မက္ကဆီကိုမှာ ဆီသူခိုးတွေကို နှိမ်နင်းရာက နိုင်ငံတစ်ဝန်း ဓာတ်ဆီပြတ်လပ်မှု ကြုံတွေ့နေ

မက္ကဆီကိုမှာ ဆီသူခိုးတွေကို နှိမ်နင်းရာက နိုင်ငံတစ်ဝန်း ဓာတ်ဆီပြတ်လပ်မှု ကြုံတွေ့နေ

မက္ကဆီကို၊ ဇန်နဝါရီ ၁၀ ။           ။ မက္ကဆီကိုနိုင်ငံမှာ ဆီသူခိုးတွေကို နှှိမ်နင်းရာက မျှော်လင့်မထားတဲ့ ရလဒ်အဖြစ် နိုင်ငံတစ်ဝန်း ဓာတ်ဆီပြတ်လပ်မှုတွေ ဖြစ်ပွားနေပါတယ်။

သမ္မတသစ် အန်ဒရီမန်နျူရယ်လိုပက်ဇ်အိုဘရာဒေါကတော့ စိုးရိမ်ထိတ်လန့်ကြခြင်း မဖြစ်ကြဖို့ ဗုဒ္ဓဟူးနေ့မှာ နှိုးဆော်တိုက်တွန်းထားပါတယ်။

သမ္မတက ၎င်းတို့အစိုးရဟာ နိုင်ငံပိုင်ရေနံကုမ္ပဏီကြီး Pemex ရဲ့ ဆီပိုက်လိုင်းတစ်ချို့ကို ပိတ်ပစ်တဲ့ ဆုံးဖြတ်ချက်ကြောင့် ခုလို ဆီပြတ်လပ်မှု ဖြစ်တာပါလို့ ပြောပါတယ်။

ဒီလို ဆီပိုက်လိုင်းတွေ ပိတ်ရတာဟာလည်း ထကြွသောင်းကျန်းနေကြတဲ့ ဆီသူခိုးတွေကို ရှင်းထုတ်ပစ်ဖို့အတွက်ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း ဆီသူခိုးတွေရဲ့ လက်ချက်ကြောင့် အမေရိကန်ဒေါ်လာ သုံးဘီလီယံခန့် ဆုံးရှုံးနစ်နာခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုနိုင်ပြီး ပြီးခဲ့တဲ့လကမှ ရာထူးတာဝန်ထမ်းဆောင်တဲ့ သမ္မတ အိုဘရာဒေါဟာ ၎င်းအနေနနဲ့ ဆီသူခိုးတွေကို တိုက်ထုတ်သွားမှာဖြစ်ကြောင်း၊ မက္ကဆီကို ပြည်သူတွေအနေနဲ့ ဆီပြတ်လပ်မှုကြောင့် စိုးရိမ်တကြီးနဲ့ ဝယ်မှုတွေ မလုပ်ကြစေလိုကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly