NLD ပါတီမှ အထုတ်ခံရသော ဧရာဝတီလွှတ်တော်ဒုဥက္ကဋ္ဌကိစ္စအတွက် လွှတ်တော်သို့ အကြောင်းကြားလာခြင်း မရှိသေး

NLD ပါတီမှ အထုတ်ခံရသော ဧရာဝတီလွှတ်တော်ဒုဥက္ကဋ္ဌကိစ္စအတွက် လွှတ်တော်သို့ အကြောင်းကြားလာခြင်း မရှိသေး

ပုသိမ်၊ ဇန်နဝါရီ ၁၇ ။           ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌကိစ္စအတွက် တိုင်းလွှတ်တော်သို႔ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က ဇန်နဝါရီလ၁ရရက်နေ႔ တွင်ပြောသည်။

ငွေကျပ် သိန်း ၁၅၈၀ ဖြင့် တိုင်းလွှတ်တော်အတွက် ကား ၅ စီးဝယ်ယူရာတွင် ကိုယ်ကျိုးစီးပွား ပါဝင်သည် ဟူသော တိုင်ကြားချက်ကြောင့် NLD ပါတီမှ ထုတ်ပယ်လိုက်သည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်အား လိုအပ်သည့် အရေးယူမှုများ ဆက်လက် ပြုလုပ်ရန် ဆောင်ရွက်နေကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္စျိမသို့ အတည်ပြုပြောဆိုထားသည်။

“တရားဝင်ဒီနေ့အထိဘာမှမရောက်သေးပါဘူး၊ကျွန်တော် ပထမသိထားသလောက် သက်ဆိုင်ရာမြို့နယ် ဘိုကလေးမြို့နယ်၊ပုသိမ်မြို့နယ် အဲဒီတွေကိုပဲသွားမယ်။ တိုင်းပါတီရုံးကိုသွားမယ် ။ ပါတီရဲ့ ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို႔ လွှတ်တော်ကို ဒီနေ့အထိတရားဝင်ဘာမှမလာသေးပါဘူး”ဟု ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က မဇ္စျိမသို႔ ပြောသည်။

ဇန်နဝါရီလ ၁၉ရက်နှင့် ၂ဝရက်နေ႔များတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်နှင့်ပါတီတွေ႕ဆုံပွဲတွင် တိုးတက်မှုပေါ်လာနိုင်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌက ဆက်ပြောသည်။

“ကျွန်တော်တို့က တရားဝင်ဆောင်ရွက်တဲ့ကိစ္စမရှိခဲ့ဘူးလေ။ လွှတ်တော်က ဦးဆောင်ပြီး ဒါမှမဟုတ် လွှတ်တော်ဥက္ကဋ္ဌကတာဝန်ခံပြီး လုပ်ဆောင်ချက်က မရှိခဲ့ဘူး။ သီးခြားပါတီကခေါ်ပြီးတော့ တစ်ဦးချင်း စစ်ဆေးတာ အတည်ပြုလိုမရဘူး။ ဖြစ်စဉ်ကသေချာနေပါတယ်။ တရားဝင်ပြောလိုမရသေးတာ။ မကြာပါဘူး ဒီရက်ပိုင်းအတွင်းမှာ တစ်ပတ်အတွင်းမှာ နောက်ထပ် တဆင့်တော့ ဆင့်နိုင်တယ်လိုထင်ပါတယ်”ဟု ဦးအောင်ကျော်ခိုင်က ပြောသည်။

ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၅ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ႔တွင် ဒုဥက္ကဋ္ဌဦးစံမင်းအောင်သည် လွှတ်တော်သို ့ခွင့်တိုင်ကြားပြီး လွှတ်တော်သို႔ လာရောက်ခြင်းမရှိခဲ့ပေ။

“ဝယ်ယူရမယ့်ကား၅စီးကိုလည်း လွှတ်တော်ကို သက်သာဆုံးစျေးနှုန်းတွေနဲ႔ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့အဖွဲ႕နဲ႔ အားလုံးသဘောဆန္ဒနဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။ တိုင်ကြားတဲ့သူရှိရင် ကျွန်တော်ဘက်က ဖြေရှင်းရမယ့် တာဝန်ရှိပါတယ်” ဟု ဦးစံမင်းအောင်က မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ဖူးသည်။

၂၀၁၇-၁၈ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သိန်း၁၅၈ဝဖြင့် လွှတ်တော်ကားဝယ်ယူမှုအတွက် ပြည်သူတစ်ဦးမှ တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဦးစံမင်းအောင်ကို NLDပါတီသို ့တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊တိုင်ကြားမှုအား စစ်ဆေးပြီး နောက် ပါတီမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required