အိန္ဒိယက လူလိုက်ပါတဲ့ အာကာသခရီးစဉ် ၂၀၂၁ ခုနှစ်မှာ လွှတ်တင်မည်

အိန္ဒိယက လူလိုက်ပါတဲ့ အာကာသခရီးစဉ် ၂၀၂၁ ခုနှစ်မှာ လွှတ်တင်မည်

နယူးဒေလီ၊ ဇန်နဝါရီ ၁၁ ။        ။ အိန္ဒိယနိုင်ငံအနေနဲ့ ၂၀၂၁ ဒီဇင်ဘာမှာ ပထမဆုံး လူလိုက်ပါတဲ့ အာကာသခရီးစဉ်ကို လွှတ်တင်မှာဖြစ်ကြောင်း နိုင်ငံရဲ့ အာကာသအေဂျင်စီ အကြီးအကဲက သောကြာနေ့မှာ ပြောပါတယ်။

လူသုံးဦး လိုက်ပါမယ့် ဒီ အာကာသခရီးစဉ်ကြောင့် အိန္ဒိယနိုင်ငံအနေနဲ့ ရုရှ၊ အမေရိကန်နဲ့ တရုတ်တို့ပြီးရင် စတုတ္ထမြောက် လူလိုက်ပါတဲ့ အာကာသခရီးစဉ် စွမ်းဆောင်နိုင်တဲ့ နိုင်ငံ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

“၂၀၂၀ ဒီဇင်ဘာမှာ လူမလိုက်ပါတဲ့ အာကာသခရီးစဉ်ကို ပထမဆုံး လွှတ်တင်ပြီး ၂၀၂၁ ဇူလိုင်မှာ ဒုတိယအကြိမ် လွှတ်တင်ဦးမှာ ဖြစ်ပါတယ်။ ၂၀၂၁ ဒီဇင်ဘာမှာတော့ လူလိုက်ပါတဲ့ အာကာသခရီးစဉ်ကို စတင်လွှတ်တင်မှာပဲ ဖြစ်ပါတယ်။”လို့ အိန္ဒိယအာကာသ သုတေသနအဖွဲ့ ISRO ရဲ့ ဥက္ကဌဖြစ်သူ ကီလာဆာဝါဒီဗူးဆီဝန်က ပြောပါတယ်။

 အိန္ဒိယနိုင်ငံအနေနဲ့ လူလိုက်ပါတဲ့ အာကာသခရီးစဉ် စီစဉ်နေကြောင်းိကု ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက မနှစ်က ပထမဆုံး ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

 မိုဒီအစိုးရဟာ လူလိုက်ပါတဲ့ အာကာသခရီးစဉ်အတွက် နည်းပညာနဲ့ အခြေခံအဆောက်အအုံတွေ ပံ့ပိုးပေးရေး အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံဝန်းကျင် ထုတ်ပေးသုံးစွဲစေတာ ဖြစ်ပါတယ်။

အဲဒီ ငွေကြေးပမာဏအရ ကမ္ဘာပေါ်မှာ ကုန်ကျစရိတ်အသက်သာဆုံး လူလိုက်ပါတဲ့ အာကာသခရီးစဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly