လူ တစ်ရာကျော် ဒဏ်ရာရတဲ့ ကဘူးလ်ဗုံးခွဲမှုအပြီး နောက်ထပ် ဗုံးခွဲမှုတွေ ထပ်လာမယ်လို့ တာလီဘန်တွေ သတိပေး

လူ တစ်ရာကျော် ဒဏ်ရာရတဲ့ ကဘူးလ်ဗုံးခွဲမှုအပြီး နောက်ထပ် ဗုံးခွဲမှုတွေ ထပ်လာမယ်လို့ တာလီဘန်တွေ သတိပေး

ကဘူးလ်၊ ဇန်နဝါရီ ၁၅ ။              ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှာ အပျက်အစီးကြီးပြီး လူလေးဦး သေဆုံးကာ တစ်ရာကျော်ထက်မနည်း ဒဏ်ရာရတဲ့ ထရပ်ကားဗုံးခွဲမှုကြီးကို ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ တာလီဘန်တွေက အင်္ဂါနေ့မှာ အတည်ပြုကြေညာလာပါတယ်။

တာလီဘန်တွေရဲ့ တင်းမာတဲ့ ထုတ်ပြန််ချက်မှာ ကဘူးလ်မြို့အနေနဲ့ နောက်ထပ်ဗုံးခွဲတိုက်ခိုက်မှုတွေကိုလည်း ထပ်ရင်ဆိုင်ရဦးမယ်လို့ သတိပေးပါတယ်။

ထောက်လှမ်းရေးခေါင်းဆောင်ဟောင်းနဲ့ တာလီဘန်ဆန့်ကျင်ရေးဝါဒီ အမ်ရုလက်ရှ်ဆာလက်ရှ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် မကြာသေးခင်က ခန့််အပ်လိုက်တာအပေါ် လက်တုံ့ပြန်ပြီး ခုလို ဖောက်ခွဲတိုက်ခိုက်တာဖြစ်ကြောင်း တာလီဘန်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေပိုင်းမှာ လုံခြုံရေးအခိုင်အမာ ချထားတဲ့ နိုင်ငံခြားသားရပ်ကွက်အနီးမှာ တာလီဘန်တွေဟာ ထရပ်ကားပေါ် ဖောက်ခွဲရေးပစ္စည်းတွေ တင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာ ၁၇ နှစ်ကြာ ပြည်တွင်းစစ်အဆုံးသတ်ရေး သံတမန်တွေ ကြိုးစားနေတဲ့အချိန်မှာ ဖြစ်ပွားလာတဲ့ ဗုံးခွဲတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

၂၀၁၈ မှာဆိုရင် အာဖဂန်က ပြည်တွင်းစစ်ဟာ ကမ္ဘာမှာ လူသေဆုံးမှုအများဆုံး ဖြစ်ခဲ့တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly