ရေနံချောင်းမြို့တွင် အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံး

ရေနံချောင်းမြို့တွင် အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံး

မကွေး၊ ဇန်နဝါရီ ၉ ။          ။ ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ အောင်သပြေရပ်တွင် ဇန်နဝါရီ ၉ရက်နေ့၊နံက်၁၁နာရီအချိန်ခန့်က ဇနီးဖြစ်သူနှင့် စကားများကွဲကွာနေသည့် အမျိုးသားတစ်ဦးသည် စိတ်ဓာတ်ကျဆင်းကာ ကြိုးဆွဲချသေဆုးံမှုဖြစ်ပွားခဲ့ကြောင်း ရေနံချောင်း မြို့မရဲစခန်းမှ သိရသည်။

အဆိုပါအမျိုးသားသည် ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ အောင်သပြေရပ်တွင် အိမ်ငှားအဖြစ်နေထိုင်သော ဦးစိန်ထွန်းအောင်(၅၆)နှစ်ဖြစ်ပြီး အိမ်ရှင်ဖြစ်သူဦးအောင်ကျော်ထွန်းသည် အိမ်လခတောင်းရန် နေအိမ်သို့ဝင်ရောက်စဉ် သွပ်မိုး၊ထရံကာ၊၊ဝါးကြမ်းခင်းနေအိမ်၏ ဘုရားခန်းအနီး ဝါးထုပ်တန်းတွင် သုံးမတ်လုံးခန့်ရှိ သော အစိမ်းရောင်နိုင်လွန်ကြိုးဖြင့် လည်ပင်းတွင်ကြိုးဆွဲချလျက်သေဆုံးနေသည်ကိုတွေ့ရကြောင်း မြို့မရဲစခန်း ၏ မှတ်တမ်းအရ သိရသည်။

ထိုသို့တွေ့ရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့်မြို့မရဲစခန်းတို့ကို အကြောင်းကြားခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး နှင့်ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၉)ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကို ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly