မြိုင်မြို့နယ် ပိုက်သင်ကျေးရွာရှိ ကြေးဘုရားဆင်းတု ၇ ဆူ အခိုးခံရ

မြိုင်မြို့နယ် ပိုက်သင်ကျေးရွာရှိ ကြေးဘုရားဆင်းတု ၇ ဆူ အခိုးခံရ
ခိုးယူခံရသော ကြေးဆင်းတုတော်များ ထားရှိရာ အောင်ဆုပန်အဘိဓမ္မာဘုရားအတွင်းပိုင်းအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ-ပြည့်ဖြိုးကျော်

ပခုက္ကူ၊ ဇန်နဝါရီ ၁၃ ။               ။ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ပိုက်သင်ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၉ရက်နေ့က ဘုရားဆင်းတု ရဆူ ခိုးယူခံရကြောင်း ဒေသခံများထံမှ သိရသည်။

ခိုးယူခံရသည့် ဘုရားဆင်းတုတော် ၇ ဆူမှာ ကြေးဆင်းတုတော်များ ဖြစ်ပြီး ပိုက်သင်ကျေးရွာ ကမ္မတောရကျောင်း အောင်ဆုပန်အဘိဓမ္မာဘုရားအတွင်း ပူဇော်ရန်ထားရှိသည့် ဆင်းတုတော်များဖြစ်သည်ဟု သိရသည်။

" ဇန်နဝါရီလ ၉ ရက်နေ့က ညနက်ပိုင်းက အခိုးခံရတာပါ။ နံနက်ပိုင်းကြမှ ပစ္စည်းတွေက ဖရိုဖရဲနဲ့ထားခဲ့တာ တွေ့တယ်။ဘုရားထဲ ရောက်တော့မှ ဘုရားတွေပါ ပါသွားတာ သိရတယ်။ ခိုးယူခံရတာက မုဒြာဘုရား က ၆ ဆူ ၊ ဆင်ခံဘုရားက ၁ ဆူ စုစုပေါင်း ၇ ဆူပါ"ဟု ကျောင်းထိုင် ဆရာတော် ဦးရေဝတ က မိန့်ကြားသည်။

ခိုးယူခံရသည့် ဘုရားများမှာ၂၀၁၃ ခုနှစ်က အလှူရှင်များ လှူဒါန်းထားသည့် ကြေးဆင်းတုများ ဖြစ်ပြီး ဘုရားဆင်းတုများအပြင် အလှူခံပုံးတစ်ခုလည်း ဖျက်ဆီးပြီး အလှူငွေများလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။

" ဒီဘုရားတွေက ပခုက္ကူက အလှူရှင်ဒေါက်တာ သက်လွင်က ၂၀၁၃ ခုနှစ် ဝန်းကျင်က မန္တလေးကနေ မှာယူလှူဒါန်းထားတဲ့ ဘုရားဆင်းတုတွေပါ"ဟု ပိုက်သင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောသည်။
 
ပျောက်ဆုံးခဲ့သည့် ဆင်းတုများကို ဇန်နဝါရီလ ၁၃ ရက်နေ့ အထိ ပြန်လည် တွေ့ရှိခြင်း မရှိသေးဟု သိရပြီး မြိုင်မြို့နယ် ရဲစခန်းတာဝန်ရှိသူများမှ ကျူးလွန်သူများကို စုံစမ်းနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly