မြန်မာလက်ရွေးစင်နည်းပြ ရာထူးအတွက် လာလျှောက်ထားသူ ၆၀ နီးပါးရှိ

မြန်မာလက်ရွေးစင်နည်းပြ ရာထူးအတွက် လာလျှောက်ထားသူ ၆၀ နီးပါးရှိ

ဇန်နဝါရီလ ၁၇ ရက် ။         ။ မြန်မာလက်ရွေးစင်နည်းပြရာထူးအတွက် လာလျှောက်ထားသူ ၆၀ နီးပါး ရှိပြီး နည်းပြ ၁၀ ဦး ကို ပြန်လည် ရွေးချယ်ကာ အွန်လိုင်း Sky မှ အင်တာဗျူး လုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ႔ချုပ် (MFF)တွင် ပြုလုပ်သည့်လေးနှစ်တာ စီမံကိန်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

  “လာရောက်လျှောက်ထားသူ ၆၀ နီးပါး အနက်မှာ မြန်မာအသင်းနဲ႔ကိုက်ညီမည့်  ၁၀ ယောက် ကို ရွေးချယ် ထားပြီး အွန်လိုင်းမှာ အင်တာဗျုး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လာရောက်လျှောက်ထားတဲ့ ၁၀ ဦးထဲမှာ နည်းစနစ်ဆိုင်ရာ ဌာနမှချမှတ်သည့် မူအရ  မြန်မာ့အသင်းနဲ႔ပတ်သက်ပြီး  ၄င်းတို႔ရဲ႕ အတွေးအခေါ်ပိုင်းဆိုင် ရာများ ၊ နည်းစနစ်ဆိုင်ရာများ၊ နည်းစနစ်ပိုင်းဆိုင်ရာများနဲ႔ကိုက်ညီမှု ရှိမရှိ ၊အဲဒီအရည်အချင်းတွေနဲ႔ကိုက်ညီမှု ရှိမရှိကိုကြည့်ပြီး ခန့်အပ်သွားဖြစ်ပါတယ်။ ခန်႔အပ်တဲ့နေရာမှာ နည်းပြတွေကို AFF ဆူဇူကီး Cup ကစားတဲ့ မြန်မာအသင်းရဲ့ပွဲတွေကို ပေးအပ်ထားမှာဖြစ်ပြီး ၄င်းတို႔အကြံပေးချက်တွေဟာ မြန်မာ့အသင်း ရဲ့မူ ၊ နည်း စနစ် ဆိုင်ရာတွေကို ကြည့်ပြီး နည်းစနစ်ဆိုင်ရာဌာနမှာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ႔မှနည်းစနစ်ဒါရိုက်တာ အဲရစ်အာဗာရန်က ပြောကြားခဲ့သည်။

 မြန်မာ့လက်ရွေးစင်နည်းပြရာထူး အတွက် ဖေဖော်ဝါရီလအတွင်း အပြီးသတ်ခန့်အပ်နိုင်ရန် ဆောင်ရွက် သွားဖြစ်ပြီး လာရောက်လျှောက်ထားသည့် နည်းပြများတွင် ဥရောပ ၊တောင်အမေရိကနှင့် နိုင်ငံပေါင်းစုံမှ နည်းပြများ ပါဝင်ကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly