ရန်ကုန်၏ လျှပ်စစ်လိုအပ်ချက် မေလလောက်တွင် စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင်ဟု ဝန်ကြီးချုပ်ဆို

ရန်ကုန်၏ လျှပ်စစ်လိုအပ်ချက် မေလလောက်တွင် စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင်ဟု ဝန်ကြီးချုပ်ဆို

ဇန်နဝါရီ ၁၄ ။                ။ ရန်ကုန်မြို့၏ လျှပ်စစ်လိုအပ်ချက်သည် လာမည့်နွေရာသီ မေလလောက်တွင် စိန်ခေါ်မှုများရင်ဆိုင်ရနိုင်သည့်အတွက် ဖြေရှင်းဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောသည်။

"အခုချိန်က နည်းနည်းအေးသေးတယ်။ နောက်ပိုင်းပူလာတာနဲ့အမျှ အဲကွန်းတွေ သုံးစွဲလာမယ်။ တစ်ဖက်က နေ တည်ဆောက်ရေးအသစ်တွေ ထပ်ပြီးလည်ပတ်မှုတွေရှိလာမယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ကျွန်တော် တို့ ဖိတ်ခေါ်သွင်းနေမှုတွေအားလုံးဟာ တစ်နှစ်ခွဲအတွင်း တည်ဆောက်ရေးလုပ်ငန်းတွေပြီးရမယ်လို့ ကျွန်တော် တို့က တွန်းအားပေးပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီတွန်းအားပေးဆောင်ရွက်တဲ့အတွက် လျှပ်စစ်ဟာမရှိမ ဖြစ်လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်ရဲ့လျှပ်စစ်လိုအပ်ချက်ဟာ လာမယ့်မေလလောက်မှာ တိုးပြီးလို အပ်လာနိုင်စရာ များစွာရှိနေပါတယ်။ ဒါကြောင့် ဒီအခြေအနေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက်လည်း ပြင်ဆင်ရမှာ ဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။

မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ထုတ်လုပ်မှုသည် မဂ္ဂါဝပ် ၃ဝဝဝသာရှိပြီး ရန်ကုန်တိုင်းသည် တစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှု၏ တစ်ဝက်ဖြစ်သည့်  ၁၅ဝဝမဂ္ဂါဝပ်ကို သုံးစွဲနေကြောင်း သိရသည်။ လျှပ်စစ်စျေးနှုန်း များသည် လက်ရှိအချိန်တွင် များများအသုံးပြုလျှင် များများရှုံးမည့်အခြေအနေကို နိုင်ငံတော်မှ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရသည်။ လျှပ်စစ်ထုတ်လုပ်သုံးစွဲနေရသည့် စရိတ်နှင့် နိုင်ငံတော်ဖက်မှ အရှုံးခံဝင်ရောက်လုပ် ဆောင်ပေးမှုများသည် ယခုအတိုင်း ဆက်သွားနေပါကရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြဿနာများ ရှိလာ နိုင်ကြောင်း ပုဂ္ဂလိကကဏ္ဍဖွ့ံဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ(၁)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေး နွေးပွဲ ၂၃ကြိမ်မြောက် အခမ်းအနားမှ သိရသည်။

လျှပ်စစ်ပိုမိုတိုးထုတ်နိုင်ရေးနှင့် မဟာဓါတ်အားလိုင်းများအတွက် ပြည်ထောင်စုအစိုးရမှ လုပ်ဆောင်ရမည်ဖြစ် ပြီး မြို့တွင်းသွယ်တန်းခြင်းနှင့် ဓါတ်အာခွဲရုံများတည်ဆောက်ခြင်းခြင်းကို တိုင်းဒေသကြီးအစိုးရနှင့် YESC မှ တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly