အခွန်ပြုပြင်ပြောင်းလဲရေးအတွက် ထိုင်ဝမ်မှာ အပေါ်အင်္ကျီ အဝါဝတ် ဆန္ဒပြမှု ဖြစ်ပွား

အခွန်ပြုပြင်ပြောင်းလဲရေးအတွက် ထိုင်ဝမ်မှာ အပေါ်အင်္ကျီ အဝါဝတ် ဆန္ဒပြမှု ဖြစ်ပွား

တိုင်ပေ၊ ဇန်နဝါရီ ၁၁ ။        ။ ထိုင်ဝမ်က ဘဏ္ဍာရေးဝန်ကြီးဌာန အပြင်ဖက်မှာ အပေါ်အင်္ကျီအဝါဝတ် ဆန္ဒပြသူ ၂၀၀ ကျော်ထက်မနည်းဟာ အခွန်ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုဆန္ဒပြကြပါတယ်။

အခွန်ဌာနဟာ ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေကို အခွန်ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုမှုတွေနဲ့ အနိုင်ကျင့်နေတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲကြပါတယ်။

အခွန်စနစ်ဟာ မျှတမှု မရှိသလို ပြည်သူတွေရဲ့ နေထိုင်မှု ဘဝနဲ့ ပြည်ပရင်းနှီးမြုပ်နှံမှုတွေအပေါ်မှာ ဆိုးကျိုးသက်ရောက်စေလျက်ရှိတယ်လို့လည်း ၎င်းတို့က စွဲဆိုပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း ထိုင်ဝမ်မှာ အပေါ်အင်္ကျီအဝါဝတ် ဆန္ဒပြမှုတွေ ခပ်စိတ်စိတ် ဖြစ်လာခဲ့တာပါ။ ပြင်သစ်မှာ ပေါ်ပေါက်ခဲ့တဲ့ အပေါ်အင်္ကျီအဝါဝတ် ဆန္ဒပြပွဲတွေရဲ့ အောင်မြင်မှုက ထိုင်ဝမ်က ဆန္ဒပြပွဲတွေကို တွန်းအားပေးလို့နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်ဝမ်က  ဆန္ဒပြပွဲကတော့ ပြင်သစ်နဲ့ ဆန့်ကျင်ဖက် ငြိမ်းချမ်းစွာ ဆန္ဒြုပကြတာပဲ ဖြစ်ပါတယ်။ ပြင်သစ်က အပေါ်အင်္ကျီအဝါဝတ် ဆန္ဒပြမှုတွေကတော့ ဆူပူအကြမ်းဖက်မှုအသွင် ကူးပြောင်းခဲ့တာတွေ ရှိခဲ့ပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly