ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းနှင့် ဧရာမြန်မာအာမခံတို႔ စပွန်ဆာစာချုပ် ချဳပ်ဆို

ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းနှင့် ဧရာမြန်မာအာမခံတို႔ စပွန်ဆာစာချုပ် ချဳပ်ဆို

ရန်ကုန်၊ ဇန်နဝါရီလ ၁၈ ။            ။ မြန်မာပြည်တွင်းကလပ်အသင်း ဖြစ်သော ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း ၏ အဓိက စပွန်ဆာအဖြစ်  ဧရာမြန်မာအာမခံတို႔ စာချုပ်တန်ကြေး ကျပ်သိန်း တစ်ထောင် ဖြင့် MNL ၂၀၁၉ ရာသီအတွက် တစ်ရာသီစာ စပွန်ဆာစာချုပ် ချဳပ်ဆိုခဲ့ကြသည်။

" အဓိက အချက်နှစ်ချက်ပေါ့ ။ မြန်မာဘောလုံး ကို ဒီထက်ပိုမို တိုးတက်လာစေချင်တယ်။ ကလပ်အသင်း တွေက ဒီထက်ကောင်းတဲ့ ကစားသမားတွေကို ပိုမို ဖွံဖြိုးတိုးတက်အောင် လုပ်ပေးနိုင်တယ်ဆိုရင် မြန်မာအမျိုးသားဘောလုံးအသင်းလည်း ယခုထက်ပို အားဖြည့်လာနိုင်မယ်။ နောက် ဧရာမြန်မာအာမခံ အနေနဲ့က အခုအသက်အာမခံအနေနဲ ့မြန်မာနိုင်ငံက မသိသေးတာကြောင့်ပါ၊ စပွန်ဆာပေးဖြစ်တာ ဒီနှစ်ဆို ၃ နှစ် ရှိပြီ။ ပြီးခဲ့တဲ့ နှစ်ကလိုပဲ ကျပ်သိန်း တစ်ထောင်စပွန်ဆာကို တစ်ရာသီစာ ပေးအပ်ခဲ့ပါတယ်” ဟု မန်နေးဂျင်း ဒါရိုက်တာ ဦးမျိုးမင်းသူ(ဧရာမြန်မာအာမခံ )က ပြောသည်။

ဧရာမြန်မာအာမခံက ၂၀၁၉ MNL ရာသီအတွက် ဧရာဝတီယူနိုက်တက်အသင်း၏ အကျႌအရှေဘက်ခြမ်း ကို စပွန်ဆာပေးထားပြီး အကျႌလက်မောင်းနှစ်ဖက် ကို Pro Sports ၊ Porcari Sweat တို့က အသီးသီး စာချုပ် ချုပ်ဆိုထားသည်။

Pro Sports အနေဖြင့် အကျႌစပွန်ဆာကို ရှမ်းယူနိုက်တက် ၊ ဧရာဝတီယူနိုက်တက်တို့ကို စပွန်ဆာပေးထားပြီး ပူးပေါင်းဆောင်ရွက်ထားသည့်အသင်း ၄ သင်း ရှိကြောင်း နှင့် Porcari Sweat အနေဖြင့် Product Sponsor အနေဖြင့် ကစားသမားများအတွက် တစ်ရာသီစာ စပွန်ဆာ ပေးအပ်ခဲ့သည်။

ဧရာအာမခံအနေဖြင့် ဧရာဝတီ အသင်းကို ၂၀၁၇ ခုနှစ်၊ MNL ရာသီမှာ စတင်ကာ ၃ နှစ်ဆက် စပွန်ဆာ ပေးခဲ့ခြင်း ဖြစ်ပြီး ကျပ် သိန်း ၃၀၀၀ ခန့် စပွန်ဆာပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဧရာဝတီအသင်းအနေဖြင့် ယခုရာသီအတွက် နည်းပြအဖွဲ ့ကို ထပ်မံအင်အားဖြည့်မည် ဖြစ်ကြောင်း ၊  ကစားသမားအသစ်ကို နိုင်ငံခြားသား အပါအဝင် ၂၆ ယောက် ခန် ့အင်အားဖြည့်တင်းထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly