MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပွဲစဉ်များ ဇန်နဝါရီလ ၁၂ ရက်နေ႔တွင် စတင်မည်

MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပွဲစဉ်များ ဇန်နဝါရီလ ၁၂ ရက်နေ႔တွင် စတင်မည်

ရန်ကုန် ၊ဇန်နဝါရီ ၁၀ ။        ။ ၂၀၁၉ခုနှစ် အတွက် MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပွဲများကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင် ကျင်းပမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ်  ပြီးခဲ့သည့်ရာသီက ချန်ပီယံဖလားရရှိခဲ့သည် ရန်ကုန်ယူနိုက်တက် အသင်း နဲ့ ဟံသာဝတီယူနိုက်တက် အသင်းတို့ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၂ ရက် နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်း၏ အိမ်ကွင်းတွင် ဟံသာဝတီယူနိုက်တက် အသင်းကို လက်ခံကစားသွားမည်ဖြစ်ပြီး  MRTV ရုပ်သံမှ  တိုက်ရိုက် ထုတ်လွှင့် ပြသမည်ဟု သိရသည်။ အဆိုပါပွဲစဉ်နှင့်အတူ စစ်ကိုင်းယူနိုက်တက် အသင်း၏ အိမ်ကွင်းတွင် စစ်ကိုင်း ယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး My Sport မှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဟုသိရသည်။

ထို့အပြင် ၁၃ရက်နေ့၌  Dagon United အသင်း နဲ့ zwekapin United အသင်း၊ Southerm Myanmar အသင်းနဲ့ ChinLand အသင်း တို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ကို My Sport မှတိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း Yadanarbon အသင်းနဲ့ Ayeyarwady United အသင်းတို့ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်ကို MRTV မှ ပြသသွားမည်ဟု သိရသည်။

ရာသီအစ ပွဲစဉ် ၁အပိတ်ပြိုင်ပွဲကိုတော့ Rakhine United အသင်း၏ အိမ်ကွင်းတွင်  Magwe အသင်းနှင့် ယှဉ်ပြိုင်ပြီး My Sport မှတိုက်ရိုက်ပြသသွားမှဖြစ်ပါတယ်။

ပထမအကျော့်ပွဲစဉ် တွေကို လာမယ် ဇန်နဝါရီ ၁၂ ရက်နေ့ မှစတင်ကာ မေလ ၁၂ ရက်နေ့အထိ ရာသီဝက် ပွဲစဉ်များကို ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယ ရာသီဝက်ပွဲစဉ်များကို ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

၂၀၁၉ ခုနှစ်မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကို ကလပ်အသင်း ၁၂ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly