံးမြို့နယ်မှာ ဇလွန်မြို့နယ် ဖြစ်ပြီး၊ တခြား မြို့နယ် များတွင်လည်း ကျရောက်လျက်ရှိကြောင်း ငမြှောင်တောင်ပိုးများအား ဒရုန်းများဖြင့်ဆေးဖြန်းခြင်းများ ကို စိုက်ပျိုးရေးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“တောင်သူတွေ ငွေကုန်ကြေးကျမရှိအောင်လည်း တတ်နိုင်သလောက်လှူဒါန်းထားတဲ့ အဖွဲ့အစည်းတွေရယ် ပိုးသတ်ဆေးတွေနဲ ့အခုအချိန်အထိတောင်သူတွေကိုလိုက်ဖြန် ့ပေးနေတယ်။လုပ်ငန်းတွေကို ကြီးကြပ်ဖို ့ အတွက် တိုင်းအတွင်းမှာရှိတဲ့ဝန်ထမ်းတွေကို အားဖြည့်ပြီး ပညာပေးဆွေးနွေးပွဲတွေလုပ်နေတယ်”ဟု ဦးတင်အောင်ဝင်းက ဆက်ပြောသည်။

အဆိုပါ အမြှောင်တောင်ပိုးများကို ၂၀၁၈ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ကျရောက်ခဲ့ဖူးပြီး၊မိုးတွင်းကာလတွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စိုက်ပျိုးခင်းများတွင် တွေ ့ရှိခဲ့ရဖူးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly