ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဝါယာကြိုး အပူလွန်ကဲရာမှ မီးလန့်မှုဖြစ်ပွား

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဝါယာကြိုး အပူလွန်ကဲရာမှ မီးလန့်မှုဖြစ်ပွား
ဓာတ်ပုံ- ရန်ကုန်ပြည်သူ့ဆေးရုံကြီး

ဇန်နဝါရီလ ၁၃ ။            ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မျက်နှာမေးရိုးဌာနအောက်ထပ်ရှိ လျပ်စစ်ခန်းတွင် ဝါယာကြိုးများ အပူလွန်ကဲကာ မီးလန့်မှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင်ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေး ရုံကြီးမှ သတင်းထုတ်ပြန်ထားသည်။

မီးလန့်မှုမှာ ဇန်နဝါရီလ ၁၃ ရက်၊ ညနေ ၃ နာရီ ၃၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စုများဖြင့် ထွက်ခွာ မီးငြိမ်းသတ်ခဲ့ကာ ညနေ ၃ နာရီ၊ ၄ဝ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

လက်ရှိတွင် လျှပ်စစ်မီးများ ပြန်လည်ပေးနိုင်ခဲ့ပြီး ပုံမှန်အခြေအနေအတိုင်း ပြန်လည်လည်ပတ်လျက်ရှိကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ၊ ၁၃ ရက်နေ့ကလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကင်ဆာရောဂါပြင်ပ လူနာဌာနအတွင်း အသေးစားခွဲစိတ်ခန်းရှိ မီးခလုတ်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 2 ယာဉ် အုပ်စုဖြင့် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ခဲ့ရသည်။

အဆိုပါ ကင်ဆာရောဂါပြင်ပလူနာဌာနအတွင်း မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိသော်လည်း ကျပ် ၃ သိန်း ၇ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly