မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင်အမှုအား အချုပ်လွှတ်အာမခံ ပေးမပေး လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင်အမှုအား အချုပ်လွှတ်အာမခံ ပေးမပေး လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

 

 

ရန်ကုန် ၊ ဇန်နဝါရီ ၉ ။            ။ မယ်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင်အမှုနှင့်ပတ်သက်ပြီး  ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ အမှုတွဲသည် မြို့နယ်တရားရုံးသို့ ပြန်လည်မရောက်ရှိသေးတာကြောင့် လာမည့်ဇန်နဝါရီလ တတိယအပတ်ရုံးချိန်းတွင် အချုပ်လွှတ်အာမခံပေးမပေး ကို အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။

မယ်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင်အား ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၊တောင်ဥက္ကလာပ မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အရှေပိုင်းခရိုင်တရားရုံး မှ အမှုတွဲ မရောက်ရှိသေးသည့်အတွက် မစစ်ဆေးဖြစ်ဘဲ ဇန်နဝါရီ ၂၃ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ခြင်း ဖြစ်သည်။

 

အဆိုပါ အချုပ်လွှတ် အာမခံပေးမပေးအမိန့်ကို ချပြီးပါက ၄င်းကို စွဲချက်တင်သင့်၊ မတင်သင့်ကို အမိန့်ချ ထပ်ချမည် ဖြစ်ကြောင်း သိရပါသည်။

 

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့် မယ်လိမ့်လုံရှမ်းရိုးရာ စားသောက်ဆိုင်ပိုင်ရှင်မှ ၎င်း၏ ဝန်ထမ်းဖြစ်သော စားပွဲထိုးဝန်ထမ်းအမျိုးသားကို ဓမ္မတာနှင့် ဆန့်ကျင်ကာ ကာမဆက်ဆံခဲ့ပြီး ဖုန်းဘေလ်ဖြည့်ပေးခြင်း၊ မုန့်ဖိုးပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

 

စားပွဲထိုးဝန်ထမ်းအမျိုးသားမှ စားသောက်ဆိုင်ပိုင်ရှင်အမျိုးသားကို အရေးယူပေးပါရန် တောင်ဥက္ကလာပမြို့မ ရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၇၇ နှင့် အမှုဖွင့်တရားစွဲဆိုခဲ့ကာ တောင်ဥက္ကလာပ မြို့နယ် တရားရုံးတွင် အမှုကို စစ်ဆေးနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly