ရခိုင်ပြည်နယ် အလှအပများနှင့် ပုံရိပ်မြှင့်တင်ရန် ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူး ပုံဖော်မည်

ရခိုင်ပြည်နယ် အလှအပများနှင့် ပုံရိပ်မြှင့်တင်ရန် ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူး ပုံဖော်မည်

ဇန်နဝါရီ ၁၅ ။              ။ ရခိုင်ဒေသရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး၊ ပုံရိပ်မြှင့်တင်နိုင်ရေးနှင့် သဘာဝအလှအပများကို ဖော်ထုတ်ရန် ရည်ရွယ်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင် နှင့်  ဇာတ်ကားရိုက်ကူးသွားမည်ဟု သိရသည်။

ဒါရိုက်တာ အဖြစ် စင်ရော်မောင်မောင်၊ ဇာတ်ညွှန်း မင်းခိုက်စိုးစန်တို့ ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင် အစည်းအရုံးတို့ ပူးပေါင်းပါဝင်ကြောင်း ဇန်နဝါရီလ ၁၅ ရက်က ပြန်ကြားရေးနှင့်ပုံနှိပ်ထုတ်ဝေရေးတွင် ပြုလုပ် သော Rakhine State Image Building ဆွေးနွေးပွဲတွင် ကနဦး သိရသည်။

“ ရုပ်ရှင်ရိုက်ဖို့ မတိုင်ခင်မှာ ရုပ်ရှင်အစည်းအရုံး နာယကကြီးတွေနဲ့ ဟိုနေ့ကတော့ မြန်မာ့အသံမှာ အစည်း အဝေး လုပ်တယ်။ သူတို့ရဲ့ အကြံပြုချက်တွေရယ်၊ အကယ်ဒမီရထားတဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ တွဲဖက် အတွင်းရေးမှူး ဦးဇော်မျိုးဦးတို့အထိပေါ့။ သူတို့အကုန်လုံးက မန်ရှင်းပေးတဲ့သူကိုပဲ ကျွန်တော်တို့က တာဝန်ပေးလိုက်တာပါ” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်း( ပြန်ကြားရေးဝန်ကြီးဌာန)က ပြောသည်။

လက်ရှိတွင်  ပြန်ကြားရေးဝန်ကြီးဌာန၏ ချိတ်ဆက်မှုဖြင့်  ရိုက်ကူးမည့် ဇာတ်အိမ်ကို ရေးသားနေကြောင်း သိရသည်။

“ ရုပ်ရှင်ဖက်ကလည်း ဒီလိုမျိုး လုပ်ဖို့ရှိပါတယ်။ ကျန်တဲ့ ဒိုကူမန်ထရီကလည်း ဝန်ကြီးရဲ့ လမ်းညွှန်ချက်အတိုင်း ဘယ်နေရာတွေ ရိုက်ရမယ်။ ဝန်ကြီးကိုယ်တိုင်ကလည်း ရခိုင်တိုင်းရင်းသားဆိုတော့လေ။ ဘယ်နေရာတွေ ရိုက်ရမယ်ဆိုပြီး အကုန်လုံး အကြံဉာဏ်ပေးတယ်။ ရိုက်ကူးမဲ့ ဒါရိုက်တာတွေ ကိုယ်တိုင်လည်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ချိတ်ဆက်ပေးမှုဖြင့် ရိုက်ကူးတဲ့ဇာတ်အိမ်ကိုရေးတာ။ အဲဒီတော့ စိတ်တိုင်းကျရပါစေမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ ရုပ်ရှင် ရိုက်ကူးမည့်အပြင် ရခိုင်ပြည်နယ်၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန်  Rakhine State Investment Fair 2019 ကို ဖေဖော်ဝါရီ ၂၁ မှ ၂၃ ရက်အထိ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ငပလီကမ်းခြေတွင် ကျင်းပရန် ရှိနေပြီး My Beautiful Rakhine Photo Contest ကိုပါ ပူးတွဲ ပြုလုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly