တစ်ပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ဝခု ကိုခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃၀၉သန်းကျော်အထိ ရှိလာ

တစ်ပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ဝခု ကိုခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃၀၉သန်းကျော်အထိ ရှိလာ

ဇန်နဝါရီ ၁၆ ။             ။ ၂၀၁၉ခုနှစ်တွင် တစ်ပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ဝခုကိုခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၀၉သန်းကျော်အထိရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကပြောသည်။

 "မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့၂၀၁၉ခုနှစ်အတွက် ပထမဆုံးအစည်းအဝေးဖြစ်တဲ့ အစည်းအဝေးအမှတ် စဉ် (၁/၂၀၁၉)ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ကကျင်းပခဲ့ပါတယ်။ ကျင်းပတဲ့အစည်းအဝေးမှာ MICအနေနဲ့ ခွင့်ပြုတာ ရော နောက်တစ်ခုက ဒီတစ်ပတ်အတွင်းမှာ တိုင်းဒေသကြီး၊ ပြည်နယ်တွေရင်းနှီးမြှပ်နှံမှုကော်မတီများရဲ့ ခွင့်ပြု တာရော စုစုပေါင်းလိုက်မယ်ဆိုရင် အဆိုပြုတဲ့ လုပ်ငန်း ရခုနဲ့ အတည်ပြုတဲ့လုပ်ငန်းက ၃၃ခုခွင့်ပြုပေးခဲ့ပါ တယ်" ဟု ဦးအောင်နိုင်ဦး ကပြောသည်။

 မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်း ရခု၊ အတည်ပြုလုပ်ငန်း ၂ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်း နှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၂၆ခု၊ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ် ငန်း ၁ခု၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၁ခု၊ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၁ခုနှင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အ တည်ပြုလုပ်ငန်း ၂ခု၊ စုစုပေါင်း လုပ်ငန်း ၄ဝခုကိုခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၀၉.၆၆၆ သန်းကို ခွင့်ပြုအတည်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 ခွင့်ပြုခဲ့သည့် လုပ်ငန်းပေါင်း ၄ဝတွင် စက်မှုကဏ္ဍမှ အများဆုံး ၃၅ခု ပါဝင်ကာ မွေးမြူရေးနှင့် ရေးလုပ်ငန်းကဏ္ဍ မှ ၁ခု၊ လျှပ်စစ်ကဏ္ဍမှ ၁ခု၊ အိမ်ယာအဆောက်အဦး တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍမှ ၁ခုနှင့် အခြားဝန်ဆောင်မှု ကဏ္ဍမှ ၂ခုတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ရက်မှဇန်နဝါရီ ၁၁ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇၈ ခုကို ခွင့်ပြုအတည်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၉ရဝကျော်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်သည်။

 အထူးစီးပွားရေးဇုန် ဥပဒေအရ အောက်တိုဘာ၁ရက်မှ ဇန်နဝါရီ ၁၁ရက်အထိ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်နှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈၉.၄ရသန်းရှိသည်။ ထို့ကြောင့် ဇန်နဝါရီလ ၁၁ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၃၁.၃၈၁ သန်းရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁ရက်မှ ဇန်နဝါရီ ၁၁ရက် ကာလတူနှိုင်းယှဉ်လျှင် ယမန်နှစ်ကထက် အမေရိကန်ဒေါ် လာ ၆၅၉သန်း ပိုမိုဝင်ရောက်လာကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required