တရုတ်နိုင်ငံ တရားသူကြီးရာထူးစစ်စာမေးပွဲက အိမ်မီးလောင်လျှင် အမေနှင့် ရည်းစား မည်သူကို ကယ်မလဲဆိုသည့် မေးခွန်းနှင့် အအောင်ပေးသည့် အဖြေမှန်

တရုတ်နိုင်ငံ တရားသူကြီးရာထူးစစ်စာမေးပွဲက အိမ်မီးလောင်လျှင် အမေနှင့် ရည်းစား မည်သူကို ကယ်မလဲဆိုသည့် မေးခွန်းနှင့် အအောင်ပေးသည့် အဖြေမှန်

ရွေးချယ်မှုတစ်ခုကို မဖြစ်မနေလုပ်ရလျှင် အကယ်၍ အိမ်မီးလောင်မှုဖြစ်ပါက အမေဖြစ်သူနှင့် ရည်းစားဖြစ်သူ မည်သူကို ကယ်တင်ပါမည်နည်း။

အထက်ပါ မေးခွန်းက တရုတ်နိုင်ငံတွင်း ဂန္တဝင်မြောက် ခွကျလှသည့် မေးခွန်းတစ်ရပ်ဖြစ်သည်။ ယင်းမေးခွန်းကို မေးခွန်းထုတ်ယခုနှစ် တရားရေးရာထူးစစ်စာမေးပွဲတွင် အဓိကမေးခွန်းဖြစ်သည်။ အဆိုပါ တရားရေးစာမေးပွဲသည် တရားသူကြီးနှင့် ရှေ့နေရာထူးများအတွက် ခေါ်ယူစစ်ဆေးခြင်းဖြစ်သည်။ ထိုမေးခွန်းကို အဖြေမှန်ဖြေဆိုနိုင်သူက တရုတ်နိုင်ငံအတွင်း တရားရေးရာဥပဒေလိုင်စင် ရရှိလုပ်ကိုင်ခွင့် ရမည်ဖြစ်သည်။

တရုတ် တရားရေးဝန်ကြီးဌာနက ၎င်းထုတ်သည့် မေးခွန်းအတွက် အဖြေမှန်ကို နောက်ပိုင်းဖော်ပြရာတွင် မိခင်ဖြစ်သူကိုသာ ကယ်မည်ဟု ဖြေဆိုခဲ့သူများက အဖြေမှန်ကန်စွာ အောင်မြင်ဖြေဆိုနိုင် သူများဖြစ်သည်ဟု ဆိုသည်။ သားသမီးကျင့်ဝတ်အရ ၁၅၀၀ အချစ်ဖြင့် ချစ်သူကို ရွေးချယ်ခြင်းသည် ကာယကံမမြောက်သည့် ရာဇဝတ်ပြစ်မှုတစ်ရပ်ပင်ဖြစ်သည်ဟု ဆိုသည်။

သို့သော် ယင်းအဖြေက တရုတ်အင်တာနက်သုံးစွဲသူများကြား ဒွိဟပွားစရာများလည်းဖြစ်လာတော့သည်။ "အရေးပေါ်အခြေအနေအတွင်းမှာ မိဘကို ကယ်ရတာနဲ့ အခြားသူတစ်ဦးကို ကယ်တင်ရတာကို ယှဉ်ရွေးခိုင်းတဲ့ တာဝန်ဝတ္တရားပိုင်း တန်းညှိတာမျိုးက အဓိပ္ပာယ်မှ မရှိဘဲ။"ဟု ဆင်ခြေကန်သူလည်းရှိသည်။

"ဥပဒေအရ သားဖြစ်သူက မိဘကို ကယ်ရမယ်ပေါ့။ ဒါပေမယ့်ဥပဒေမှာက အခြားသူတွေလည်း အန္တရာယ်ကြုံနေရချိန်အတွင်းမှာ မိခင်ဖြစ်သူကို ကယ်ပါဆိုပြီး ဥပဒေထဲမှာ မပြဌာန်းထားပါဘူး။"ဟု ပြောဆို သူလည်းရှိသည်။

ထိုသို့ အင်တာနက်ပေါ်တွင် ယင်းမေးခွန်းအား အငြင်းပွားမေးမြန်းဖြေဆိုကြရာတွင် အများစုက အမေဖြစ်သူကို ကယ်ခြင်းကို အနိုင်ပေးကြတော့သည်။ "မိန်းကလေးတွေဆိုတာ နေရာတိုင်းမှာ အပြည့်ပါ။ ဒါပေမယ့် အမေကတော့ တစ်ဦးတည်းပဲရှိပါတယ်။"ဟု လူငယ်တစ်ဦးက ဆုံးဖြတ်ချက်ချ ဖြေဆိုထားသည်။

အခြားတစ်ဦးကလည်း "ပထမ ဦးစားပေးအနေနဲ့ အမေကို ကယ်မှာဖြစ်ပါတယ်။  တရားဥပဒေအကြောင်းပြချက်ကြောင့် မဟုတ်ပါဘူး။ အမေက ကျွန်တော်ကို ကျွေးမွေးစောင့်ရှောက်ခဲ့လို့ပါပဲ။ ဒီအပြင်ပြော ရရင် ရည်းစားဖြစ်သူဆိုတာက ငယ်ငယ်ရွယ်ရွယ်မို့ မီးလောင်မှုကနေ သူဘာသာ အလွတ်ရုန်းနိုင်မှာဖြစ်နိုင်လို့ပါပဲ။"ဟု လူငယ်တစ်ဦးကလည်း ဖြေဆိုထားသည်။

ထိုမေးခွန်းနှင့် ပတ်သက်ပြီး ပြောဆိုမှုများစွာရှိသော်လည်း လိင်သဘာဝကို ဆွေးနွေးပြောဆိုမှု တစ်ခုမှ မရှိခဲ့သည်က စိတ်ဝင်စားစရာဖြစ်နေသည်။ မိန်းကလေးများအတွက် အဖေနှင့် ရည်းစားအား မည်သူ အရင်ကယ်မလဲဆိုသည့် မေးခွန်းမျိုးလည်း ရှိသင့်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly