သေနတ်​သမားကြည်​လင်​းအပါအဝင်​ ၃ ဦးအား ရုံးချိန်​း ၁ဝဝ ​မြောက်​ ရုံးထုတ်​

သေနတ်​သမားကြည်​လင်​းအပါအဝင်​ ၃ ဦးအား ရုံးချိန်​း ၁ဝဝ ​မြောက်​ ရုံးထုတ်​

ရန်​ကုန်​၊ ဇန်​နဝါရီလ ၁၁ ။             ။ စစ်ဆေးနေသည်မှာ ကြန့်ကြာနေသည်ဟု အများပြည်သူဝေဖန်မှုများမြင့်တက်နေသည့် ဦးကိုနီအသတ်ခံရမှုနှင်​႔ ပတ်​သက်​ပြီး ​သေနတ်​သမားကြည်​လင်​းအပါအဝင်​ ၃ ဦးအား ရုံးထုတ်​စစ်​​ဆေးခဲ့သညမှာ ဇန်​နဝါရီလ ၁၁ ရက်​​နေ့တွင်​ ရုံးချိန်း ၁ဝဝ ပြည့်ခဲ့ပြီဖြစ်​သည်​။

ဦးကိုနီအမှုအား စစ်​​ဆေး​နေသည်​႔ အင်းစိန်​မြို့နယ်​၊ ရန်​ကုန်​​မြောက်​ခရိုင်​တရားရုံး၊ အထူးခုံရုံးမှလည်​း အမှုမြန်​ဆန်​​ရေးအတွက်​ တရားရုံး မလာ​ရောက်​သည်​႕ တရားခံပြသက်​​သေများအား မှတ်​တမ်​းတင်​ထားကာ ပယ်​သည်​့စနစ်​ဖြင်​႔ စစ်​​ဆေး​နေခြင်​းဖြစ်​သည်​။

ပြီးခဲ့သည်​့ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း နိုင်ငံ​တော်​သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက ဦးကိုနီအမှု ကြန့်ကြာနေသည့့်အပေါ် ပြည်သူလူထုမှ ဝေဖန်မှုများရှိနေပြီး အစိုးရမှ ထိန်းကျောင်းစောင့်ကြည့် နေမှုအခြေအနေနှင့်  အမှုမှလက်ရှိချိန်ထိ ထွက်ပြေးလွတ်မြောက်နေသည့်  တရားခံပြေးအောင်ဝင်းခိုင်အား ရှာဖွေနေမှု ရှိ၊ မရှိတို့အား မေးမြန်းခဲ့ရာတွင် နိုင်ငံ​တော်​​သမ္မတရုံးမှ ​ပြော​ရေးဆိုခွင်​့ရှိသူ ဦးဇော်ဌေးက ဦးကိုနီအမှုသာမက ကျန်​သည်​႕အမှုများလည်​း ကြန်႔ကြာမှုများရှိ​နေပြီး ထိုအ​ခြေအ​နေအား​ဖြေရှင်​းရန်​ အ​ဆောက်​အဦပိုင်​းဆိုင်​ရာ၊ ဝန်​ထမ်းပိုင်းဆိုင်​ရာ လိုအပ်မှုများအား အစိုးရအနေဖြင့် ထောက်ပံ့ပေးရန် အားလုံးပြောထားပြီးဖြစ်ကြောင်း​ပြောကြားခဲ့သည်​။

ထို့ပြင်​ ဦးကိုနီအသတ်ခံရမှုတွင် သေဒဏ်ထိချမှတ်နိုင်သည့် တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ၊ အားပေးကူညီမှု ပုဒ်မ နှစ်ခုဖြင့် စွဲချက်တင်စစ်ဆေးခံနေရသည့် ဇေယျာဖြိုးက ရုံးချိန်​းတိုင်​း၊ ရုံးချိန်​းတိုင်​းတွင်​ အမှုအမြန်ပြီးချင်သည်ဟု ​ပြောဆိုနေသော်လည်း ၎င်းကိုယ်တိုင်ကပင် အမှုအား ကြန့်ကြာအောင် လုပ်နေခြင်းဖြစ်ကြောင်း တရားလို ရှေ့နေများက ဇန်နဝါရီလ ၁ဝ ရက်​နေ့ ရုံးချိန်​းက တုုံ့ပြန်ပြောဆိုထားသည်​။

အဆိုပါအမှုနှင်​့ပတ်​သက်​ပြီး အထူးခုံရုံးတွင် စစ်ဆေးရန် တင်ပြထားသည့် တရားခံပြသက်သေ ၇၂ ဦးအနက်  စစ်ဆေးရန်အတွက် တရားခံပြသက်သေ ၆ ဦးသာ ကျန်ရှိတော့သည်။

ယ​နေ့ ဇန်​နဝါရီလ ၁၁ ရက်​​နေ့တွင်​ တရားသက်​​သေ ၃ ဦးကို စစ်​​ဆေးရန် ​ချိန်​းဆိုထားခြင်​းဖြစ်​သည်​့အတွက်​ လက်​ရှိတွင်​ ​နောက်​ထပ်​ စစ်​​ဆေးရန်​ ခံပြသက်​​သေ ၃ ဦးသာကျန်​ရှိ​တော့မည်​ဖြစ်​သည်​။

ဦးကိုနီလုပ်ကြံခံရမှုမှာ ပြီးခဲ့သည့့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ခရီးသည်များရှိနေသည့်နေရာတွင်ပင် ဦးကိုနီအား ကြည်လင်းက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် ပေးခဲ့သော အငှားယာဉ်မောင်း ကိုနေဝင်းပါ သေနတ်ထိမှန် သေဆုံးခဲ့သည့် အမှု ဖြစ်သည်။

အမှုအား စစ်ဆေးနေသည်မှာ ကြန့်ကြာနေသည်ဟု အများပြည်သူ ဝေဖန်မှုများ မြင့်တက်နေသည့် ဦးကိုနီ အသတ်ခံရမှုအား စစ်ဆေးနေသည်မှာ ၂ နှစ်ပြည့်တော့မည်ဖြစ်သည့်အပြင် ဇန်နဝါရီလ ၁၁ ရက်နေ့ ရုံးချိန်းတွင် ရုံးချိန်းပေါင်း ၁ဝဝ ပြည့်ပြီလည်းဖြစ်သည်။

ဇန်​နဝါရီလ ၁၁ ရက်​​နေ့တွင်​ ချိန်​းဆိုထားသည်​႕​ဇေယျာဖြိုး၏ တရားခံပြသက်​​သေ ၃ ဦးမှာ တရားရုံးသို့လာ​ရောက်​ခြင်​းမရှိသဖြင်​႔ ထပ်​မံပယ်​လိုက်​သည်​။  စုစု​ပေါင်​း စစ်​​ဆေးရန်​ တရားခံပြသက်​​သေ ၃ ဦးသာ ကျန်​ရှိသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly