သမ္မတ ထရမ့်က နိုင်ငံတော်မိန့်ခွန်းပြောကြားရာမှာ မက္ကဆီကိုနယ်စပ် သံစည်းရိုးတံတိုင်း ကာရံရေး ဒေါ်လာ ငါးဘီလီယံကျော် တောင်းခံ

သမ္မတ ထရမ့်က နိုင်ငံတော်မိန့်ခွန်းပြောကြားရာမှာ မက္ကဆီကိုနယ်စပ် သံစည်းရိုးတံတိုင်း ကာရံရေး ဒေါ်လာ ငါးဘီလီယံကျော် တောင်းခံ
Photo: AFP

၀ါရှင်တန်၊ ဇန်နဝါရီ ၉ ။        ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီ ၈ ရက်က နိုင်ငံတော်မိန့်ခွန်းပြောကြားရာမှာ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ် သံမဏိစည်းရိုးတံတိုင်း ကာရံရေးအတွက် အမေရိကန်ဒေါ်လာ ၅ ဒဿမ ၇ ဘီလီယံကို ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

ဒါအပြင်လည်း မက္ကဆီကို နယ်စပ်အခြေအနေဟာ ပြဿနာ ပိုမိုကြီးထွားလာနေကြောင်း ထရမ့်က ပြောပါတယ်။

အဲဒီ နယ်ခြားတံတိုင်းအရေးကြောင့်ပဲ လွှတ်တော်မှာ အစိုးရအသုံးစရိတ်ကို အတည်မပြုနိုင်တာကြောင့် အစိုးရလုပ်ငန်းဌာနအချို့ တန့်ရပ်ထားရပါတယ်။

အဆိုပါ အစိုးရအသုံးစရိတ်မှာ မက္ကဆီကိုနယ်ခြားတံတိုင်းအတွက် ထရမ့်က ရန်ပုံငွေ ထည့််သွင်း တောင်းခံထားတာကို ဒီမိုကရက်တစ်ပါတီ ကြီးစိုးရာ အောက်လွှတ်တော်က အတည်မပြုဘဲ တံတိုင်းအတွက် ရန်ပုံငွေ မပါတဲ့ အစိုးရအသုံးစရိတ်ကို ပြင်ဆင်တင်သွင်းထားတာ ဖြစ်ပါတယ်။

ဒီအတွက် နိုင်ငံရေးလွန်ဆွဲပွဲ ရလဒ်အဖြစ် အစိုးရယန္တရားအချို့ တန့်ရပ်နေပြီး သမ္မတ ထရမ့်က နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာပြီး နယ်ခြားတံတိုင်းရန်ပုံငွေပါ အစိုးရအသုံးစရိတ်ကို ကွန်ဂရက်က အတည်ပြုစေမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားတာ ဖြစ်ပါတယ်။

အခု ဟောပြောတဲ့ နိုင်ငံတော်မိန့်ခွန်းမှာလည်း နယ်ခြားတံတိုင်းအတွက် ရန်ပုံငွေ ဒေါ်လာ ၅ ဒဿမ ၇ ဘီလီယံကို ထရမ့်က တောင်းဆိုလာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယခင်က ကွန်ဂရက်တံတိိုင်းအစား သံစည်းရိုးတံတိုင်း ကာရံရေးဆိုပြီး ရန်ပုံငွေ တောင်းခံလာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly