မူးယစ်ဆေးဝါး ကုန်ကူးတယ် စွဲချက်နဲ့ ကနေဒါနိုင်ငံသားတစ်ဦးကို တရုတ်က သေဒဏ် ပေး

မူးယစ်ဆေးဝါး ကုန်ကူးတယ် စွဲချက်နဲ့ ကနေဒါနိုင်ငံသားတစ်ဦးကို တရုတ်က သေဒဏ် ပေး

ပေကျင်း၊ ဇန်နဝါရီ ၁၅ ။                   ။ တရုတ်တရားရုံးတစ်ရုံးဟာ ကနေဒါနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ တနင်္လာနေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

အရင်က ထောင်ဒဏ် ၁၅ နှစ် ချမှတ်ထားတာဟာ သက်ညှာလွန်းတယ်လို့ ယူဆပြီး ခုလို သေဒဏ် ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်းထရူဒိုက တရုတ်နိုင်ငံဟာ သေဒဏ်အပြစ်ဒဏ်ကို ထင်သလို သုံးစွဲနေတယ်လို့ ပြောဆိုလိုက်ပြီး နှစ်နိုင်ငံကြားရေး သံတမန်ဆက်ဆံရေး  အက်ကြောင်းလိုက်လာခဲ့ပါတယ်။

တရုတ်အရှေ့မြောက်ပိုင်းမြို့ တာ့လျန်းမှာ အသက် ၃၆ နှစ်ရှိ ကနေဒါနိုင်ငံသား ရောဘတ်လွိုက်ရှယ်လန်ဘတ်ချ်ကို မူးယစ်မှောင်ခိုမှုနဲ့ သေဒဏ်ပေးလိုက်တာ ဖြစ်ပါတယ်။

စီရင်ချက်ကို နားလည်သဘောပေါက်သလားလို့ တရားရုံးက မေးမြန်းရာမှာ ရောဘတ်က ခေါင်းညိတ်ပြပြီး နားလည်ကြောင်း ဖော်ပြပါတယ်။ ၎င်းမှာ အပြစ်မရှိဘူးလို့ ဆိုထားတဲ့ ရောဘတ်ရဲ့ အမှုကို တစ်နေ့လုံးပြန်လည်စစ်ဆေးကြားနာပြီးမှာ ခုလို သေဒဏ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ရောဘတ်အနေနဲ့ ပြစ်ဒဏ်ကို အထက်တရားရုံးမှာ အယူခံဝင်ခံ ရှိပါတယ်။

ပြီးခဲ့တဲ့လက ကနေဒါနိုင်ငံဟာ အမေရိကန် တောင်းဆိုချက်နဲ့ တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး ဟွာဝေးက ထိပ်တန်းအမှုဆောင်အရာရှိကို ဖမ်းဆီးခဲ့တာအတွက် တရုတ်နိုင်ငံဟာ အမျက်ထွက်ခဲ့ပါတယ်။

အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်တယ်ဆိုပြီး ဟွာဝေးတည်ထောင်သူသမီး ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်ကို ဗန်ကူးဗားမြို့မှာ ကနေဒါက ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံဟာ ကနေဒါ သံတမန်ဟောင်းတစ်ဦးနဲ့ စီးပွားရေးအကြံပေးတစ်ဦးတို့ကို အမျိုးသားလုံခြုံရေးအတွက် အန္တရာယ် ရှိရတယ်ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly