ကမ္ဘာ့ သမုဒ္ဒရာတွေ အရှိန်နှုန်း မြန်ဆန်စွာနဲ့ ပူနွေးလာနေဟု လေ့လာချက်တစ်ခုမှာ ဖော်ပြ

ကမ္ဘာ့ သမုဒ္ဒရာတွေ အရှိန်နှုန်း မြန်ဆန်စွာနဲ့ ပူနွေးလာနေဟု လေ့လာချက်တစ်ခုမှာ ဖော်ပြ

ဇန်နဝါရီ ၁၁ ။          ။ ကမ္ဘာပေါ်က သမုဒ္ဒရာတွေကတော့ အရှိန်နှုန်းမြန်ဆန်စွာနဲ့ ပူနွေးလာနေလျက် ရှိကြောင်း သုတေသီတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ ကမ္ဘာကြီး ပူနွေးလာမှုက ပင်လယ်ရေကြောင်း သက်ရှိသတ္တဝါတွေနဲ့ ကမ္ဘာ့ အဓိက အကျဆုံး အစားအစာ ထုတ်ပေးရာ အရင်းအမြစ်တွေအပေါ် ခြိမ်းခြောက်လာနေလျက် ရှိတယ်လို့ ၎င်းတို့က ပြောပါတယ်။

တရုတ် သိပ္ပံအကယ်ဒမီက ဦးစီးပြီး အမေရိကန် သိပ္ပံ ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာတွေ့ရှိချက်တွေနဲ့အတူ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာကြီး ပူနွေးမှု ရပ်ဆိုင်းသွားပြီ ဆိုတဲ့ ကနဦးဖော်ပြချက်တွေဟာ မမှန်ကန်ဘူးဆိုတာကိုပါ  သက်သေပြသွားခဲ့ပါတယ်။

ယခု နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ လေ့လာချက်တွေကြောင့် ရာသီဥတု ပြောင်းလဲမှုရဲ့ အရှိန်နှုန်းနဲ့ ကမ္ဘာကြီးအတွက် အဓိက ခုခံပေးထားတဲ့ သမုဒ္ဒရာတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုသစ်တွေ ထွက်ပေါ်လာစေခဲ့ပါတယ်။

" သမုဒ္ဒရာတွေ ပူနွေးလာနေမှုက ရာသီဥတု ပြောင်းလဲမှုအတွက် အရမ်းအရေးပါတဲ့ ညွှန်ပြချက်တစ်ခု ဖြစ်ပါတယ်၊ ဒါက ကျွန်တော် တို့ အရင်က ထင်ထားတာထက် ပိုအရှိန်မြန်မြန် ပူနွေးလာနေတယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိနေပါပြီ" ဆိုပြီး ယခု လေ့လာချက်မှာ ပါဝင်လုပ်ဆောင်ခဲ့တဲ့ ကယ်လီဖိုးနီးယား Berkeley တက္ကသိုလ်က ဘွဲ့ရကျောင်းသား Zeke Hausfather က ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly