ရဝမ်ဒါတွင် ကမ္ဘာ့ပထမဆုံး ဒရုန်းယာဉ်လေဆိပ် တည်ဆောက်ဖွယ်ရှိ

ရဝမ်ဒါတွင် ကမ္ဘာ့ပထမဆုံး ဒရုန်းယာဉ်လေဆိပ် တည်ဆောက်ဖွယ်ရှိ

ကီဂါလီ၊ ရဝမ်ဒါ၊ စက်တင်ဘာ - ၃၀ ။       ။ အရေးပေါ်ဆေးဝါးများကို သယ်ဆောင်လာသည့် လူမဲ့ဒရုန်းယာဉ်များမှာ ရဝမ်ဒါတောင်တန်းများပေါ်တွင် ဝဲပျံနေသည်ဆိုလျှင် စိတ်ကူူးယဉ် သိပ္ပံဝတ္ထုတစ်ပုဒ်နှင့် တူနေပါလိမ့်မည်။

သို့ရာတွင် ဗြိတိသျှဗိသုကာအကျော် နော်မန် ဖော်စတာ၏ အဆိုပြုချက်အပါအဝင် အဆိုပြုချက်အတော်များများက ဝေးခေါင်သောဒေသများသို့ ထုနှင့်ထည်နှင့် အရေးပေါ်အထောက်အပံ့များ ပေးပို့နိုင်စွမ်း သည့် ကုန်တင်ဒရုန်းယာဉ်လမ်းကြောင်းတစ်ခုကို ထူထောင်ရန် စီစဉ်နေကြရာ အရှေ့အာဖရိကနိုင်ငံ ရဝမ်ဒါကို စမ်းသပ်နေရာတစ်ခုအဖြစ် ရွေးချယ်ခဲ့ကြသည်။

''အထူးပြုဒရုန်းယာဉ်တွေက အရေးကြီးတဲ့ ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းတွေကို ကီလိုမီတာ ၁၀၀(မိုင်၆၀)လောက် အကွာအဝေးအထိ ကုန်ကျစရိတ်အနည်းဆုံးနဲ့ သယ်ဆောင်သွားနိုင်လို့ ကုန်းကြောင်းထောက်ပို့မှုကို ပိုပြီးပြည့်စုံသွားစေနိုင်တဲ့ နည်းတစ်ခုပါ''ဟု အဆိုပြုချက်တွင် ရေးသားထားသည်။   

၁၉၉၄ ခုနှစ်က မျိုးဖြုတ်လူသတ်ပွဲများပြီးနောက် အပျက်အစီးပုံကြီးအဖြစ် ကျန်ရစ်ခဲ့သည့် ရဝမ်ဒါမှာ အစိုးရက နည်းပညာကဏ္ဍကို မြှင့်တင်ရန် တွန်းအားပေးမှုနှင့်အတူ အလျင်အမြန် ပြည်လည် ထူထောင်နေခဲ့ပြီး သြဇာကြီးမားသည့် အုပ်စိုးသူ သမ္မတ ပေါ ကာဂိမ်းက မြို့တော် ကီဂါလီကို ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံစုံကုမ္ပဏီများအတွက် ဒေသတွင်းဗဟိုဌာနတစ်ခုအဖြစ် ပြောင်းလဲရန် စိတ်ကူးနေသည်။

ကုန်းတွင်းပိတ်နိုင်ငံတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်များ တွင်ကျယ်လာစေရန် အစိုးရက တွန်းအားပေးနေသော်လည်း တောင်ကုန်းတစ်ထောင်နဲ့မြေဟု ခေါ်တွင်ရလောက်အောင် တောင်ထူထပ်သည့် ပထဝီအနေအထားကြောင့် အချို့ဝေးခေါင်သော ဒေသများနှင့် ရုပ်ပိုင်းဆက်သွယ်ရန်မှာ စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။

ဗိသုကာကုမ္ပဏီ Foster+Partners ၊ လူစိန်းရှိ ဆွစ်ဖက်ဒရယ်နည်းပညာသိပ္ပံတို့၏ အဆိုပြုချက်အရ တောင်ပံအလျား ၃မီတာ(၁၀ပေ)နှင့် ၁၀ကီလိုဂရမ် (၂၂ပေါင်) အလေးချိန်ကို သယ်ဆောင်နိုင်သည့် ကုန်တင်ဒရုန်းမြေများကို ရဝမ်ဒါမြေပေါ်တွင် မြင်ကြရဖို့ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly