ပညာရေးဝန်ထမ်းများကို ရိုင်းပြစော်ကားခဲ့သော မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြန်တောင်းပန်ရန်နှင့် ပြောင်းရွှေ့ တာဝန်ပေးရန် ဆုံးဖြတ်

ပညာရေးဝန်ထမ်းများကို ရိုင်းပြစော်ကားခဲ့သော မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြန်တောင်းပန်ရန်နှင့် ပြောင်းရွှေ့ တာဝန်ပေးရန် ဆုံးဖြတ်

ပုသိမ် ၊ ဇန်နဝါရီ ၁၁ ။             ။ လေးမျက်နှာမြို့နယ်၊လှော်ကထားကျောင်းမှ ဆရာ၊ဆရာမများအား စော်ကားပြောဆိုခဲ့သည့် လေးမျက်နှာ မြို့နယ်အုပ်ချုပ်ရေးမှူးအား ဆရာဆရာမများနှင့်ဒေသကို ကျေနပ်သည့်အထိ တောင်းပန်ရန်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးအား တာဝန်ပြောင်းရွှေ့ထမ်းဆောင်ရန် တိုင်းဒေသကြီးအစိုးရ အစည်းအဝေးက ဆုံးဖြတ် ခဲ့သည်။

“ပြီးခဲ့တဲ့ ကဘိနက်ကို တင်ပြီဆွေးနွေးပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ကိုယ်ရဲ့လုပ်ငန်းတာဝန်ထက် ပိုပြီး တော့ ဆောင်ရွက်ခဲ့တယ်လိ့ုတွေ ့ရပါတယ်။ ပညာရေးဝန်ထမ်းဆရာ ဆရာမတွေကို ရိုင်းပြစွာပြောဆို ဆက်ဆံ ခဲ့တယ်။ ဒုတိယအချက်ကတော့ ဆရာ၊ ဆရာမတွေနဲ႔ အဲဒီဒေသကို သူခိုးဒေသဖြစ်ပြီလို ့ စော်ကားခဲ့တဲ့ အတွက်ဆရာဆရာမကော ကျောင်းသားမိဘတွေ အဲဒီဒေသမှာရှိတဲ့ ပြည်သူလူထုက ကျေနပ်မှု မရှိဘူး။ ဒါကြောင့်မို ရိုင်းပြစွာ စော်ကားပြီးတော့ ကိုယ်လုပ်ငန်းတာဝန်ကို သေချာမသိဘူးလို ့ယူဆရတဲ့ အုပ်ချုပ်ရေးမှူး ကို သူစော်ကားခဲ့တဲ့ ဆရာဆရာမများနဲ ့ဒေသကို ကျေနပ်သည်အထိ တောင်းပန်ဖို ့နဲ့ ဒုတိယအဆင့်က ပြောင်း ရွှေ့ပေးဖို ့တိုင်းဒေသကြီးအစိုးရအဖွဲ႔ကဆုံးဖြတ်ခဲ့ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာလှမြတ်သွေးက မဇ္စျိမသို႔ ပြောသည်။

 
လေးမျက်နှာမြို့နယ်၊ လှော်ကထား ကျေးရွာရှိ လှော်ကထားကျောင်း ပင်မကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်း အနား အပြီးတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့ဝင် တိုင်းအတွင်းရေးမှူး၏ အမျိုးသမီးဖုန်း ပျောက်ဆုံး မှုကြောင့် ဆရာဆရာမအား လေးမျက်နှာမြို့နယ်အုပ်ချုပ်ရေးမှူးက စော်ကားပြောဆိုခဲ့မှုဖြစ်ပွားခဲ့သည်။ ထို့နောက် ပျောက်ဆုံးခဲ့သော ဖုန်းကို ကားထဲတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

 လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူးကထိုကဲ့သို့ စော်ကားပြောဆိုခဲ့မှုများအပေါ် ဆရာဆရာမများနှင့် ကျောင်းသား မိဘများ၊ ဒေသခံများက ကျေနပ်မှုမရှိသောကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်ထံ တိုင်ကြားခဲ့ကြသည်။

 “လူကြီးတွေ ပြန်လည်ထွက်ခွာသွားတဲ့အခါမှာ တိုင်းအုပ်ချုပ်ရေးမှူးရဲ့ အမျိုးသမီးဖုန်းပျောက်တယ်ဆိုပြီး ဆရာဆရာမတွေကို အခန်းထဲမှာထည့်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့တာသိပါတယ်။ ဘယ် အဆင့်အထိ ပြောကြားခဲ့တယ်ဆို လှော်ကထားဒေသက လူတွေဟာ အားလုံး သူခိုးကြီးဘဲ ဆိုတဲ့ သဘောမျိုး အထိပြောကြားခဲ့တယ်”ဟု လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က မဇ္စျိမသို ့ပြောသည်။

လေးမျက်နှာမြို့နယ်၊လှော်ကထားကျေးရွာ ပင်မကျောင်းဆောင်ပေးအပ်ပွဲအခမ်းအနားသို ့ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊တိုင်းအတွင်းရေးမှူး နှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး၊ကျောင်းဆောင်သစ်ပေးအပ်ပွဲအား ၂၀၁၈ခုနှစ် ဒီဇင်ဘာလ၂၂ရက်နေ ့ တွင်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

“စကားပြောဆိုတာတွေမှာ သူဟာ ဒီဒေသအကြီးအကဲဖြစ်တဲ့အတွက် ဖခင်လိုပဲ ပြောဆိုမိတာဖြစ်ပါတယ်။ ပြောတဲ့စကားဟာ ကိုယ်ရဲ့လုပ်ရမယ်တာဝန်နဲ ့ဝတ္တရားနဲ ့တာဝန်ယူဆောင်ရွက်ရတဲ့ တာဝန်တွေကို နားလည်မှု လွဲနေတယ်လို့ ကျွန်မတို ့ကယူဆပါတယ်။ ပညာရေးဝန်ထမ်းတွေကို ဒီလိုစော်ကားတဲ့ အသုံးအနှုန်းနဲ ့ရိုင်းပြစွာ အထက်စီးဆန်စွာ လာပြီးပြောဆိုခြင်းဟာ ကျွန်မ ဝန်ထမ်းတွေဖြစ်တဲ့အတွက် ကျွန်မကိုလည်း စော်ကားတယ် လို့ယူဆပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့ဝင်လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္စျိမသိ့ု ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly