ONE: ETERNAL GLORY ပြိုင်ပွဲတွင် Puja Tomar က အကောင်းဆုံးပွဲကို တင်ဆက်သွားရန် အဆင်သင့်ဖြစ်

ONE: ETERNAL GLORY ပြိုင်ပွဲတွင် Puja Tomar က အကောင်းဆုံးပွဲကို တင်ဆက်သွားရန် အဆင်သင့်ဖြစ်

ဇန်နဝါရီ ၁၈ ။             ။ အင်ဒိုနီးရှားနိုင်ငံ့ဂုဏ်ဆောင် ကိုယ်ခံပညာကစားသမား Priscilla Hertati Lumban Gaol ကို အိန္ဒိယနိုင်ငံသူ Puja Tomar နှင့် ယှဉ်ပြိုင်ထိုးသတ်သွားရမည့်ပွဲအတွက် အကြောင်းကြားထားပြီးဖြစ်သည်။

 ဤအက်တမ်ဝိတ်တန်းကစားသမားနှစ်ဦးသည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ Istora Senayan အားကစားရုံကြီး၌ ကျင်းပသွားမည့် ONE: ETERNAL GLORY ပြိုင်ပွဲကြီးတွင် ရင်ဆိုင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

စတောဝိတ်တန်းတွင် အကောင်းဆုံးကစားသမားတစ်ဦးဖြစ်သည့် Lumban Gaol နှင့်ယှဉ်ပြိုင်ရမည့်ပွဲတွင် ၎င်းသာအနိုင်ရရှိလိမ့်မည်ဟု အများကထင်ကြေးပေးခံထားရသော်လည်း Tomar အနေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့လာရောက်ခြင်းမှာ မိမိ၏ကစားသမားမှတ်တမ်းတွင် ပွဲအရေအတွက်တိုးလာစေရေးအတွက်သာရည်ရွယ်ထားခြင်း မဟုတ်ကြောင်း ပြိုင်ဘက်ကို သတိပေးထားသည်။

 “ဒါ ကျွန်မ အောင်မြင်ဖို့အချိန်ပဲလို့ ခံစားရတယ်။ ကျွန်မရဲ့ ကစားသမားဘဝအတွက် သိပ်ကို အရေးကြီးနေတဲ့ အချိန်ပါ။” ဟု onefc.com နှင့် မကြာသေးမီကပြုလုပ်သော အမေးအဖြေတွင် Tomar က ပြောထားသည်။

 အသက် ၂၅ နှစ်အရွယ် Tomar သည် ၅ထပ်ကွမ်း အိန္ဒိယအမျိုးသားဝူရှူးချန်ပီယံတစ်ဦးဖြစ်ကာ ထိုနိုင်ပွဲများအားလုံးတွင် ပြိုင်ဘက်ကို အလဲထိုးကွက်ဖြင့် အနိုင်ယူထားခြင်းဖြစ်သည်။

ဤအိန္ဒိယနိုင်ငံသူသည် ONE Championship တွင်စတင်ယှဉ်ပြိုင်စဉ်တုန်းက ရလဒ်ကောင်းများ မရှိခဲ့ပေ။ သို့ရာတွင် ပြိုင်ပွဲကြီးမှ ၁၀ လ ခန့်အနားယူလိုက်ခြင်းအားဖြင့် မိမိ၏အဖွဲ့ပြန်လည်စုစည်းရန်၊ ၎င်း၏ပြိုင်ပွဲများအပေါ်ချဉ်းကပ်ပုံကို ပြန်လည်သုံးသပ်ရန်အတွက် အချိန်ကောင်းကောင်းရရှိခဲ့သဖြင့် Tomar အနေဖြင့် ပရိတ်သတ်များကို ၎င်း၏စွမ်းဆောင်ရည်အစစ်အမှန်ကို ပြသနိုင်ရေး လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေပြီဟု ယုံကြည်ထားသည်။

 “ကျွန်မက Puja Tomar ပုံစံအသစ်နဲ့ ပြန်လာချင်ပါတယ်။” ဟု Tomar က ဆိုသည်။

 Lumban Gaol ကို Tomar က အနိုင်ရရှိမည်ဆိုလျှင် နာမည်ကျော်ကြားသူတစ်ဦးဖြစ်လာမည်မှာ အသေအချာ ပင်ဖြစ်သည်။ ဂျာကာတာမြို့အရှေ့ဘက်မှ အသက် ၃၀ အရွယ်ရှိပြီဖြစ်သော ကစားသမား Lumban Gaol သည် ၂၀၁၈ ခုနှစ်အတွင်း အောင်မြင်မှုများရရှိထားသူဖြစ်သည်။ ၎င်းသည် အခြား ONE ကစားသမားများနှင့်ယှဉ်လျှင် ပြိုင်ပွဲများပိုမိုဝင်ရောက်ထားနိုင်သူဖြစ်ကာ နိုင်ပွဲ ၅ ပွဲ ရရှိထားသည်။

Lumban Gaol သည် အလွန်အန္တရာယ်ကြီးသောကစားသမားတစ်ဦးဖြစ်သည်ကို Tomar အနေဖြင့် သိရှိထား သော်လည်း ၎င်းအနေဖြင့် ပြိုင်ဘက်၏ အားနည်းချက်များကိုတွေ့ရှိထားသည်ဟု ယုံကြည်လျက် ရှိသည်။

 “သူက အတွေ့အကြုံတွေ အများကြီးရှိထားတဲ့ကစားသမားပါ။ သူက မတ်တပ်ကစားကွက်ရော၊ မြေပြင်ကစားကွက်ရော ကျွမ်းကျင်တဲ့သူပါ။” ဟု Tomar က ဆိုသည်။

 “သူက သူ့ဝိတ်တန်းက ကစားသမားကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ရဲ့အားနည်းချက်က မေးစေ့ပါ။ သူ့ရဲ့ မြေပြင်ကစားကွက်က သာမန်ပါပဲ။”

 ဤပြိုင်ပွဲသည် ထိုည၏အကောင်းဆုံးပွဲများထဲတွင် တစ်ပွဲဖြစ်လာနိုင်သည်ဟု စာနယ်ဇင်းများက ခန့်မှန်းထားကြသည်။ နိုင်ငံ့ဂုဏ်ဆောင်ဝူရှူးကစားသမားဖြစ်သူ Lumban Gaol သည် ၎င်း၏ဝိတ်တန်းတွင် အကောင်းဆုံးဗျူဟာမြောက်ထိုးနှက်တိုက်ခိုက်တတ်သူတစ်ဦးအဖြစ် သတ်မှတ်ထားခြင်းခံရသူဖြစ်သည်။

 Tomar ၏အားနည်းချက်မှာ နပမ်းကစားကွက်ပိုင်းဖြစ်ကာ၊ ONE ပြိုင်ပွဲများ၌ ရှုံးနိမ့်ခဲ့သောပွဲများအားလုံးတွင် ချုပ်ကွက်အသုံးပြုခံရခြင်းကြောင့် ရှုံးနိမ့်ထားခြင်းဖြစ်သည်။ သို့သော် ၎င်းအဖို့ ပြိုင်ပွဲများမှ ၁၀ ခန့်အနားယူလိုက်နိုင်ခြင်းဖြင့် မိမိ၏မြေပြင်ကစားကွက်အားနည်းချက်များကို ပြုပြင်ရန်အချိန် ရရှိခဲ့သည်။

Tomar သည် ယခုအချိန်တွင် ONE ကြိုးဝိုင်းအတွင်းသို့ဝင်ရောက်၍ အကောင်းဆုံးယှဉ်ပြိုင်သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ဤထိပ်တန်းဝူရှူးကစားသမား ၂ ဦး ကြိုးဝိုင်းအတွင်း ရင်ဆိုင်ကြမည့်ပွဲသည် ပရိိတ်သတ်များက လွန်စွာစိတ်ဝင်စားသော ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်သည်။

“ကျွန်မက မတ်တပ်ထိုးသတ်တဲ့အပိုင်း ကျွမ်းကျင်မှုရှိတယ်။ ကျွန်မ ဝူရှူးကစားခဲ့တဲ့အတွေ့အကြုံတွေကလည်း အထောက်အပံ့ဖြစ်မှာပါ။” ဟု Tomar က ယုံကြည်မှုရှိစွာဆိုသည်။

 “ကျွန်မတို့က နိုင်ငံတကာဖျော်ဖြေရေးသမားတွေလည်းဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ပွဲက ကြည့်လို့ ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်မှာပါ။ ပရိသတ်တွေအတွက် ကျွန်မရဲ့နောက်ဆုံးထွက်သက်အထိ တင်ဆက်ပေးသွားမှာပါ။”

Tomar သည် ဤနှစ်ကို နိုင်ပွဲဖြင့် အစပြုနိုင်ရန်အတွက် ဂျာကာတာသို့လာရောက်ကာ Lumban Gaol နှင့် ရင်ဆိုင်သွားမည်ဖြစ်သောကြောင့် ဤကစားသမားနှစ်ဦး ရင်ဆိုင်တွေ့ဆုံကြမည့်ပွဲသည် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလိမ့်မည်ဟု ပရိသတ်များက ယုံကြည်နိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly