Martin Nguyen ပြောပြသော အားပြင်းသော လက်သီးချက်များ ထိုးသွင်းပုံ

By Mizzima
10 January 2019
Martin Nguyen ပြောပြသော အားပြင်းသော လက်သီးချက်များ ထိုးသွင်းပုံ

ONE ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံ Martin “The Situ-Asian” Nguyen သည် ၎င်း၏ ဝိတ်တန်းတွင် လက်သီးအပြင်းဆုံး ကစားသမားတစ်ယောက်အဖြစ် ကျော်ကြားသူတစ်ဦးဖြစ်သည်။

ဗီယက်နမ်-သြစတြေးလျလူမျိုး ကစားသမား Martin သည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲ ၆ ပွဲတွင် ၄ ပွဲကို အလဲထိုးကွက်ဖြင့် အနိုင်ရရှိခဲ့ကာ ONE ၏ ပထမဦးဆုံး ဝိတ်တန်း ၂ ခုချန်ပီယံဖြစ်လာခဲ့သည်။

၎င်းက ပြောပြပေးခဲ့သော ပိုမိုပြင်းထန််သည့် လက်သီးတစ်ချက်ဖြစ်လာရန် မိမိ၏ ခွန််အားကို မည်သို့အသုံးချရပုံကို ဖော်ပြပေးသွားပါမည်။

၁။ သဲအိတ်များကို အသုံးချပါ။

အားကစားရုံထဲတွင် Nguyen ၏ အနှစ်သက်ဆုံးနေရာသည် ၎င်း၏ ခွန်အားသုံးစွဲမှုကို အကောင်းဆုံးမြင့်မားလာစေသည်ဟု ယုံကြည်သည့် သဲအိတ်ရှိသောနေရာဖြစ်သည်။

“ပြိုင်ပွဲအတွက်  ပြင်ဆင်နေတဲ့အချိန််ပဲဖြစ်ဖြစ် ဒါမှမဟုတ် သဲအိတ်မှာပဲ လေ့ကျင့်တာဖြစ်ဖြစ် မိမိရဲ့ လှုပ်ရှားမှုနဲ့ အသက်ရှုတာ ချိန်သားကိုက်ဖို့က အဓိကကျပါတယ်။ တစ်ချက်တည်းနဲ့ အလဲထိုးနိုင်ဖို့ဆိုရင် လက်သီးချက်တိုင်းဟာ ထိရောက်အောင်ထိုးနိုင်ရပါမယ်။ ဒါကြောင့် အောက်စိုုက်ထိုးချတဲ့လက်သီးတွေ၊
 ဝိုက်လက်သီးနဲ့ ပင့်လက်သီးတွေကို တိကျအောင် လေ့ကျင့်ထားသင့်ပါတယ်။” ဟု ၎င်းက အကြံပေးပြောကြားခဲ့သည်။

 ၎င်းသည် လက်သီးထိုးကွက်တစ်ကွက်ချင်းဆီကို အခြေခံပုံစံအတိုင်း အာရုံစိုက်လေ့ကျင့်သလို အသက်ရှုနည်းကိုလည်း ဂရုတစိုက်ထိန်းချုပ်လေ့ကျင့်တတ်သည်။

“အသက်ရှုပုံမှန်မှန်နဲ့ လက်သီးတစ်ကွက်ချင်းဆီကို နည်းစနစ်တကျ စည်းဝါးကိုက်အောင် ထိုးတတ်ဖို့လေ့ကျင့်ပါ။ ဆယ်စက္ကန့် တစ်ခါလောက် အချိန်မှတ်ထားပြီး လေ့ကျင့်ထားသင့်ပါတယ်။” ဟု ၎င်းက ဆိုသည်။

 ၂။ လက်ဝှေ့ကို အလွတ်လေ့ကျင့်လျှင် သားရေပြားများ အသုံးပြုပါ။

အသက် ၂၈ အရွယ်ရှိပြီဖြစ်သော Nguyen သည် လက်ဝှေ့ထိုးလေ့ကျင့်လျှင် လက်မောင်းတွင် သားရေပြားပတ်ကာ လေ့ကျင့်ပါက အလွန်အကျိုးထူးသည်ဟု အခိုင်အမာယုံကြည်သူဖြစ်သည်။ ထိုနည်းသည် မွေထိုင်းကစားသမားများနှင့် လက်ဝှေ့ကစားသမားများ အသုံးများသော လေ့ကျင့်နည်းဖြစ်ကာ လက်သီးပြင်းအားကို တိုးတက်စေရန်  အလွန်ထိရောက်သောနည်းဖြစ်သည် ဟု Nguyen ကပြောပြခဲ့သည်။

 “သားရေစတစ်ဖက်ကို တိုင်မှာ ချည်ပြီး အခြားတစ်ဖက်ကို လက်မောင်းတွင်ချည်ကာ လက်ဝှေ့ထိုးခြင်းဟာ လက်ရဲ့ လှုပ်ရှားမှုကို အဟန့်အတားတစ်ခုဖြစ်စေတဲ့အတွက် အာရုံပိုစိုက်ရပါတယ်။ လှုပ်ရှားမှုကို နှေးစေတယ်။ လက်သီးထိုးလိုက်တိိုင်း နောက်ကို ပြန်ဆွဲနေတဲ့အတွက် အဟန့်အတားဖြစ်နေပြီး အားပိုစိိုက်ရပါလိမ့်မယ်။”
ဟု ချန်ပီယံ Nguyen က ရှင်းပြသည်။

 “သို့သော် တကယ့်ပြိုင်ပွဲကိုရောက်လာပြီး အတားအဆီး မရှိတော့တဲ့အခါ လက်ဝှေ့ထိုးလိုက်တိုင်း တစ်ကိုယ်လုံး စိတ်တိုင်းကျ မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ပြီး ပြိုင်ဘက်ဆီကို တဟုန်ထိုးဝင်ရောက်သွားနိုင်မှာပါ။” ဟု Nguyen က ပြောပြခဲ့သည်။

၃။ အလေး မ ပါ။

‘ခွန်းအားတွေ မြှင့်တင်ဖို့ ကြွက်သားတွေ သန်မာအောင် လေ့ကျင့်ပါ။’ ဟု Nguyen ပြောသော စကားအတိုင်း ရိုးရှင်းပါသည်။ ၎င်းသည် ပြင်းထန်သည့် လက်သီးတစ်ချက် ပစ်သွင်းနိုင်ရန် အခြေခံဖြစ်သော အလေးမ လေ့ကျင့်ခန်းတစ်ခုစီကို အချိန်ပေး လေ့ကျင့်လေ့ရှိကာ ခန္ဓာကိုယ်အောက်ပိုင်းကို အဓိကထား လေ့ကျင့်သည်။

“အလေးမတာဟာ ကြွက်သားတွေကို တည်ဆောက်ရာမှာ အားပေးတယ်။ ကြွက်သားတွေကို လေ့ကျင့်ပေးခြင်းအားဖြင့် ခွန်းအားကို တိုးမြှင့်လာစေတယ်။ ကျွန်တော်က ခန္ဓာကိုယ်အစိတ်အပိုင်းလေးခုကို အဓိကထား လေ့ကျင့်တယ်။ ပခုံး၊ နောက်ကျော၊ ရင်ဘတ်နဲ့ ခြေထောက်ပိုင်းကိုပေါ့။ ကျွန်တော်က အလေးချိန်များများနဲ့
 အကြိမ်ရေ နည်းနည်းလုပ်ဖြစ်တယ်။ ဒါက ခွန်အားကို တိုးမြှင့်ပေးတယ်။”ဟု အပြီးသတ် ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly