လေးလုံးရောဂါ အချစ်နဲ့ငါးပိ ရဲ့ တေးသံရှင် ကောင်းကောင်း နဲ့ တွေ့ဆုံခြင်း ၊ အပိုင်း (၂)

လေးလုံးရောဂါ အချစ်နဲ့ငါးပိ ရဲ့ တေးသံရှင် ကောင်းကောင်း နဲ့ တွေ့ဆုံခြင်း ၊ အပိုင်း (၂)

မင်္ဂလာပါ။  Rising Star ဆိုတဲ့အစီအစဉ်က  ဂီတလမ်းမကို လျှောက်လှမ်းနေကြတဲ့ ဂီတဝါသနာရှင် ဂီတအနုပညာရှင် အသစ်တွေကို ပရိသတ်နဲ့ တွေ့ဆုံပေးတဲ့ အစီအစဉ်တစ်ခုဆိုတာ ဦးစွာပြောပါရစေ ။     ခုတော့ တေးရေး၊ တေးဆို ကောင်းကောင်းရဲ့ ဂီတလမ်းမပေါ်က အမှတ်တရများအပိုင်း (၂) ကိုလည်း   ခံစားပေးကြပါခင်ဗျာ။

မေး။ ။  ဒီသီချင်းက အစ်ကို့အနေနဲ့ အစ်ကိုဆိုထားတယ် ပြီးတော့မှ မဂျူဝဲလ်နဲ့လည်း ပြန်ဆိုထားတယ်ဆိုတော့ နောက်ထပ် second idea  ကျတော့ ဘယ်လိုပုံစံနဲ့ ရတာလဲ ။

ဖြေ။ ။  ကျွန်တော်က ဒီသီချင်းရဲ့ ဇစ်မြစ်ကိုလည်း နည်းနည်းပြောချင်တယ်။ လွန်ခဲ့သော( ၈ ) နှစ်လောက်ထဲက ကိုစု။  အခုအမေရိကားမှာရှိတာ၊ ဂီတလုလင် မောင်ကိုကို ရဲ့ မြေး၊ သူရေးထားတာ ဆိုတော့ ဒီသီချင်းကို ရေးပြီးတဲ့အခါမှာ ကိုအယ်ဒီ ဆိုတာတစ်ယောက်ရှိတယ်၊ မေမြို့မှာ ။ ခင်ဖို့ကောင်းတယ် ၊ကိုအယ်ဒီက သူအရင်ဆိုထားတာဆိုတော့ ( ၆ ) နှစ်လောက်ရှိပြီဆိုတော့ ကျွန်တော်က အမေရိကားသွားတဲ့အခါမှာ ကိုစုနဲ့ သွားတွေ့တာ  ။  အစ်ကို့ရဲ့ သီချင်းလေးတစ်ပုဒ်ရှိတယ် ပြောတာပေါ့နော်၊ ဆိုထားတာလည်း ကြာပြီပေါ့။ ဆိုတော့ ကောင်းကောင်း နားထောင်ကြည့်ပါဆိုတော့ သူဆိုလိုက်တဲ့အခါမှာ ကျွန်တော်ချက်ချင်း ခိုက်သွားတယ်၊ စာသားကလည်း အရမ်းကောင်းတယ်ဆိုတော့ နားထောင်လိုက်တာနဲ့ မျက်ရည်တောင်ကျချင်တယ်။ အိုခေ Bro ကျွန်တော်ဆိုမယ် ဆိုပြီးတော့မှ ကျွန်တော် ဒီသီချင်းလေးဆိုဖြစ်တယ်။ ဆိုဖြစ်တဲ့အခါမှာလည်း ကျွန်တော်တစ်ယောက်တည်း ခုန  Music Video ကို ကျွန်တော်ပေးပြီးသွားတဲ့အခါမှာ အခြားအိုင်ဒီယာပေါ့နော် ကျွန်တော်တစ်ယောက်ထဲ မဟုတ်ဘဲနဲ့ ဒါကို မိန်းကလေးတစ်ယောက်နဲ့ စုံတွဲပုံစံဆိုရင် ကောင်းမယ်ဆိုတော့ ဂျူဝဲလ်ကလည်း Melody World မှာလည်း အတူတူပဲ၊ ကိုယ်တို့ထက်တော့ ဂျူနီယာကျတယ်ပေါ့နော်၊ ဆိုတဲ့အခါမှာ သူ့ကိုပြောလိုက်တေ့ာ နင်နဲ့ဆိုရင် ဆိုမယ်၊ ဆိုတော့ ကျွန်တော်တို့ဆိုလိုက်တယ်၊ ဆိုလိုက်တဲ့အခါမှာလည်း တစ်ပတ်အတွင်းမှာပဲ ပြီးသွားတယ် ။ လုံးဝတက်သွားတာဆိုတော့ ဒီသီချင်းနဲ့ပဲ တေးချစ်သူမှာလည်း ဆုရတယ် ၊ page မှာလည်း ကျွန်တော်ဆုရတယ်။ နောက်ပြီးတော့လည်း ကိုယ်တစ်ယောက်တည်းမအောင်မြင်ချင်ဘူး ။ ဒါ အမှန်အတိုင်းပြောတာ၊ ကိုယ့်ရဲ့ နောက်တက်လာမယ့် Generation ကိုလည်း ကိုယ်က ဆွဲခေါ်ချင်တယ် ဆိုတဲ့အခါမှာ ဒီသီချင်းကိုပဲ   ငါတို့ယောကျာ်းနဲ့ မိန်းကလေးဆိုတဲ့ Cover တို့ရှိတာပေါ့နော်။ နင်တို့ မိန်းကလေးအချင်းချင်း ပြန်ဆိုပါလား၊ သူတို့နှစ်ယောက်ပြန်ဆိုတာလည်း ပရိသတ်အားပေးမှုလည်း ရသွားတယ်ပေါ့နော်။ ဒီသီချင်းလေးက ပရိသတ်အကြိုက်သီချင်းတစ်ပုဒ်ကို ကိုယ့်လက်ထဲရောက်လာတယ်၊ ကိုယ့်ဖက်လည်း ပြန်ပြီးဖန်တီးပြီးမှ ပရိသတ်ကို ချပြခွင့်ရတဲ့ အတွက်လည်း အရမ်းပဲ ဝမ်းသာပီတိဖြစ်မိပါတယ်။

မေး။ ။ ဒီထဲမှာဆိုလို့ရှိရင် လက်ကျန်သီချင်းလေးတွေ အကြောင်းကိုလည်း အစ်ကိုကနေပြီးတော့ ပရိသတ်တွေကို ပြောပြပေးပါဦး။

ဖြေ။ ။ ဒီထဲမှာ ဆိုရင် တန်ဖိုးမဲ့ဖိနပ်တစ်ရံ ကကျတော့ ကျွန်တော် ပြီးတဲ့အခါမှာတော့ ထပ်ပြီးတော့မှ လွှင့်ပေးလိုက်တယ်၊ ဒီသီချင်းလေးလည်း အောင်ရဲလင်းနဲ့ ယမင်းမေဦးပေါ့နော် အတူသရုပ်ဆောင် ထားပေးတယ်၊ ကျွန်တော့်ရဲ့ မိတ်ဆွေ အရမ်းကောင်းပါတယ် ။ အခုအဲ့ဒီသီချင်း ပြီးတဲ့အခါမှာ အခြား ဆူးကြားပန်းတို့ ဘာတို့ပေါ့နော်၊ ဆူးကြားပန်း ရယ်၊ အချစ်နဲ့ငါးပိလည်း ကျွန်တော် ပရိသတ်ကို ပေးဖို့ရှိတယ် ၊ အခု Music Video အတွက် script  တို့ဘာတို့ ဆွဲနေပြီ ။ ဆိုတဲ့အခါမှာတော့ ပရိသတ်တွေအတွက်တော့ ကျွန်တော်အထူးတော့ ကြိုးစားထားတယ်ပေါ့။ ပရိသတ်တွေကလည်း ကျွန်တော့ကို အချို့ Idea တွေပေးချင်တယ်ဆိုလို့ရှိရင် ကျွန်တော့် Kaung Kaung Karen ဆိုတဲ့ Page မှာ အောက်မှာ အိုင်ဒီယာ လာပေးလို့ရပါတယ်။   သီချင်းလေးကို ဘယ်လို script လေးနဲ့ ရိုက်ရင် ကောင်းမလဲပေါ့နော်၊ ဘယ်လို အကြောင်းအရာနဲ့ ရိုက်ရင်ကောင်းမလဲပေါ့နော်။ ကျွန်တော့်ကို မောင်နှမလိုပဲ သဘောထားပြီးတော့မှ အကြံပေးလို့ရပါတယ်လို့ ပြောချင်တယ်။

မေး။ ။ ဒါကတော့ အစ်ကို့အနေနဲ့ ပရိသတ်တွေကို respect  ထားတဲ့သဘောပေါ့နော်၊ ဆိုတော့ အစ်ကိုဟာဆိုလို့ရှိရင် စတင်ပြီးတော့မှ ဒီအနုပညာလောကထဲကို ရောက်လာတဲ့အချိန်မှာထဲက အောင်မြင်မှုတွေ ရရှိထားတယ်၊ ပြီးတော့မှ ခဏလေး နားပြီးတော့ ပြန်လုပ်တဲ့အချိန်မှာလည်း ပထမဦးဆုံးအခွေနဲ့ပဲ ပြန်ပေါင်းသီချင်းနဲ့ပဲ အောင်မြင်တယ်၊ ပြန်အောင်မြင်တော့ အစ်ကို့အနေနဲ့ အောင်မှုတွေနဲ့ ဆက်တိုက်ပေါ့နော်။ ဆိုတော့ အခု ကိုယ်ပိုင် မိသားစုဘဝကိုလည်း တည်ထောင်ထားပြီဆိုတော့ ကိုယ်ပိုင်မိသားစုဘဝလေးရဲ့ အခြေအနေရော သိပါရစေဗျ။

ဖြေ။ ။ အရမ်းပျော်စရာကောင်းပါတယ်။ အစတုန်းကတော့ အဲဒီလောက်ထိ ပျော်စရာမကောင်းဘူးဗျ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေကျတော့ တစ်ချို့ယောကျာ်းလေးတွေက ကျွန်တော်အပါအဝင်ပေါ့၊ မိန်းမယူလိုက်မယ် ဆိုလို့ရှိရင် ကိုယ့်ရဲ့ လွတ်လပ်မှုတွေ ဆုံးရူံးသွားမလားပေါ့၊ အဲဒီလိုမျိုးတော့ တွေးမိတယ်။ ကိုယ့်ရဲ့ fan တွေကျသွားမှာတော့ ကျွန်တော်မစိုးရိမ်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို အားပေးတဲ့ ဖန်တော်တော်များများကတော့ ကျွန်တော့်ရဲ့ အနုပညာကို ချစ်လို့ အားပေးကြတယ်လေ၊   ဒါပေမယ့် ကျွန်တော်မိန်းမရသွားတယ်၊ ပြီးတော့ အခုသားတစ်ယောက် ဘုရားက လက်ဆောင်ပေးတယ်ပေါ့နော်၊ ဆိုတဲ့အခါမှာ မိသားစုဘဝက ပိုပြီးမှ အရမ်းပျော်စရာကောင်းလာတယ်၊ အရင်တုန်းကဆို ကျွန်တော် ရှိုးပွဲသွားတယ် ပြန်လာပြီ ဆိုလို့ရှိရင် မောကြီးပန်းကြီးနဲ့ ပြန်လာတယ်၊ အခု ရှိုးပွဲသွားပြီး ပြန်လာတယ် ၊ လမ်းမှာ ငါ့သားကို ငါတွေ့ရတော့မယ် ၊ ဆိုတဲ့ ပီတိစိတ်လေးပေါ့နော် ပိုပြီးတော့မှ ဖြစ်မိတယ်ဆိုတော့ အခု ကျွန်တော် မိသားစုနဲ့ ဖြစ်မှ ကျွန်တော့်ရဲ့ဘဝက ပိုပြီးတော့မှ ပြည့်စုံလာတယ်လို့ ကျွန်တော် ထင်မိပါတယ်။

မေး။ ။ ဒါဆိုလို့ရှိရင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရတယ်ပေါ့။   အစ်ကို့အနေနဲ့  ဒီအစီအစဉ်ကနေပြီးတော့မှ ပထမ Relationship နဲ့ ပတ်သက်ပြီးတော့မှ ဘာများပြောချင်သေးလဲ အစ်ကို။

ဖြေ။ ။ ပထမ Relationship နဲ့ ပတ်သက်ပြီးတော့  ထွေထွေထူးထူးတော့ မပြောချင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပတ်သက်ခဲ့တာကတော့ ပတ်သက်ခဲ့တာပေါ့နော် ဒါပေမယ့် နှစ်ယောက်စလုံးကတော့ ဖြူစင်ပါတယ်၊ ဖြူစင်ခြင်းနဲ့ ဖြူစင်ပြီးတော့မှ လမ်းခွဲသွားတယ် ဆိုတဲ့အခါမှာ နှစ်ယောက်စလုံး ခံစားရတာကတော့ အနဲနဲ့အများတော့ ခံစားရတာပေါ့နော်။ ဒါပေမယ့် ခံစားတာ သက်သာတယ်ပေါ့၊ ပြီးတော့ နောက်တစ်ခု ဘာပြောချင်လဲဆိုတော့ သူက တစ်ကယ်တော်တဲ့ လူတစ်ယောက်ပါ။ မိဘရဲ့ အရိပ်အာဝါသအောက်မှာ သူနေတယ်၊ မိဘစကားနားထောင်တဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် သူ့အတွက် ကျွန်တော်အမြဲတမ်း Comment ပေးတယ်ပေါ့နော်၊ တကယ်တော်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ဖူးစာမဆုံတာလည်း ဒါ ဘုရားအလိုတော်ပဲလို့ ပြောလို့ရပါတယ် ။ နောက်တစ်ခုကကျတော့ ဒီထဲမှာ ဆိုလို့ရှိရင် ကျွန်တော်တို့ Comment တွေအများကြီး ကျွန်တော့်ကို ပြောလာကြတာ တွေ့ရပါတယ် ။နှမချင်း ကိုယ်ချင်းမစာတာလား ပေါ့ ၊ အမျိုးမျိုးပေါ့နော်။ မှန်ပါတယ် ဒါ သူတို့ ရူထောင့်ကနေ ကြည့်ရင်လည်း မှန်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်ဖက်ကလည်း ကျွန်တော်ရူထောင့်ကနေ ကြည့်ရင်လည်း မှန်ပါတယ်။ ဘာလို့လဲဆို ကျွန်တော်ကတော့ ကျွန်တော့မိဘထက် စာလို့ရှိရင်တော့ ဘယ်အရာမှ ကျွန်တော် ဦးစားမပေးတာတော့ အမှန်ပဲ။ ဒါကတော့ ကောင်းကောင်းပဲ၊ ကျွန်တော့်မိဘကို ကျွန်တော်ချစ်လို့ အဲဒီလိုမျိုး လုပ်လိုက်ရတာလည်း ပါတယ်၊ ဆိုတော့ နှစ်ဦးနှစ်ဖက်နစ်နာမှုအပိုင်းကတော့ ရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ ဖြူစင်ခြင်းနဲ့ပဲ လမ်းခွဲသွားကြတဲ့အခါမှာတော့ ဘယ်သူ့ကိုမှတော့ ထိခိုက်နစ်နာမှုတော့ မရှိဘူးပေါ့နော် ။ ဆိုတော့ အခုလည်းပဲ အေးဆေးပဲ သူ့အနုပညာသူလုပ်၊ ကိုယ့်အနုပညာကိုယ်လုပ်၊ ပြီးတော့ ကြားထဲမှာတော့ ဒါကတော့ ဝင်နာပေးတဲ့ သူ့ပရိသတ် ကိုယ့်ပရိသတ်တွေတော့ရှိတာပေါ့နော်။ ဒါပေမယ့် သူတို့ကိုလည်း ပြောချင်ပါတယ်၊ စိတ်ထဲမထားပါနဲ့ ကျွန်တော်တို့ လူသားဖြစ်တဲ့အတွက် လူသားတွေက တစ်ခါတစ်လေ အားနဲတတ်တယ်လေ၊ ဘုရားမှ မဟုတ်တာ ကျွန်တော်တို့ လုပ်ချင်သလို မဖြစ်လာတာတို့ ဖြစ်ချင်သလို မဖြစ်လာတာ ဒါလူသားမို့လို့ပါ ၊ ဆိုတော့ ကျွန်တော်ကတော့ သူတို့ကိုလည်း ကျွန်တော်ကို လာပြီးတော့မှ ပြောတဲ့လူတွေကိုတော့ စိတ်မဆိုးပါဘူး၊ ဘာလို့လဲဆိုတော့ သမ္မာကျမ်းစာထဲမှာ ကိုယ့်နဲ့ဆက်ဆိုင်သောသူ ကိုယ်နဲ့အမျှချစ်ပါ ဆိုတော့ ကျွန်တော်ကတော့ အသွေးအသားရှိတဲ့လူသားတိုင်းကို ကျွန်တော်ကတော့ မောင်နှမလိုပဲ သဘောထားတဲ့အခါမှာ ကျွန်တော့်ကို အကြံပေးတယ်လို့ပဲ သဘောထားပါတယ်။ ရှေ့ဆက်ပြီးတော့မှလည်း ပရိသတ်တွေရဲ့ မျက်လုံးထဲမှာ ဆံပင်မွှေး မစူးအောင်ပေါ့နော်၊ ကျွန်တော်ကြိုးစားပြီးနေ နေပါတယ်၊ အထူးသဖြင့် ကျွန်တော့်ရဲ့ ဘုန်းတော်ထင်ရှားဖို့အတွက် ဘုရားရဲ့ဘုန်းတော်ထင်ရှားဖို့ ဖြစ်အောင်တော့ ကျွန်တော်ကြိုးစားပြီး နေ နေပါတယ် လို့ ပရိသတ်တွေကို ပြောချင်ပါတယ်။   ။

ဟုတ်ကဲ့ပါ၊ အစ်ကို့အနေနဲ့ ပေါ့နော် ကျွန်တော်တို့ Rising Star အစီအစဉ်ကို လာရောက်ပြီးတော့မှ အခုလို ပရိသတ်တွေနဲ့ တွေ့ဆုံခွင့်ပေးပြီးတော့မှ အစ်ကို့ရဲ့ သီချင်းတွေ အကြောင်းကိုလည်း ရင်ဖွင့်သွားတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်ကနေပြီးတော့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။  ။ (မဇ္စျိမ)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly