မြန်မာ ယူ-၁၈၊၁၉ အသင်း နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းအား ခန့်အပ်

မြန်မာ ယူ-၁၈၊၁၉ အသင်း နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းအား ခန့်အပ်
Photo-MFF

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ။              ။  မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ် (MFF) က မြန်မာ ယူ၁၈ ၊ ယူ၁၉ အသင်း နည်းပြချုပ်ရာထူးအတွက် လက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြ ဖြစ်သူ ဦးစိုးမြတ်မင်း ကို တာဝန်ပေးအပ်ခဲ့သည်။

 မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ်၏ နည်းစနစ်ဒါရိုက်တာဖြစ်သော အဲရစ်အာဗရန်က မြန်မာယူ ၁၈ ၊ ယူ ၁၉ အသင်းကို ချိတ်ဆက်ရန်ဆောင်ရွက်နေကြောင်းနှင့် ယူ၁၈ အသင်း၏ နည်းစနစ်အကြံပေးအဖြစ် ပိုပေါ့ဗ် ကို  တာဝန် ပေးခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ် (MFF)တွင် ပြုလုပ်သည့်လေးနှစ်တာ စီမံကိန်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

  “လက်ရှိ ကစားသမားတစ်ဦးချင်းစီရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်ရဖို ့နဲ ့ကြံခိုင်မှုကောင်းဖို ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် အစွမ်းကုန်ကြိုးစားပြီးတော့ ဒီအသင်းတွေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားပါမယ်။ အသင်း ရည်ရွယ်ချက်အနေနဲ ့အသက် ၂၀ အောက်ပြိုင်ပွဲကိုဝင်ပြိုင်ပြီး အတွေ ့အကြုံတွေယူမယ်။ အဓိက ရည်မှန်းချက်က သြဂုတ်လမှာ ကျင်းပမယ့် အသက် ၁၈ နှစ်အောက် AFF ပြိုင်ပွဲဝင်ဖို့အတွက် ပြင်ဆင်သွားမှာပါ ”ပာု ဦးစိုးမြတ်မင်း က မီဒီယာများ ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

 ထို ့အတူ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဦးစိုးမြတ်မင်း ကို ယူ-၂၂ အသင်း၏ လက်ထောက် နည်းပြအဖြစ် ထပ်မံတာဝန်ပေးခဲ့သည်။

 ဦးစိုးမြတ်မင်းသည်၂၀၁၇ ခုနှစ် ဘောလုံးရာသီတွင် ရှမ်းယူနိုက်တက်အသင်းကို MNL အမှတ်ပေးပြိုင်ပွဲ နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ရန် စွမ်းဆောင်ခဲ့သော်လည်း၂၀၁၈ခုနှစ်တွင် မြန်မာ့ လက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြ အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။

 ဦးစိုးမြတ်မင်းသည် ကစားသမားဘဝ အောင်မြင်မှုအဖြစ် ၂၀၀၄ တိုက်ဂါးဖလားပြိုင်ပွဲတွင် စတုတ္ထ၊ ၂၀၀၆ မာဒေးကားဖလားပြိုင်ပွဲတွင် ချန်ပီယံဆုများကို ရယူထားဖူးသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly