၁၂နာရီအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းကို မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်နိုင်

၁၂နာရီအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းကို မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်နိုင်

ရန်ကုန်၊ဇန်နဝါရီ ၈ ရက် ။            ။ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းသည် ဇန်နဝါရီ ၈ရက်နေ့တွင် ရခိုင်ပြည်နယ် တောင်ပိုင်း ကမ်းခြေကို နောက်(၁၂)နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်သွားနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

လက်ရှိတွင်  မုန်တိုင်းငယ်၏ဗဟိုချက်သည် ဘင်္ဂလားပင်လယ်အော်အရှှေ့အလယ်ပိုင်းသို့ရောက်ရှိနေပြီး ရခိုင်ပြည်နယ်တောင်ပိုင်း ရှိရာ မြောက်အရှေ့ယွန်ယွန်းသို့ ဆက်လက်ရွေ့လျားနေကာ  ဗဟိုချက်အနီး လေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင် ၃ဝမှ ၃၄မိုင်အထိ ရှိနေမည်ဟု သိရသည်။

ထို့အပြင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ် အားလျော့သွားပြီ ဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly