တရုတ်နိုင်ငံမှာ လိုအပ်ချက် မြင့်မားလာတဲ့ ဆံပင်ဖြူဖြူ အရွယ်လွန် မော်ဒယ်များ

တရုတ်နိုင်ငံမှာ လိုအပ်ချက် မြင့်မားလာတဲ့ ဆံပင်ဖြူဖြူ အရွယ်လွန် မော်ဒယ်များ

ပေကျင်း၊ ဇန်နဝါရီ ၁၅ ။              ။ အပွင့်ရိုက် အင်္ကျီကို ဝတ်ဆင်ပြီး ရွှေရောင်ဖျော့ဖျော့ဆံပင်နဲ့ တရုတ် အမျိုးသမီး မော်ဒယ် မာယင်ဟောင်းဟာ ရှန်ဟိုင်းက မော်ဒယ်ရှိုး catwalk လျှောက်ရာမှာ ဟန်ပါပါ မာန်ပါပါနဲ့ လျှောက်လှမ်းသွားပါတယ်။

သူရဲ့ အသက်ကတော့ ၅၆ နှစ်လောက် ဝန်းကျင်ရှိနေပုံရပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကဆို မာယင်ဟောင်းဟာ သူ့ရဲ့ မော်ဒယ်လုပ်တာအတွက် ဆွေးနွေးငြင်းခုံမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ဒီအသက်အရွယ်ရောက်ပေမယ့်လည်း Dolce & Gabbana လို ထိပ်တန်းဖက်ရှင်တံဆိပ်တွေအတွက် မော်ဒယ်လျှောက်ပေးနေရဆဲ ဖြစ်ပါတယ်။

မာယင်ဟောင်းဟာ တရုတ်နဲ့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေအတွက် မော်ဒယ်လုပ်ပေးကြရတဲ့ ကြီးထွားလာတဲ့ အသက်ကြီးပိုင်း မော်ဒယ်တွေက တစ်ဦးအပါအဝင်ပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဆံပင်ဖြူဖြူ ပင်စင်စားအရွယ်တွေ ကြီးထွားလာတာနဲ့အမျှ အသက်ကြီးပိုင်း မော်ဒယ်လုပ်ငန်းဟာလည်း လိုအပ်ချက်တစ်ခုအဖြစ် တည်ရှိလာပါတယ်။

ကိုယ့်အတွက်ကိုယ် သုံးနိုင်ဖြုန်းနိုင်တဲ့ တရုတ် အသက်ကြီးပိုင်း စျေးကွက်ကို မာယင်ဟောင်းက ပစ်မှတ်ထားပြီး မော်ဒယ်လုပ်နေတာလည်း ဖြစ်ပါတယ်။

“ဆင်ယင်မပြင်ဆင်ထားဘဲ ကျွန်မက ဘယ်တော့မှ အပြင်မထွက်ဘူး။ မိတ်ကပ်မလိမ်းပဲလည်း အပြင်မထွက်ဘူး။ ကိုယ်ကိုကို အသက်ရလို့ အိုလာတဲ့ပုံမျိုး ဘယ်တော့မှ အဖြစ်မခံဘူး။”လို့ ရှန်ဟိုင်းမှာ ကျင်းပတဲ့ လူငယ်မော်ဒယ်တွေ၊ နိုင်ငံခြားမော်ဒယ်တွေနဲ့ အသက်ကြီးပိုင်း မော်ဒယ်တွေပါ ပါဝင်ကြတဲ့ မော်ဒယ်ရှိုးတစ်ခုအပြီးမှာ မာယင်ဟောင်းက အေအက်ဖ်ပီကို ပြောပါတယ်။

အသက်အာမခံနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှု ကြီးထွားလာတာနဲ့အမျှ တရုတ်အသက်ကြီးပိုင်းမော်ဒယ်တွေဟာလည်း လိုအပ်ချက် ကြီးထွားလာခဲ့ပါတယ်။

၂၀၅၀ ခုနှစ်လောက်မှာဆိုရင် တရုတ်နိုင်ငံမှာ လူသုံးဦးမှာ တစ်ဦးနှုန်း၊ ဦးရေအားဖြင့် ၄၈၇ သန်းဟာ အသက် ၆၀ ကျော်တွေ ဖြစ်လိမ့်မှာ ဖြစ်ပြီး ဒါဟာ အမေရိကန်လူဦးရေထက်တောင် များပြားကြောင်း ရှင််ဟွာသတင်းက ဖော်ပြထားပါတယ်။

အသက်ကြီးပိုင်း ဦးရေ တိုးပွားလာတာနဲ့အတူ ဆံပင််ဖြူဖြူ အရွယ်လွန်မော်ဒယ်လုပ်ငန်းဟာလည်း ဆက်လက်တွင်ကျယ်သွားဖို့ ရှိနေပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly