ဆီးရီးယားကနေ အမြန်ဆုံးထွက်သွားဖို့ အီရန်ကို နေတန်ယာဟု သတိပေး

ဆီးရီးယားကနေ အမြန်ဆုံးထွက်သွားဖို့ အီရန်ကို နေတန်ယာဟု သတိပေး

ဂျေရုဆလင်၊ ဇန်နဝါရီ ၁၅ ။             ။ အီရန်နိုင်ငံအနေနဲ့ အိမ်နီးချင်း ဆီးရီးယားနိုင်ငံကနေ တပ်တွေကို အမြန်ဆုံး ပြန်လည်ရုပ်သိမ်းသင့်ပြီး ဒါမှမဟုတ်ရင် အစ္စရေးရဲ့ တိုက်ခိုက်တာကို ဆက်လက်ရင်ဆိုင်သွားရလိမ့်မယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

 “မနေ့က ကျွန်တော် ကြားတယ်။ အီရန်ဟာ ဆီးရီးယားမှာ တပ်မရှိဘူး။ အကြံပဲ ပေးနေတာလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦး ပြောဆိုတာကို ကြားရတယ်။”လို့ အစ္စရေးလက်နက်ကိုင်တပ်ဖွဲ့များ အကြီးအကဲသစ်ကို ခန့်အပ်တဲ့ အခမ်းအနားမှာ နေတန်ယာဟုက ပြောပါတယ်။

 “ဒါကြောင့် ကျွန်တော်တို့ သူတို့ကို အကြံပေးချင်တယ်။ အဲဒီက အမြန်ဆုံး ထွက်သွားပါလို့ အကြံပေးချင်တယ်။ ဘာကြောင့်လည်းဆိုတော့ တိုက်ခိုက်ရေး အင်အားသုံးတဲ့ ကျွန်တော်တို့ရဲ့ ပေါ်လစီကို ဆက်လက်လုပ်ဆောင်သွားမှာကြောင့်ပဲ ဖြစ်တယ်။ ကျွန်တော်တို့ ကတိပေးထားတဲ့အတိုင်း အကြောက်အရွံ့မရှိ၊ မဆုတ်မနစ်တမ်း ဆက်လက်တိုက်ခိုက်သွားမှာပဲ ဖြစ်တယ်။”လို့ နေတန်ယာဟုက ဆိုပါတယ်။

တနင်္ဂနွေနေ့က ရှားရှားပါးပါး လူထုထံ အတည်ပြုထုတ်ပြန်ချက်မှာလည်း နေတန်ယာဟုဟာ အီရန်ကို အစ္စရေးက တိုက်ခိုက်တဲ့အကြောင်းကို အတည်ပြု ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ဒမတ်စကပ်က အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရှိတဲ့ အီရန်လက်နက်တွေ ထားရှိတဲ့ အီရန်ကုန်လှောင်ရုံကို တိုက်ခိုက်ခဲ့ကြောင်း နေတန်ယာဟုက ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားမှာ ရှိနေတဲ့ အီရန်နဲ့ ဟဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေးဟာ အကြိမ်ရာပေါင်းများစွာ တိုက်ခိုက်ခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့ပါတယ်။

ရုရှနဲ့ ဟဇ်ဘိုလာတွေနဲ့အတူ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ကို ကျောထောက်နောက်ခံပြုပေးရင်း ဆီးရီးယားမှာ အဓိကရန်ဖက်ဖြစ်တဲ့ အီရန် စစ်ခြေကုပ်ယူမှာကို တားဆီးသွားမယ်လို့ အစ္စရေးက ပြောထားတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly