ကနေဒါ ရက်ပ်ပါ ဒရာကီ နှင့် အမေရိကန် ရက်ပ်ပါဖူချားတို့ ဘေဘုတ်လ် တေးသီချင်း အယ်လ်ဘမ် စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်

ကနေဒါ ရက်ပ်ပါ ဒရာကီ နှင့် အမေရိကန် ရက်ပ်ပါဖူချားတို့ ဘေဘုတ်လ် တေးသီချင်း အယ်လ်ဘမ် စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်

ကနေဒါ ရက်ပ်ပါ ဒရာကီ နှင့် အမေရိကန် ရက်ပ်ပါအဆိုတော် ဖူချားတို့သည် စက်တင်ဘာ ၂၈ ရက်က အမေရိကန်ဘေလ်ဘုတ် တေးသီချင်း အယ်လ်ဘမ် ၂၀၀ စာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင် လျက် ရှိသည်။

ဒရာကီသည်  What A Time To Be Alive တေးသီချင်း အယ်လ်ဘမ်ကို Instagram တွင် စက်တင်ဘာ ၁၉ ရက်က ကြေညာခဲ့ပြီး နောက်တစ်နေ့တွင် Apple တေးသီချင်း ဝန်ဆောင်မှုနှင့် iTunes တို့မှတစ်ဆင့် ဖြန့်ချိခဲ့ရာ အချပ်ရေ ၃၃၄,၀၀၀ နှင့် သီချင်းအပုဒ်ရေ ၁၇၂,၀၀၀ ရောင်းချခဲ့ရပြီး နားဆင်သူဦးရေသည် ၃၅ သန်းကျော် ရှိခဲ့ကြောင်း Nielsen SoundScan မှ ထုတ်ပြန်သော စာရင်း ဇယားများတွင် ဖော်ပြထားသည်။

ကနေဒါ ရက်ပ်ပါ ဒရာကီ ဘေလ်ဘုတ်စာရင်းတွင် ၎င်း၏ တေးသီချင်း အယ်လ်ဘမ် နံပါတ် တစ်နေရာမှ ရပ်တည်နေခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဖေဖော်ဝါရီလက  If You’re Reading This It’s Too Late တေးသီချင်းအယ်လ်ဘမ်သည်လည်း ဘေလ်ဘုတ် ၂၀၀တေးသီချင်း အယ်လ်ဘမ် စာရင်းတွင် နံပါတ်တစ်နေရာမှ ရပ်တည်ခဲ့ရာ ယခုနှစ်အတွင်း ဘေလ်ဘုတ်စာရင်းတွင် နံပါတ်တစ်နေ ရာမှနှစ်ကြိမ် ပါဝင်ခဲ့သည်။ အမေရိကန် ရက်ပ်ပါအဆိုတော် ဖူချား၏ DS2 တေးသီချင်း အယ်လ်ဘမ် သည် ဇူလိုင်လက ဇယားထိပ်တွင် ရပ်တည်ခဲ့သည်။

ဘေလ်ဘုတ် တေးသီချင်း ၂၀၀ ဇယားသည် တေးသီချင်း အယ်လ်ဘမ် ရောင်းချရမှု၊ တေးသီ ချင်းများ ရောင်းချရမှုနှင့် ကြည့်ရှုရမှု နှုန်းတို့ကို တွက်ချက်ခြင်း ဖြစ်သည်။ ယခုသီတင်းပတ် ဘေလ်ဘုတ် ၂၀၀ စာရင်းတွင် ပေါ့ပ်အဆိုတော် လာနာဒဲလ်ရေး၏ Honeymoon  တေးသီချင်း အယ်လ်ဘမ်သည် နံပါတ် ၂ နေရာတွင် ရပ်တည်နေပြီး  ရက်ပါ မက်စ်မီလ်လာ၏ GO : OD AM တေးသီချင်း အယ်လ်ဘမ် သည် နံပါတ် ၄ နေရာတွင် ရပ်တည်နေကာ ရော့ခ်ကာ ဒေးဗစ်ဂီလ်မာ၏  Rattle That Lock တေးသီချင်း အယ်လ်ဘမ်သည် နံပါတ် ၅ နေရာတွင် ရပ်တည်လျက် ရှိသည်။

ရော့ခ်ကာ ရှိုင်းဒေါင်း၏ Threat To Survival တေးသီချင်း အယ်လ်ဘမ်သည် နံပါတ် ၆ နေရာ တွင် ရပ်တည်နေပြီး ဟစ်ဟော့ပ်အဆိုတော် အန်ဒီမီနို၏ Uncomfortable တေးသီချင်း အယ်လ်ဘမ် သည် နံပါတ် ၁၀ နေရာမှ ရပ်တည်လျက် ရှိသည်။ ဒစ်ဂျစ်တယ် တေးသီချင်း ဇယားတွင် ဂျက်စတင် ဘီဘာ၏  What Do You Mean တေးသီချင်းသည် အပုဒ်ရေ ၁၁၀,၀၀၀ ရောင်းချခဲ့ရပြီး ဒစ်ဂျစ်တယ် သီချင်း ဇယားတွင် ယခု သီတင်းပတ်ကုန်က ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly