သီပေါမင်း၏မြေးတော် တော်ဘုရား ပြင်ဦးလွင်တွင် ကွယ်လွန်

သီပေါမင်း၏မြေးတော် တော်ဘုရား ပြင်ဦးလွင်တွင် ကွယ်လွန်
ဓာတ်ပုံ-ကုန်းဘောင်ဆက်မောင်နှစ်မများ

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ။          ။ သီပေါမင်းမျိုးဆက် မြေးတော်တစ်ဦးဖြစ်သူ တော်ဘုရားသည် ဇန်နဝါရီ ၁၂ ရက်၊ နံနက်ပိုင်းက ပြင်ဦးလွင်မြို့တွင် ကွယ်လွန်သွားသည်ဟု ကုန်းဘောင်ဆက်အနွယ်တော်တစ်ဦးဖြစ်သူ ထိပ်တင်အောင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“သီပေါမင်းရဲ့ နောက်ဆုံးမြေးတော် ၂ ပါးကျန်ပါတယ်။ ထိပ်စုဖုရားကြီးနဲ့ တော်ဘုရား နဲ့ ၂ ပါး ကျန်တာပါ။ အခုက တော်ဘုရား နတ်ရွာစံသွားတော့ ထိပ်စုဖုရားကြီးပဲ ကျန်ပါတယ်” ဟု အနွယ်တော် ထိပ်တင်အောင်က ဆိုသည်။

ကွယ်လွန်သွားသည့် တော်ဘုရားသည် သက်တော် (၉၅)နှစ် ရှိပြီဖြစ်ပြီး သီပေါမင်းနှင့် မိဖုရားခေါင်ကြီးစုဖုရားလတ် တို့၏ မြေးတော်၊ စတုတ္ထသမီးတော် အသျှင်ထိပ်စုမြတ်ဘုရားကလေးနှင့် ဦးကိုကိုနိုင် တို့၏ သားတော်ဖြစ်သည်။

လာမည့် တနင်္လာနေ့တွင် တော်ဘုရားကို သင်္ဂြိုဟ်သွားမည်ဟုသာ သိရှိရသေးကာ စျာပနကို စီစဉ်မည့် အသေးစိတ်ကို ဆွေးနွေးတိုင်ပင်နေဆဲဟု ၄င်းက ဆိုသည်။

သီပေါရှင်ဘုရင်နှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့၏ မြေးတော်များမှာ တော်ဘုရားကြီး(ကွယ်လွန်)၊ ထိပ်စုဖုရားကြီး ၊ တော်ဘုရား၊  တော်ဘုရားငယ်(ကွယ်လွန်) ၊ တော်ဘုရားလေး(ကွယ်လွန်)၊ ထိပ်စုဖုရားထွေး (ကွယ်လွန်) တို့ဖြစ်ကြပါသည်။

လက်ရှိတွင် သီပေါမင်း၏ မြေးတော် ၆ ပါးအနက် ရန်ကုန်တွင်နေထိုင်သည့် ထိပ်စုဖုရားကြီး တစ်ပါးသာ သက်ရှိထင်ရှား ကျန်ရစ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly