ကွေးနိုင် ခေါက်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးသော စမတ်ဖုန်းကို တရုတ်ကုမ္ပဏီတစ်ခု ထုတ်ဖော်ပြသ

ကွေးနိုင် ခေါက်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးသော စမတ်ဖုန်းကို တရုတ်ကုမ္ပဏီတစ်ခု ထုတ်ဖော်ပြသ

ဇန်နဝါရီ ၉ ။             ။ ကွေးနိုင် ခေါက်ချိုး နိုင်တဲ့ ကမ္ဘာ့ပထမဆုံးသော စမတ်ဖုန်းတစ်လုံးကို တရုတ် startup ကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြသခဲ့ပါတယ်။

Royole Corporation အမည်ရ တရုတ်ကုမ္ပဏီကတော့ ၂၀၁၉ ခုနှစ် လက်ဗီးဂတ်စ်မြို့ CES ကုန်စည်ပြပွဲမှာတော့ ယင်းရဲ့ ခေါက်လို့ချိုးလို့ရတဲ့ စမတ်ဖုန်း FlexPai device ကို ပြသခဲ့တာဖြစ်ပါတယ်။

ယင်း ဖုန်းမှာတော့ ကုမ္ပဏီက မူပိုင်ခွင့် တင်ထားပြီး ဖြစ်တဲ့ Cicada Wing လို့ ခေါ်တဲ့ ကွေးလို့ရတဲ့ display တစ်မျိုးကို သုံးထားတယ်လို့ သိရပါတယ်။

ယင်း ပထမဆုံးသော ခေါက်ချိုး စမတ်ဖုန်းကတော့ ဘောင်းဘီအိတ်ကပ်ထဲ ထည့်လို့ ရနိုင်သလို အရွယ်အစားကျယ် တက်ဘလက်ကွန်ပြူတာတစ်လုံးအဖြစ် ဖြန့်ပြီး သုံးနိုင်သေးကြောင်း သိရပါတယ်။

ယင်းဖုန်းတွေကိုတော့ တရုတ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက စတင်ရောင်းချနေလျက်ရှိပြီး အမေရိကန်စျေးကွက်မှာလည်း ယင်းကို ဒေါ်လာ ၁,၃၀၀ နှုန်းကနေစပြီး သတ်မှတ်ရောင်းချသွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly