တရုတ်က ဂျပန်နိုင်ငံသားနှစ်ယောက်ကို သူလျှိုလုပ်မှုစွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းထား

တရုတ်က ဂျပန်နိုင်ငံသားနှစ်ယောက်ကို သူလျှိုလုပ်မှုစွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းထား

တိုကျို၊ စက်တင်ဘာ - ၃၀ ။        ။ စက်တင်ဘာ ၃၀ရက်နေ့တွင် သတင်းစာတစ်စောင်၏ ပြောကြားချက်အရ ဂျပန်နိုင်ငံသားနှစ်ယောက်ကို သူလျှိုလုပ်မှုဖြင့် တရုတ်နိုင်ငံက ထိန်းသိမ်းလိုက်ရာ တိုကျိုက တရုတ် (သို့မဟုတ်) မည်သည့်နိုင်ငံကိုမျှ သူလျိုလုပ်ထောက်လှမ်းခြင်းမရှိခဲ့ကြောင်း ငြင်းဆန်ခဲ့သည်။

အဆာဟိသတင်းစာ၏ ပြောကြားချက်အရ ပုဂ္ဂလိကကဏ္ဍမှ အမျိုးသားနှစ်ယောက်ကို လပေါင်းအတော်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်ဟု ဆိုသည်။ တစ်ယောက်ကို တရုတ်နိုင်ငံ၏ အရှေ့မြောက်ပိုင်း မြောက်ကိုရီးယားနှင့် နယ်စပ်အနီးရှိ လျောင်နင်းပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး၊ နောက်တစ်ယောက်ကိုမူ အရှေ့ပိုင်း ကျီကျန်းပြည်နယ်အတွင်း စစ်တပ်ဌာနတစ်ခုအနီးတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားနှစ်ယောက်မှာ ဂျပန်အစိုးရ၏ ညွှန်ကြားချက်များအတိုင်း လှုပ်ရှားနေခြင်း ဟုတ်မဟုတ်ကို တရုတ်က စုံစမ်းစစ်ဆေးနေပုံးပေါ်သည်ဟုလည်း သတင်းစာက ထပ်လောင်း ပြောကြားခဲ့သည်။

''သတင်းတွေကို သိနေပါတယ်။ဒါပေမယ့် ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မှတ်ချက်မပေးလိုပါဘူး''ဟု အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟိုက်ဆူဂါက ပုံမှန်သတင်းစာရှင်းလင်းပွဲ တွင်ပြောကြား ခဲ့သည်။

''ပြည်ပရောက် ကျနော်တို့နိုင်ငံသားတွေရဲ့ လုံခြုံဘေးကင်းရေးနဲ့ပတ်သက်လို့ လုပ်လို့ရတာမှန်သမျှ လုပ်သွားမှာပါ''ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

တရုတ်ကို သူလျှိုလုပ်ထောက်လှမ်းခဲ့သလားဟု မေးမြန်းသည့်အခါတွင်မူ ဆူဂါက ဖြစ်ရပ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာမှတ်ချက်မပေးလိုကြောင်း ငြင်းဆန်သွားခဲ့သော်လည်း ''ကျနော်တို့နိုင်ငံက ဒီလိုအလုပ်မျိုးတွေ မလုပ်ပါဘူး။ တခြားနိုင်ငံအားလုံးနဲ့ ပတ်သက်လို့လည်း ဒီမူကိုပဲ ကျင့်သုံးပါတယ်''ဟု ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က အမျိုးသားလုံခြုံရေးကော်မရှင်ထူထောင်ခြင်းနှင့် ၁၉၉၃ခုနှစ်တွင် သက်ဝင်လာခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေကို သူလျှိုတိုက်ဖျက်ရေးဥပဒေဟု အမည်ပေးခြင်းအပါအဝင် တင်းကျပ်ပြီးသား လုံခြုံရေးဥပဒေများကိုပင် ပိုမိုတင်းကျပ်စေခဲ့သည်။

၂၀၁၀ခုနှစ်ကလည်း စစ်တပ်ဇုန်ထဲဝင်ရောက်ပြီး ခွင့်ပြုချက်မရယူဘဲ ဓာတ်ပုံရိုက်ခဲ့သည်ဟူသော သံသယဖြင့် ဂျပန်နိုင်ငံသား ၄ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တိုကျိုနှင့် တောင်ကြီးကြား တင်းမာမှုများ မြင့်မားလာချိန်တွင် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းမှုများ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် အတောအတွင်းတွင် တရုတ်၏ အစိတ်အပိုင်းများကို ဂျပန်၏ ကျူးကျော်ခဲ့မှုက အရိပ်မိုးနေသည့် တရုတ်-ဂျပန်ဆက်ဆံရေးမှာ ပြီးခဲ့သည့် နိုဝင်ဘာလက ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ရှီတို့ နှစ်ကြိမ်တွေ့ဆုံအပြီးတွင် အတန်ငယ် နွေးထွေးလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly