ချန်ပီယံလိဂ်ပွဲအများဆုံး ကစားသမားဖြစ်လာသည့် ပေါ်တိုဂိုးသမား ကာဆီးလက်စ်

ချန်ပီယံလိဂ်ပွဲအများဆုံး ကစားသမားဖြစ်လာသည့် ပေါ်တိုဂိုးသမား ကာဆီးလက်စ်

ပေါ်တူဂီ၊ သြဂုတ် ၃၀ ။           ။ ပေါ်တိုအသင်းက ချယ်လ်ဆီးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ပါဝင်ကစားခဲ့သည့် စပိန်လက်ရွေးစင်ဂိုးသမား ကာဆီးလက်စ်သည် ချန်ပီယံလိဂ်သမိုင်းတွင် ပွဲအများဆုံးကစားနိုင်သူ ဖြစ်လာခဲ့သည်။

ကာဆီးလက်စ်နှင့် ဘာစီလိုနာကစားသမားဟောင်း ဇာဗီတို့သည် ချန်ပီယံလိဂ်ပွဲစဉ်ပေါင်း ၁၅၁ ပွဲစီကစားထားကြပြီး ပွဲအများဆုံးကစားထားသူများအဖြစ်ရပ်တည်နေကြရာ ယခု ကာဆီးလက်စ်က ၁၅၂ ပွဲဖြင့် ပွဲအများဆုံးကစားသမား ဖြစ်လာခြင်း ဖြစ်သည်။

ယခုနှစ်ရာသီအစကမှ ပေါ်တိုသို့ ရီးယဲလ်မှ ပြောင်းရွှေ့သွားခဲ့သည့် ကာဆီးလက်စ်သည် အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်သော်လည်း ပေါ်တူဂီကလပ်တွင် အဓိက ပွဲထွက်ကစားသမားအဖြစ် ကစားလျက်ရှိသည်။

ကာဆီးလက်စ်သည် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိသည့်အတွက် ဝမ်းမြောက်လျက်ရှိပြီး ပေးခဲ့ရသည့် ချေပဂိုးတွင် ၎င်း၌အပြည့်အ၀ တာဝန်ရှိကြောင်း ဝန်ခံခဲ့သည်။ ထိုပွဲစဉ်တွင် ပေါ်တိုအတွက် အန်ဒရီနှင့် မိုင်ကွန်တို့က ဂိုးများသွင်းယူပေးခဲ့ကြပြီး ဝီလျံက ပြစ်ဒဏ်ဘောမှ တစ်ဆင့် ချယ်လ်ဆီးအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့သည်။

'ဝီလျံသွင်းခဲ့တဲ့ ဂိုးမှာ ဒီထက်ပိုပြီး ကျွန်တော်စွမ်းဆောင်နိုင်ခဲ့သင့်ပါတယ်။ ဒါပေမဲ့ အနေအထားက ဘောလုံးကို မြင်ရဖို့ အလွန်ခက်ပါတယ်။ ကျွန်တော်မှာ အပြည့်အဝတာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ အသင်းအနိုင်ရလို့ တကယ်ကို ကျေးဇူးတင်မိပါတယ်' ဟု ကာဆီးလက်စ်က ပြောသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly