ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် Freedom of City of London ဆုကို ပြန်ရုပ်သိမ်းရန် လန်ဒန်မြို့တော်ကော်ပိုရေးရှင်း စီစဉ်

By Evening Standard
12 January 2019
ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် Freedom of City of London ဆုကို ပြန်ရုပ်သိမ်းရန် လန်ဒန်မြို့တော်ကော်ပိုရေးရှင်း စီစဉ်

ဇန်နဝါရီ ၁၂ ။             ။ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ Freedom of City of London ဆုနဲ့ ပတ်သက်ပြီး ပြန်ရုပ်သိမ်းရန် သင့်မသင့် လန်ဒန်မြို့တော် ကော်ပိုရေးရှင်းအဖွဲ့ဝင်တွေ ယမန်နေ့က မဲခွဲဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်အတွက် လွတ်လပ်ရေး၊ တရားဥပဒေစိုးမိုးရေးရရှိအောင် ကြိုးစားလုပ်ဆောင်နေသူတစ်ဦးအဖြစ် သတ်မှတ်ထားတဲ့အတွက် Freedom of City of London ဆုကို ၂၀၁၇ ခုနှစ်မှာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့် ရခိုင်အရေးကိစ္စမှာ လူမျိုးတုန်းသတ်ဖြတ်ခဲ့မှုနဲ့ စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်ထံမှ ထုတ်ဖော်ပြောဆိုလာတာတွေ မရှိခဲ့တဲ့အတွက် အဆိုပါ Freedom of City of London ဆုနဲ့ မထိုက်တန်တော့ကြောင်း လန်ဒန်မြို့တော် ကောင်စီဝင်တစ်ဦးဖြစ်တဲ့ ဘဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန်နိုင်ငံသား မွန်ဆူရာ-အလီ (Munsur Ali) က အဆိုပြုလာခဲ့ပါတယ်။

မွန်ဆူရာ-အလီရဲ့ အဆိုပြုချက်နဲ့ စပ်လျဉ်းပြီး လန်ဒန်မြို့တော် ကော်ပိုရေးရှင်းအဖွဲ့ဝင်တွေက မဲခွဲဆုံးဖြတ်ခဲ့ရာမှာ Freedom of City of London ဆုကို ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်ထားကြောင်း အဆိုပါကော်ပိုရေးရှင်းက အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။

Freedom of City of London ဆုကို ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်ထားတဲ့ အကြောင်းကြားစာကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖြေရှင်းချက်ပေးနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ချက်ပေါ်မူတည်ပြီး အဆိုပါဆုကို ပြန်လည်ရုပ်သိမ်းရန် သင့်မသင့် ပြန်လည်စဉ်းစားဆုံးဖြတ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly