‘ကျနော်တို့ရဲ့ အနာဂတ်မှာ ကောင်းမွန်တဲ့ နေ့တွေ အများကြီးရှိနေဖို့ မျှော်လင့်ထားတယ်’ ရောဘတ်ဆန်

‘ကျနော်တို့ရဲ့ အနာဂတ်မှာ ကောင်းမွန်တဲ့ နေ့တွေ အများကြီးရှိနေဖို့ မျှော်လင့်ထားတယ်’ ရောဘတ်ဆန်
Photo: Liverpool

လီဗာပူးလ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ဟာ ကလပ်အသင်းမှာ ၂၀၂၄ ခုနှစ် နွေရာသီအထိ ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ စကော့တလန်အသင်းခေါင်းဆောင် ရောဘတ်ဆန်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက ဟားလ်စီးတီးအသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် ၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ကာ အသင်းမှာ ခြေစွမ်းပြခဲ့တာကြောင့် အခုလို စာချုပ်သစ်အတွက် ကမ်းလှမ်းခြင်း ခံခဲ့ရတာပါ။

ရော်ဘတ်ဆန်က “အသင်းက စာချုပ်သစ် ကမ်းလှမ်းလာခဲ့တာနဲ့ တစ်ပြိုင်နက် ဒါဟာ ကျနော့်အတွက် စဉ်းစားစရာတောင် မလိုပါဘူး။ ကျနော် ဒီမှာ ဆက်ရှိနေချင်ပါတယ်။ သူတို့ရဲ့ ကမ်းလှမ်းလာမှုတစ်ရပ် စားပွဲပေါ်ကို ရောက်ရောက်ချင်းပဲ အမြန်ဆုံး လက်မှတ်ထိုးခဲ့ပါတယ်။”လို့ ပြောပါတယ်။

ဒါက ကျနော့်အတွက် လွယ်ကူတဲ့ စာချုပ်ချုပ်ဆိုမှုပါပဲ။ ကလပ်အတွက်လည်း ဒီလိုပါပဲလို့ ကျနော် သေချာပါတယ်။ ကျနော်တို့ နှစ်ဖက်လုံး အလွန်လျင်မြန်စွာနဲ့ပဲ သဘောတူညီတယ်။ ဒါ့ကြောင့်လည်း အမြန်ဆုံးနဲ့ လုပ်ဆောင်ခဲ့တာပါ။ ကျနော်တို့ရဲ့ အနာဂတ်မှာ ကောင်းမွန်တဲ့ နေ့တွေ အများကြီးရှိနေဖို့ မျှော်လင့်ထားပါတယ်။”

ရောဘတ်ဆန်ဟာ အန်ဖီးလ်ကလပ်အတွက် ပြိုင်ပွဲစုံမှာ ၅၆ ပွဲ ကစားထားပြီး သွင်းဂိုး တစ်ဂိုး ရရှိထားပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဂျိုးဂိုမက်ဇ်နှင့် မာနေးတို့ဟာ မကြာသေးခင်က စာချုပ်သစ်တွေ ချုပ်ဆိုခဲ့ပြီးဖြစ်သလို ပြီးခဲ့တဲ့ နွေရာသီက ဖာမီနိုနဲ့ ဆာလတ်တို့လည်း အသီးသီး စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယား ထိပ်ဆုံးမှ ၄ မှတ်ပြတ်နဲ့ ဦးဆောင်နေပြီး ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးဖို့ တာဆူနေပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly