နီပေါနိုင်ငံမှာ နွားရိုင်းတိုက်ပွဲ ကျင်းပ

နီပေါနိုင်ငံမှာ နွားရိုင်းတိုက်ပွဲ ကျင်းပ

ဇန်နဝါရီ ၁၆ ။           ။ နှစ်စဉ် ကျင်းပနေကျ နွားရိုင်းတိုက်ပွဲတစ်ခုကိုတော့ နီပေါနိုင်ငံမှာ ယခုနှစ်မှာလည်း အစဉ်အလာ မပျက် ကျင်းပခဲ့ပါတယ်။

နီပေါနိုင်ငံ နူဝါကော့ ခရိုင်ထဲမှာ ပါတဲ့ တာရူကာ ရွာလေးကိုတော့ နှစ်စဉ်နှစ်တိုင်း ဧည့်ပရိသတ်ပေါင်း ထောင်ချီ လာရောက်ပြီး အဆိုပါ နွားရိုင်းတိုက်ပွဲကို လာရောက်ကြည့်ရှုကြပါတယ်။

ဟိန္ဒူပြက္ခဒိန်အရ ဆောင်းကာလ ကုန်ဆုံးခြင်း အထိမ်းအမှတ် Maghesangranti ပွဲတော်အတွင်း ယင်း နွားရိုင်း တိုက်ပွဲကို ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။

တာရူကာ ရွာလေးက ကျင်းပနေကျ နွားရိုင်းတိုက်ပွဲကတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပိုမိုလူသိများ ကျော်ကြားလာခဲ့ပါတယ်။ ဒေသတွင်းမှာသာမက ဒေသအပြင်ဘက်က လူတွေရော၊ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေပါ ယင်း ပွဲတော်ကို လာရောက်ကြည့်ရှုနေကြပြီ ဖြစ်ကြောင်း သိရပါတယ်။

ပွဲစီစဉ်သူတွေ အဆိုအရ ယခုနှစ် ပွဲမှာ နွား တွဲဆိုင်းပေါင်း ၂၃ ဆိုင်းအထိ ထည့်သွင်းကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly