ဆိုင်ကယ်စီး ခရီးသွားနိုင်ငံခြားသားတစ်ဦး ကျောက်ဆည်တွင် ယာဉ်တိုက်မှုဖြစ်

ဆိုင်ကယ်စီး ခရီးသွားနိုင်ငံခြားသားတစ်ဦး ကျောက်ဆည်တွင် ယာဉ်တိုက်မှုဖြစ်
 ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ဇန်နဝါရီ ၁၈ ။           ။ မြဝတီနယ်စပ်ဂိတ်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသူအမေရိကန်နိုင်ငံသား Mr.Carson သည် ကျောက်ဆည်တွင် ကားတစ်စီးဖြင့် တိုက်မိခဲ့ခြင်းကြောင့် ဒဏ်ရာများ ရရှိခဲ့ကာ ဆေးကုသမှု ခံနေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ  ဇန်နဝါရီ ၁ရရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ဇလဲကျေးရွာအနီး၌ ကျောက်ဆည်မြို့မှ ဝမ်းတွင်း မြို့ဘက်သို့ မောင်းနှင်းလာသည့် ကား၏ နောက်ယာဘက်ခြမ်းကို လားရာတူအနောက်မှ အမေရိကန်နိုင်ငံသား Mr.Carson မောင်းနှင်လာသည့် ဆိုင်ကယ်က ဝင်ရောက်တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

၄င်းသည် မြဝတီနယ်စပ်ဂိတ်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက်လာပြီး ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းတွင် မဟာအောင်မြေမြို့နယ် ၃၇x၃၈ လမ်းကြား ၇၈ လမ်းရှိ Hotel Mandalay တွင် တည်းခိုနေထိုင် ခဲ့သည်။ ထို့နောက် ဟိုတယ်မှ ထွက်ခွာကာ ညောင်ရွှေမြို့နယ်ရှိ ဟိုတယ်(အင်းလေး)သို့ သွားရောက်တည်းခို ရန် ဆိုင်ကယ်မောင်းနှင်လာစဉ်တွင် ထိုသို့ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အမေရိကန်နိုင်ငံသား Mr.Carson သည် နဖူးပွန်းပဲ့၊ ဝဲလက်ဖျံကျိုးဒဏ်ရာများ ရရှိခဲ့သဖြင့် ကျောက်ဆည်ပြည်သူ့ဆေးရုံမှ တစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီး အရိုးကုသ ဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly