ရေအောက်က ကုန်းထလာခဲ့ရတဲ့မြို့ကလေး (သို့) စေတုတ္ထရာ ရေဘေးသင့် ဓာတ်ပုံပြပွဲ

ရေအောက်က ကုန်းထလာခဲ့ရတဲ့မြို့ကလေး (သို့) စေတုတ္ထရာ ရေဘေးသင့် ဓာတ်ပုံပြပွဲ

ရန်ကုန်၊ စက်တင်ဘာ ၃၀ ။          ။ ဦးငြိမ်းေ၀ (ကဗျာ့အိုးဝေ) ၏ စေတုတ္တရာ ပြန်လည် ထူထောင်ရေးအတွက် ရေအောက်က ကုန်းထလာခဲ့ရတဲ့မြို့ကလေး (သ့ို) စေတုတ္ထရာ ရေဘေးသင့် ဓာတ်ပုံပြပွဲနှင့် သဘာဝ ဓာတ်ပုံများ ရောင်းချပွဲကို စက်တင် ဘာ ၂၇ရက် မှ စက်တင်ဘာ ၃၀ရက် အထိ ဒဂုံမြို့နယ် နဝဒေးလမ်းရှိ Think Art Galleryတွင် ကျင်းပလျက်ရှိသည်။

ဓာတ်ပုံပြပွဲ စတင် ဖွင့်ပွဲသည့်နေ့တွင် ဖိတ်ကြားထားသည့် ဧည့်သည်များ လာရောက် ကြည့်ရှုကြသူများ နှင့် စည်းကားခဲ့သလို စာရေးဆရာ မြတ်သျှိုင်းသွင်က စေတုတ္တရာမြို့ သမိုင်းကြောင်းနှင့် ရေမနစ်မြုပ်မီ မြို့အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးငြိမ်းဝေ (ကဗျာ့အိုးဝေ)က ရေနစ်မြုပ်နေစဉ် စေတုတ္တရာမြို့ အခြေအနေ များနှင့် ယခု အချိန်ထိ လှုပ်ရှား နေရဆဲ မြို့လေး၏ အြခေအနေ များနှင့် ဆရာ ကိုယ်တိုင် ရေသား ထားသည့် စေတုတ္တရာမြို့ ကဗျာများကို ဖတ်ကြားတင်ပြ ခဲ့သည်။

မကွေးတိုင်း စေတုတ္ထရာမြို့ နှင့် မြို့နယ် အတွင်းက ကျေးရွာများစွာသည် သြဂုတ်လ ၂၉ရက်မှ စတင်ပြီး မုန်းချောင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် ဒေသကြီး ဖြစ်ခဲ့သည်။ စေတုတ္ထရာမြို့သည် မုန်းချောင်း ရေလှောင်တမံ နှင့် ကြီးအုံကြီးဝ ရေလှောင်တမံကြီး နှစ်ခုကြားတွင် တည်ရှိသည့် မြို့ကလေး ဖြစ်သည်။

စေတုတ္ထရာမြို့၏ ၇၅ ရာခိုင်နှုန်း မြေအကျယ်အဝန်း နှင့် ကျေးရွာ နှစ်ဆယ်ကျော် ရေလွှမ်းမိုးခံခဲ့ရကာ ရေဘေးသင့်ဒဏ် ခံစားခဲ့ရသည်။ ခြင်ပြစ်ကိုင်းရွာ၊ ပွင့်တောက်ရွာ နှင့် ငလဲ ကျေးရွာတို့သည် ရွာလုံးကျွတ် ပျက်စီးခဲ့ရပြီး နဂိုကျေးရွာနေရာများတွင် ပြန်လည် နေထိုင်ရန် မဖြစ်နိုင်လောက်သည့် အခြေအနေများ ဆိုးရွားခဲ့သည်။

လူနေအိမ်များစွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရာစေတီများ နှင့် စာသင်ကျောင်းများ ရေမြုပ်ခံရ ပျက်စီးခဲ့ရသည်။ အဆိုပါ အခြေအနေ အရပ်ရပ်ကို အမှန်အတိုင်း တင်ပြခြင်းဖြင့် ရေဘေးသင့်ဒေသ ပြည်သူ သားချင်းများ အပေါ် တစ်မျိုးသားလုံး ကိုယ်ချင်းစာနာစိတ်၊ ကူညီ ရိုင်းပင်းလိုစိတ်များ ဖြစ်ပေါ် လာစေရေး အတွက် ရည်ရွယ်ပြီး ထိုဓာတ်ပုံပြပွဲကို ကျင်းပရခြင်း ဖြစ်သည်ဟု ဦးငြိမ်းဝေ (ကဗျာ့အိုးဝေ) ကပြော သည်။

ထိုဓာတ်ပုံပြပွဲတွင် မှတ်တမ်း ဓါတ်ပုံ ၄၀၀ ကျော် ခင်းကျင်း ပြသထားပြီး ရံပုံငွေ ရရှိရန် အတွက် ဓာတ်ပုံ ပုံ ၅၀ကို ရောင်းချရန် တင်ပြ ထားသည်။ ပြပွဲမှ ရရှိသည့် ငွေများထဲမှ ဓာတ်ပုံပြပွဲအတွက် ကုန်ကျစရိတ်ကို နုတ်ပြီး ကျန်ရှိငွေအားလုံးကို စေတုတ္ထရာမြို့ ပြန်လည် ထူထောင်ရေး အတွက် လှူဒါန်းသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly