ဟွာဝေးအမှုဆောင်အရာရှိတစ်ဦးကို သူလျှိုသံသယဖြင့် ပိုလန် ဖမ်းဆီး

ဟွာဝေးအမှုဆောင်အရာရှိတစ်ဦးကို သူလျှိုသံသယဖြင့် ပိုလန် ဖမ်းဆီး

ဝါဆော၊ ဇန်နဝါရီ ၁၁ ။          ။ ပိုလန်နိုင်ငံဟာ တရုတ်နိုင်ငံအတွက် သူလျှိုထောက်လှမ်းပေးနေတယ် သံသယနဲ့ ဟွာဝေးအမှုဆောင်အရာရှိတစ်ဦးကို ဖမ်းဆီးထားကြောင်း သောကြာနေ့မှာ ပြောပါတယ်။
ပိုလန်က မီဒီယာတွေကတော့ အခု ဖမ်းဆီးထားသူဟာ ဟွာဝေးရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဟွာဝေးကုမ္ပဏီ တည်ထောင်သူရဲ့ သမီးဖြစ်သူ ကနေဒါမှာ အဖမ်းခံရခြင်းနဲ့ အမေရိကန်ဟာ လုံခြုံရေး စိုးရိမ်မှုနဲ့ပတ်သက်ပြီး ဟွာဝေးကို ကမ္ဘာ့နဲ့ တစ်ဝန်းမှာ နာမည်ပျက်စာရင်းသွင်းနိုင်ဖို့ ကြိုးစားနေတဲ့ ခက်ခဲတဲ့နှစ်ကို ရင်ဆိုင်နေရစဉ်မှာပဲ အခု ဖမ်းဆီးမှု ပေါ်ပေါက်လာပြန်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားကို ပိုလန်က ခုလို ဖမ်းဆီးတာအတွက် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အေအက်ဖ်ပီသို့ ပြောပါတယ်။

ဟွာဝေးကုမ္ပဏီကလည်း အခု ဖမ်းဆီးမှုကို ကြားသိကြောင်း၊ စောင့်ကြည့်သွားမှာဖြစ်ကြောင်း တိုတိုပြတ်ပြတ် ကြေညာချက်တစ်စောင် ထုတ်ပေမယ့် အသေးစိတ် ထုတ်ပြန်ထားတာ မရှိပါဘူး။
ဟွာဝေး တည်ထောင်သူ သမီးနဲ့ ဒုတိယဥက္ကဌလည်း ဖြစ်တဲ့ မန်ဝန်ကျို့ကို အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်တယ်ဆိုပြီး ကနေဒါမှာ ဖမ်းဆီးခဲ့တာ သီတင်းပတ်တွေအကြာမှာ ခုလို ပိုလန်မှာ ဖမ်းဆီးမှု ဖြစ်ပွားလာတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly