မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒီမိုကရေစီယဉ်ကျေးမှု (ဒုတိယပိုင်း)

By ကိုမျိုးသန့်(မဇ္စျိမ)
07 January 2019
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒီမိုကရေစီယဉ်ကျေးမှု (ဒုတိယပိုင်း)

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မဇ္စျိမကိုမျိုးသန့် တို့ ဆွေးနွေးမှု   Minister’s Question ကဏ္ဍ (ဒုတိယပိုင်း) အနေဖြင့် NLD အပေါ် ပြည်သူတွေ အားမလို အားမရဖြစ်မှုတွေ၊ ၂၀၂၀ အလွန်၊ ပါတီတွင်းနိုင်ငံရေး ဦးဆောင်မှု၊ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေတွေကို တင်ပြထားပါတယ်။

မေး။ ။   ဒီအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာရလာတာ သုံးနှစ်ရှိပါပြီ၊ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေကလည်း အင်မတန်မှ   မျှော်လင့်ချက် ကြီးကြီးမားမားနဲ့ကို   အားသွန်ခွန်စိုက်ပေါ့နော်၊  ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတယ်။ ဒါပေမယ့် တစ်ချို့ ကျွန်တော်တို့ အသံတွေ ပြန်ကြားရတာပေါ့နော်။ အားမလို အားမရဖြစ်တဲ့ အသံတွေ ပြန်ကြားရတာပေါ့လေ။ ဆိုတော့ ဒီအပေါ်မှာရော ဒီ အားမလိုအားမရဖြစ်နေတဲ့ ပြည်သူတွေကို ဘယ်လိုများသဘောများ ထားသလဲဗျ။

ဖြေ။ ။ ခုန ကျွန်တော် ပထမဦးဆုံး စကားပလ္လင်ခံခဲ့သလို ပြည်သူတွေကို ကျေးဇူးတင်ပါတယ် ဆိုတာ တကယ်ပါ။ ရင်ထဲက ခံစားချက်အတိုင်း ကျွန်တော်တို့ ပြောတာပါ။ ကျွန်တော်တို့ လောက် အထုအထောင်း ခံခဲ့ရတဲ့ ပါတီ မရှိခဲ့ပါဘူး။ ကျွန်တော်တို့လောက် အခက်အခဲပေါင်းစုံ ဖြတ်သန်းခဲ့ရတဲ့ ပါတီမရှိသလို ဒီလို ဒီနေရာတွေမှာ တာဝန်ယူရမယ်လို့ ကျွန်တော်တို့ စကားစပ်မိတိုင်းပြောပါတယ်၊  ဘယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကမှ မမျှော်လင့်ခဲ့ကြဘူး၊ မထင်ခဲ့ကြဘူး။ ဒီရလာတဲ့ အခွင့်အရေးဟာ ပြည်သူတွေရဲ့ ကျေးဇူးရှိတယ်။ ကျွန်တော်တို့ ဘာကြောင့် ဒီအရာကို အနိုင်လိုချင်ရတာလဲ ရွေးကောက်ပွဲမှာ ဆိုတော့ ပြည်သူ့အတွက် လုပ်ပေးချင်လို့ ၊ ပြောရလို့ရှိရင်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမြစ်တွယ်စေချင်လို့ဗျ။ ဒီမိုကရေစီ အမြစ်တွယ်ဖို့ ဆိုတာလည်း ပြည်တွင်းငြိမ်းချမ်းရေးကရော နောက် ရှည်လျှားတဲ့ စစ်ပွဲကြီးပေါ့ဗျာ၊ ပြည်တွင်းစစ်ကြီးလဲ ရပ်စေချင်တယ်ဗျ၊ ကျွန်တော်တို့မှာ သဘာဝအရင်းအမြစ် အပြည့်အဝရှိတယ်ဗျ။ လူသားရင်းမြစ် ၊ ကျွန်တော်တို့ရဲ့ ဘရိန်းက ကျွန်တော်ထင်ပါတယ် အာဆီယံ ထဲတင်မကပါဘူး ၊ ကျွန်တော်တို့ ကမ္ဘာနဲ့ ယှဉ်တဲ့ ဦးနှောက်တွေရှိပါတယ်။ အဲဒီလို အခြေအနေကောင်းတွေရှိတယ် ၊ လူဦးရေးအရလည်း ကျွန်တော်တို့ အသင့်အတင့် နိုင်ငံတစ်နိုင်ငံမှာ ရှိသင့်တဲ့လူဦးရေကလည်း ရှိတယ်။ နိုင်ငံအကျယ်အဝန်းက ကျယ်တယ်၊ သဘာဝအရင်းအမြစ်ပြည့်စုံတယ်။ လူသားရင်းမြစ်ရော ၊ ဒီဟာဖွံ့ဖြိုးတိုးတက်ဖို့ ဘာကြောင့် မဖွံံဖြိုး မတိုးတက်တာလဲ၊ စဉ်းစားကြည့်လိုက်တဲ့အခါကျ ပြည်တွင်း စစ်ကြီးပါတယ်၊ အကြောင်းတစ်ချက်။ mis management တွေပါတယ်။ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရက်တစ် ကာချာ မရှိခဲ့လို့ ဆိုတဲ့ဟာတွေ အပေါ်မှာပဲ ကောက်ချက်ဆွဲလို့ ရမှာပေါ့နော်။ အဲဒီတော့ ပြည်သူတွေက အများကြီး မျှော်လင့်ချက်ပေးခဲ့ကြတာ ကျွန်တော် ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ နိုင်ခဲ့ပါတယ်၊ အမရပူရ နယ်မြေကနိုင်တာပါ ။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့ နိုင်ခဲ့တယ်။ နောက် ၂၀၁၅ ခုနှစ်ကဆို သုံးကြိမ်စလုံး နိုင်ခဲ့တယ် ဆိုတာ ပြည်သူရဲ့ မျှော်လင့်ချက် ဘယ်လောက်မျှော်လင့်တယ်ဆိုတာ ကျွန်တော် တော်တော်များများ သိတယ်ဗျ၊ ကျွန်တော်အခု နယ်ကိုတတ်နိုင်သမျှ ဆင်းခဲ့တယ် ပြည်သူတွေရဲ့ မျက်လုံး ပြည်သူတွေရဲ့ စကားသံက ကျွန်တော်တို့ပေါ်မှာ မျှော်လင့်ချက်ထားတုန်းပဲရှိတယ်။ အားလည်း အားကိုးတုန်းပဲရှိတယ် ကျွန်တော်တို့လည်း တကယ်လုပ်ပြနေတာပါ၊ ခုနပြောသလို ဝန်ကြီးတွေ အပြောင်းအလဲတွေ ဝန်ကြီးချုပ်အပြောင်းအလဲတွေ တတ်နိုင်သမျှလည်း ရွာတွေအထိ ဆင်းပြီးတော့ လုပ်တာတွေရှိတယ်။ အဲဒီတော့ ပြည်သူတွေ အားမလို အားမရဖြစ်တာ  ကျွန်တော်ရောက်နေတဲ့ နေရာမှာ ကျွန်တော်က တောင်းပန်ပါတယ်၊ ကျွန်တော်တို့ သက်တမ်းလည်း နုသေးတယ်၊ လုပ်ဖို့က ဒီမိုကရေစီအမြစ်တွယ်ဖို့ ဆိုတာ ကမ္ဘာကြီးမှာ တခါတလေ နှစ်အစိတ်လောက် ၂၇ နှစ်လောက်ကြာတဲ့နိုင်ငံတွေရှိတယ် ၊ နောက်ပြန်ကျသွားတဲ့ နိုင်ငံတွေ ရှိတယ်  ဒီမိုကရေစီက။ အဲဒီတော့ အရေးကြီးတာက ဒီမိုကရေစီ နောက်ပြန်မကျဖို့ အရေးကြီးတယ်။ အဲဒီအတွက် ပြည်သူက ကျွန်တော်တို့ကို ထောက်ခံနေမှ ဖြစ်မယ်၊ နောက်ကျတော့ ကျွန်တော်တို့ နိုင်ငံမှာ ခုနပြောတဲ့ နှစ်ပေါင်းငါးဆယ်လောက် mis management ဖြစ်ခဲ့တာတွေ ရှိတဲ့အတွက် ဒီအရှုပ်ထုတ်တွေပေါ့နော်၊ အရှုပ်ထုတ်လို့တောင် မပြောပါဘူးဗျာ၊ ပြဿနာရှိနေတဲ့ အခက်အခဲတွေကို ဖြေရှင်းရတာနဲ့တင်ကို ကျွန်တော်တို့ ရှေ့သွားလို့ မရဘူး။ အခုကျွန်တော် ရှေ့တက်ချင်တယ် ရခိုင်အရေးက နိုင်ငံတကာဖိအားဖြစ်လာတယ် ။ ကျွန်တော်တို့  လှမ်းချင်တဲ့ခြေလှမ်းက တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေတာ ဒီလိုစိန်ခေါ်မှုတွေ ရှိနေတဲ့အတွက် အားမလိုအားမရဖြစ်တာ၊ ပြည်သူတွေ အားမလိုအားမရဖြစ်တာ ပြည်သူကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒီအားမလိုအားမရဖြစ်တာတွေကို ကျွန်တော်ကတော့ ထပ်ပြီးတော့ မေတ္တာရပ်ခံချင်တာ ဒီမိုကရေစီ အမြစ်တွယ်ဖို့ဆိုတာ မလွယ်ပါဘူး။ အစိုးရချည်းပဲလုပ်လို့မရဘူးဆိုတာ သိစေချင်ပါတယ်။ ပြည်သူတွေလည်း ပါဝင်ပြီးတော့ ထောက်ခံအားပေးမှ ရမှာပါ။ ဆိုလိုချင်တာ ဒီလိုနှစ်သစ်ကူးမှာ ဆိုရင် ငြိမ်းချမ်းရေးဟာ အားလုံးရဲ့ ရင်ထဲမှာရှိစေချင်တယ်၊ ပြည်သူတွေပါမှ ငြိမ်းချမ်းရေး ရမယ် ဆိုတဲ့ဟာမျိုးနဲ့ ငြိမ်းချမ်းရေးကို မရရအောင်လုပ်မယ် ဆိုတဲ့ ပိုင်းဖြတ်ချက်မျိုးနဲ့ ဆက်သွားပြီးတော့ ၂၀၂၀ မှာလည်း ဒီမိုကရေစီရဲ့ အင်အားစု ရဖို့အရေးကြီးတယ်ပေါ့နော်။ ပြည်သူတွေစကားပြောတာ ဒီမိုကရေစီရဲ့ အောင်နိုင်ရေး အရေးကြီးတယ်ဆိုလို့ရှိရင်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီမိုကရေစီကို လမ်းဖောက်ခဲ့တဲ့ ဒီမိုကရေစီ လမ်းဖောက်ပြီးတော့ ပြည်သူတွေ လျှောက်နိုင်အောင် ဖောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပဲ မဲပေးဖို့ လိုလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြည်သူတွေလည်း တောင်းပန်စကားပြောချင်ပါတယ်။ ၂၀၂ဝမှာ ကျွန်တော်တို့ကို မဲပေးပါ၊ ကျွန်တော်တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားဦးမယ်၊ အခုလည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ ပြုပြင်ပြောင်းလဲရေးကို လုပ်နေတယ်၊ ပါတီနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ စစ်တမ်းတွေ အမြဲတမ်း ကျွန်တော်တို့ ကူလုပ်နေပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲက စစ်တမ်းလဲ ကျွန်တော်တို့ အခု တတ်နိုင်သမျှ အကုန်လုံး စုစည်းပြီးပါပြီ ကျွန်တော်တို့ ရှုံးခဲ့တဲ့ နေရာတွေက နိုင်ခဲ့တာလည်း ဘာကြောင့်နိုင်တာလဲ စစ်တမ်းတွေ၊ ပြီးတော့ ပြောင်းလဲရေးဆိုတာ နိုင်ငံအတွက်တင် မဟုတ်ပါဘူး၊ မိမိကိုယ်ကိုယ် ပြောင်းလဲရေးလည်း အရေးကြီးပါတယ်၊ မိမိကိုယ်တိုင် မပြောင်းလဲနိုင်ဘဲနဲ့  တစ်ခြားသူတွေ ပြောင်းလဲရေး လုပ်တယ်ဆိုလို့ရှိရင်လည်း သိပ်ပြီးတော့ မပြည့်စုံဘူးလို့ ထင်ပါတယ်။ အဒီတော့ နောက်ဆုံးတော့ အားမလိုအားမရတဲ့ ပြည်သူတွေကို သည်းညည်း ခံပေးပါ၊ ဒါက တစ်ချိန်မှာ ကျွန်တော်တစ်တွေရဲ့ စွမ်းဆောင်ရည် ကြိုးပမ်းမှုတွေက လူထုအသိအမှတ်ပြုလိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။

မေး။ ။ နောက်တစ်ခုမေးချင်တာက ဝန်ကြီးချုပ်ကလည်း ပါတီမှာ ဆိုလို့ရှိရင် ဒုတိယဥက္ကဋ္ဌတာဝန်ယူထားတာပေါ့လေ၊ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်တွေမှာ   ပြောပြောနေကြတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အသက်ကြီးပြီ ၊ အခုဆိုရင် ၇၅နှစ် ကျော်လာပြီ အဲဒီတော့ ကျွန်တော်တို့က စိုးရိမ်တာပေါ့လေ၊      ၂၀၂၀ အလွန်ပေါ့ ။ ၂၀၂၀ အလွန်ကို NLD ရဲ့ ရည်မှန်းချက် မျှော်မှန်းချက် ပန်းတိုင် ၊ ခေါင်းဆောင်ပိုင်းပေါ့နော် ဘယ်လိုရှိပါသလဲခင်ဗျ ။

ဖြေ။ ။ ကျွန်တော် အခုပါတီဝင်တွေကို ပြောပြောနေတာရှိပါတယ်၊ အဖွဲ့ဝင်တွေပေါ့နော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝင်ပြီဆိုကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေကို လေးစားလိုက်နာတာမျိုးပေါ့ ကျင့်သုံးပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တာဝန်က ဘာလဲဆိုလို့ရှိရင် နိုင်ငံမှာ ဒီမိုကရေစီ အမြစ်တွယ်အောင် ကြိုးပမ်းနေတာဖြစ်တယ်။ ပြည်သူ့အတွက် အလုပ်လုပ်ဖို့ ဖြစ်လာတဲ့ အတွက် အဖွဲ့ချုပ် အဖွဲ့ဝင် ဖြစ်လာပြီဆိုရင်တော့ ဒီတာဝန်ကို ထမ်းရမှာ၊ အဲဒီတော့ တာဝန်ဆိုတာက ငါးနှစ်ထဲနဲဲ့ ပြီးသွားမယ်၊ ဆယ်နှစ်ထဲနဲ့ ပြီးသွားမယ်ဆိုတာ မရှိနိုင်ဘူး။ နိုင်ငံရေးက တစ်သက်လုံးလုပ်ရမှာပေါ့ဗျာ ကျွန်တော်တို့လည်း တစ်သက်လုံး လုပ်ရမှာ၊ ဒါပေမယ့် ကျွန်တော်တို့မှာ ရှေ့သွားတွေရှိတယ် ၊ ကျွန်တော်တို့ ဦးအောင်ရွှေ၊ ဦးကြည်မောင်ကအစ ခေါင်းဆောင်တွေ ရှေ့သွားတဲ့ အန်ကယ် ဦးတင်ဦး သူတို့ကိုယ်တိုင်လည်း ထဲထဲဝင်ဝင် နဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် NLD အလံနဲ့ NLD ဆိုင်းဘုတ် ပြုတ်မကျရေး ဆိုတာက ကျားကုတ်ကျားခဲ ဆောင်ရွက်ခဲ့ရတာပါ၊ သူတို့ ဒီလိုလူကြီးတွေ ဆောင်ရွက်ခဲ့လို့လည်း ကျွန်တော်တို့ အခု ရွေးကောက်ပွဲတွေ ဝင်နိုင်တယ်ပေါ့နော်၊ ဆိုတော့ အသက်ကြီးသွားလိုက်တဲ့အခါမှာ နာယကတို့ သဘာပတိတို့ တင်တာပေါ့နော်။ အဲဒီတော့ ကျွန်တော်ပင်လျှင် တစ်ချိန်ကျရင် NLD ရဲ့ နာယက၊ NLD ရဲ့ သဘာပတိ ဖြစ်ဦးမှာ။ ဆရာ တင်မိုး ရေးတဲ့ကဗျာလေးကို ကျွန်တော် ပြန်ရွတ်ချင်ပါတယ် ။ ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကိုအိမ်ပြန်ပို့ ။ ကျွန်တော်တို့က ဆေးလိပ်တိုတာလည်း သိပါတယ်၊ နေညိုမှာလည်းသိပါတယ် ။ကျွန်တော်တို့ ဘက်ကလည်း ဒါပြင်ဆင်ထားပါတယ် ၊ အဲဒီတော့ အလွန်ဆိုတာလေးရောပေါ့နော်၊ ၂၀၂၀ အလွန် ဒေါ်အောင်ဆန်းစုကြည်ကလည်း အသက်ကြီးပြီလို့ပြောတာပေါ့။ ကျွန်တော် ဘောလုံးဝါသနာပါတယ်ဗျ၊ ငယ်ငယ်လေးကတည်းက ကစားလည်း ကစားခဲ့ဖူးတယ်၊ ဘောလုံး Fan ပေါ့ အခုလည်း Fan ပါပဲ ၊ ဆိုတော့ ဘရာဇီး အသင်းနဲ့ ပြောပြမယ်၊ ဘရာဇီးအသင်းမှာ ပီလီအလွန် ဘယ်လိုလုပ်ခဲ့ကြလဲ၊ ရိုနယ်ဒို ကြီးအလွန်ဘာလုပ်ကြသလဲ ကနေ့ဆိုရင် နေမာ ။ ဒီလိုပဲ အာဂျင်တီးနားမှာလည်း အာဂျင်တီးနားမှာတော့ မာရာဒိုနာပေါ့နော်၊ အဲဒီတော့ မာရာဒိုနာအလွန် အခု မက်စီ မက်စီအလွန်လည်း ရှိလာမှာ၊ ဒါပေမယ့် ကျွန်တော်တို့က ဘာလုပ်လိုက်လဲ ဆိုတော့ ဒီအလွန်တွေသိတယ်၊ ဒါ သင်္ခါရပဲလေ ခေါင်းဆောင်တွေ အသက်ကြီးသွားမယ်၊ စွမ်းဆောင်ရည် ဘာပဲပြောပြော အသက်ကြီးလာတဲ့အခါကျတော့ နည်းလာတာပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့ ဘယ်နေရာမှာ နေရမယ် ဆိုတာ ခေါင်းဆောင်ပိုင်းက သိဖို့တော့ ဒီခေါင်းဆောင်ပိုင်း ဒီနေရာနေသွားမယ် ဆိုရင်၊ နောင် မျိုးဆက်သစ်ဟာ ခုနပြောလိုက်တဲ့ ပါတီပေါ်မှာ သစ္စာရှိရမယ် ပါတီပေါ်သစ္စာရှိခြင်းက တိုင်းပြည်ပေါ်လည်း သစ္စာအလားရှိတယ်။ ကျွန်တော်တို့က တိုင်းပြည် အပေါ်သစ္စာရှိပါမယ်လို့ ကတိပြုထားတဲ့လူတွေကိုး။ ပြည်သူကို အကျိုးပြုရမယ်၊ ပြည်သူရဲ့ လမ်းညွန်မှုကို ခံယူချင်တဲ့ ပါတီဖြစ်အောင်လည်း ကြိုးပမ်းနေတဲ့ ကာလ၊ အဲဒီတော့ ကျွန်တော်တို့လည်း အခုလူငယ်တွေ ကျွန်တော်တို့ အဆင့်ဆင့် လူငယ်ရွေးချယ် ၊ လူငယ်ညီလာခံတွေလုပ်တယ်ဆိုတာလည်း ဒီလိုပါပဲ ပဲ၊ အသစ် ဂျင်နရေးရှင်း ကတော့ ဝင်လာမှာပဲ၊ ဒါပေမယ့် ဝင်လာတဲ့ ဂျင်နရေးရှင်း က စွမ်းဆောင်ရည်ပြည့်ဝဖို့ လိုတာပေါ့ ၊ ကျွန်တော်တို့ကတော့ တက္ကသိုလ်ကြီးဖွင့်ပြီးတော့ capacity building လုပ်လို့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ တတ်နိုင်သမျှ လူငယ်တွေကို ကျွန်တော်တို့ နိုင်ငံတကာ အတွေ့အကြုံရအောင်လည်း လုပ်ပါတယ်။ ပြည်တွင်းမှာလည်း သင်တန်းပေးပါတယ်။ ဆိုလိုချင်တာကတော့ ပါတီတစ်ခုက အရေးကြီးဆုံးက ပါတီ ရန်ပုံငွေပေါ့နော် ။ပါတီ ရံပုံငွေကနေမှ ကျွန်တော်တို့ ပါတီကို ဆက်တည်ဆောက်ရမှာ ကျွန်တော်တို့က စီပွားရေးမလုပ်ဘူးဗျ ၊ရံပုံငွေ မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ အခု ၂၀၁၈ ကမှ ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲနိုင်မှ လွှတ်တော် ကိုယ်စားလှယ်နဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေကနေ ရံပုံငွေထွက်လို့ ကျွန်တော်တို့ရံပုံငွေရှိတာ၊ ဒီရံပုံငွေတွေနဲ့ ကျွန်တော်ရုံးတွေဆောက်တာ။  မြို့နယ်ရုံးတွေရယ်၊ ရပ်ကျေးအထိတော့ ကျွန်တော်မပေးနိုင်ဘူး၊ မြို့နယ်ရုံးရယ် တိုင်းရုံးတွေ ဆောက်ဖို့ ပိုက်ဆံထုတ်မယ်၊ ဒီရုံးတွေဖွင့်ခြင်းက ခုန ပြောလိုက်သလိုပေါ့၊ ဒီမိုကရေစီ သက်တမ်းရှည်အောင် ကျွန်တော်တို့ လုပ်မယ်၊ NLD သက်တမ်း ရှည်အောင် ကျွန်တော်တို့ လုပ်မယ်၊ NLD ကြံ့ခိုင်အောင် သန်စွမ်းအောင် ကျွန်တော်တို့ လုပ်မယ်၊ မျိုးဆက်သစ်တွေ မွေးထုတ်ပေးမယ် ဆိုတာပါ၊ ဒါပါပဲ ကျွန်တော်တို့ ခေါင်းဆောင်ပိုင်းတွေ အသက်ကြီးလာတဲ့အခါ ကျွန်တော်တို့လည်း ဘယ်နေရာရောက်မယ်ဆိုတာ သိပြီးသားဖြစ်တဲ့အတွက် ဒီမျိုးဆက်အလွန် ရှိလာမှာပါ ၊ ကျွန်တော်ထင်ပါတယ် ကျွန်တော်တို့လည်း လူငယ်တွေကို လိုက်ကြည့်နေတာပဲလေ အဲဒီတော့ နိုင်ငံရေးစိတ်ဝင်စားတဲ့ လူငယ်တွေ ထက်မြက်တယ်ဗျ၊ အရင်တုန်းက ကျွန်တော်တို့ NLD ကို ဝေဖန်ကြတယ်ပေါ့နော်၊ သိပ်ပြီးတော့ ပညာတတ်တွေမပါဘူး၊ ဒါပေမယ့် ကနေ့ တက္ကသိုလ် ကျောင်းသားတွေ ဘွဲ့ရလေးတွေ NLD လူငယ်ထဲဝင်တယ် ။ သူတို့ ကိုယ်တိုင်လည်း သိတယ် နိုင်ငံရေးကို စိတ်ဝင်စားလို့ ဝင်လာတာ။ သူတို့ကိုယ်တိုင် သူတို့ဘာသာသူတို့ လေ့လာပြီး ဝင်လာတဲ့ လူငယ်တွေထဲမှာ ပညာတတ်ကလေးတွေပါတယ် ။ ဒီကလေးလေးတွေကို အရင်သွေးပေးဖို့ပဲလိုတာ။ တိုင်းပြည်ချစ်စိတ် အမျိုးသားချစ်စိတ် ပြည်ထောင်စုစိတ်ဓာတ် အစရှိသည်ပေါ့ဗျာ၊ ဇာတိ ပုည ဂုဏ် မာနနဲ့ ဆိုတဲ့ မြန်မာနိုင်ငံသား ရွှေမြန်မာတွေပေါ့ ။အဲဒီတော့ ကျွန်တော်တို့ ကမ္ဘာ့အလယ်မှာ ပြန်ရင်ဘောင်တန်းနိုင်အောင် ဝင်နိုင်အောင် ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေ အများကြီးပါ ။ ပညာရေးရော ကျန်းမာရေးရော စီးပွါးရေးရော လူမှုရေးရော နိုင်ငံရေးရော ဝန်ထမ်းကောင်းတွေ လိုအပ်သလို ပါတီကေဒါ ကောင်းတွေလည်း လိုအပ်ပါတယ်၊ ကျွန်တော်တို့ဘက်ကတော့ ပါတီကေဒါကောင်းတွေ ဖြစ်အောင် ကြိုးပမ်းပေးနေပါတယ်၊ အဲဒီလိုသင်တန်းပေးနိုင်ဖို့ ကတော့ နောက်ဆုံးကတော့ ဘဏ္ဍာရေးလည်း လိုပါတယ် ၊ကျွန်တော်တို့ တတ်နိုင်သမျှ ရိုးရိုးသားသားနဲ့ ကျွန်တော်တို့ ဝင်ငွေတွေနဲ့ပဲ စုပြီး ဆောင်ရွက်နေရတာပေါ့၊ အဲဒီတော့  ကျွန်တော်ပြောချင်တာ အလွန်တွေဆိုတာ ရှိမှာပါ ၊ပီလီအလွန်တော့လည်း ဘရာဇီးအသင်းကျမသွားသလိုပေါ့၊ ရော်နယ်ဒို ကြီးအလွန်မှာလည်း ဆုတွေရကြပါတယ်။

မေး။ ။ ဝန်ကြီးချုပ်က ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း ဒုဥက္ကဋ္ဌတာဝန်ယူထားတယ် ၊ ဒါပေမယ့်လို့ နိုင်ငံရေးဦးဆောင်မှု အပိုင်းမှာကျတော့ သိပ်ပြီးတော့မှ ထဲထဲဝင်ဝင်မပါဘူး လို့ တစ်ချို့တွေက သုံးသပ်ကြတယ် ။ အဲ့ဒါကျတော့ရော ဘာကြောင့်လို့ ပြောလို့ရနိုင်မလဲ။

ဖြေ။ ။ ကျွန်တော်တို့ ပါတီဗဟိုကနေ ကျွန်တော့်ကို ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ပါလို့ပါ၊ တစ်ခါတစ်လေ ၊ တစ်ခါတော့ ထင်မြင်ယူဆချက်ပေါ့၊ နိုင်ငံရေးမှာ ထဲထဲမဝင်ဘူးပေါ့၊ ကျွန်တော်တို့ CEC အစည်းအဝေးတွေမှာ လက်ရှိတော့ ကျွန်တော်က ဒုဥက္ကဋ္ဌဖြစ်နေတေ့ာ။ ကျွန်တော်တို့ပဲ ဦးဆောင်လုပ်ရတာပေါ့၊ ဒီပါတီရဲ့ မူူဝါဒတွေ အကောင်အထည်ဖော်တာလည်း ကျွန်တော်တို့တော့ တစ်ခါတစ်လေ မမြင်ရတဲ့ လက်တွေ ရှိမှာပေါ့၊ အဲဒီနေရာမှာလည်း ကျွန်တော်တို့ ပါမှာပေါ့ ဆရာ။ ဒါရှေ့ထွက်ပြီးတော့ heroism တို့၊ popularism တို့ပေါ့ဗျာ။ အဲ့ဒါတွေ လုပ်စရာ၊ ကျွန်တော်ကတော့ မလိုဘူးလို့ထင်ပါတယ်။ ထဲထဲဝင်ဝင်ပါဖို့ဆိုတာ ထဲထဲဝင်ဝင်သိနေရင် ထဲထဲဝင်ဝင်ပါလို့ရတာပါပဲ၊ ဒီဟာတွေကို မူဝါဒတွေကို ငါတို့လုပ်လိုက်ပါတယ်လို့ ပြောစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် NLD ရဲ့ ကျွန်တော်တို့အဖို့ကတော့ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ကောင်းနဲ့ မောင်းနှင်တဲ့ပါတီ မဟုတ် ပါဘူး၊ ကျွန်တော်တို့ကို CEC ကို လွဲထားတာဖြစ်တဲ့အတွက် CEC အစည်းအဝေးထဲမှာ တစ်နိုင်ငံလုံး အရေးဆွေးနွေးပါတယ်၊ လွတ်တော်ကိုယ်စားလှယ်တွေရဲ့အရေး ဆွေးနွေးပါတယ် ၊ နိုင်ငံ့အရေးလည်း ဆွေးနွေးပါတယ်။ အခုဆိုလို့ရှိရင် ကျွန်တော်တို့ ပြောရမယ်ဆိုရင် အခုဖြစ်နေတဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ်ရဲ့ အရေးတွေလည်း ပါလာမှာပေါ့။  

မေး။ ။ ကျေးဇူးတင်ပါတယ်ခင်ဗျား၊ နောက်ထပ်မေးခွန်းတစ်ခုကတော့ အမျိုးသားဒီမိကရေစီအဖွဲ့ချုပ် တက်လာတဲ့ နောက်မှာ  အန္တိမရည်မှန်းချက်အဖြစ် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့လေ၊ ဆိုတဲ့အခါမှာ အခုဆိုရင် သုံးနှစ်ရှိပြီပေါ့နော်၊ အဲဒီတော့ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေပေါ့နော်  ၂၁ ပင်လုံညီလာခံမျိုးတွေတော့ လုပ်ပေးခဲ့ပြီးပြီ ဒါပေမယ့် ပြီးခဲ့တဲ့   ရက်သတ္တပတ်အတွင်းမှာ ထူးခြားမှုဖြစ်စဉ်က ဘာဖြစ်လာတာလဲဆိုတော့ တပ်မတော်ကနေပြီးတော့ ထုတ်ပြန်ချက်ထုတ်ပြီးတော့မှ ထိုးစစ်ဆင်တာ ဒါမှမဟုတ်ရင် စစ်ရေးလှုပ်ရှားမှုကို ရပ်ဆိုင်းထားမယ် ဒါတိုးတက်မှုပေါ့နော်၊ ဆိုတော့ ဒါထက်ပိုပြီးတော့ ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့ ကျွန်တော်တို့ ဘယ်လောက်ထိ မျှော်လင့်လို့ရမလဲဆရာ။

ဖြေ။ ။ ကျွန်တော် NLD မှာ ခုနပြောလိုက်သလိုပေါ့နော်၊ မူဝါဒ ရေးရာတွေ အကောင်အထည်ဖော်ရာမှာ နိုင်ငံရေးရာအကောင်အထည်ဖော်ရာမှာ ကျွန်တော့်အနေနဲ့ သိပ်မပါဘူးလို့ ပြောတယ်ပေါ့နော်၊ ကျွန်တော်တို့ NLD က ချပြီးတော့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်ပေါ့ ကျွန်တော်တို့ ၄၄ယောက် ၊ဒေါ်အောင်ဆန်းစုကြည်ပါ လွှတ်တော်ကိုယ်စားလှယ် ၄၄ ယောက်မှာ ဒီငြိမ်းချမ်းရေး နဲ့ ပတ်သက်လို့ ကျွန်တော်တို့ work shop တွေတက်ပါတယ်၊ သင်တန်းတွေ တက်ခဲ့ဖူးပါတယ်။ နိုင်ငံတကာက ပညာရှင်တွေလာပြီး ပို့ချခဲ့တာပါ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်းတက်တယ်၊ ကျွန်တော်လည်း တက်တယ်၊ သမ္မတကြီးလည်း တက်တယ်ပေါ့။ ကျွန်တော်တို့ ပါတီက CEC တစ်ချို့တက်ကြတယ်၊ ဆိုတော့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ နိုင်ငံတကာမှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ပြည်တွင်းငြိမ်းချမ်းရေးမှာဆိုတော့ ဒီ scope ကြီး တစ်ခုလုံးကို ကျွန်တော်တို့ ပြည့်ပြည့်ဝဝ သဘောပေါက်ပြီးသား ဒါပေမယ့် တကယ်တမ်း ကိုယ်တာဝန်ယူရမယ့် ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့အခါကျတော့ တာဝန်ခွဲဝေမှုတွေရှိနေတာပေါ့။ ဘယ်သူက ငြိမ်းချမ်းရေး Peace Center ထဲမှာ ပါမယ်ဆိုတာ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ပြီး လုပ်နေတာပေါ့နော်။ ဒေါက်တာ တင်မျိုးဝင်း ၊ ကျွန်တော်တို့ကိုက အရင်တုန်းကတည်းကိုက NLD ရဲ့ သန္ဓေတွေ ပေါ့နော်။ နောက် လူငယ်တွေထဲကဆိုလို့ရှိရင် ကျွန်တော်တို့ ကိုနိုင်ငံလင်းကို လည်း UPDJC ထဲမှာ ထည့်လိုက်သလို ဦးအောင်စိုး NLD CEC အဖွဲ့ဝင် ဆိုတော့ တာဝန်ခွဲဝေမှုက ကွဲသွားပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်က သူတို့ ဦးဆောင်ပြီး ဆောင်ရွက်တဲ့  ကိုအောင်ကြည်ညွန့်က လွှတ်တော်ဖက်က ပါလာတယ်။ ဆိုလိုချင်တာ လွှတ်တော်ဖက် site ရယ် ၊ အစိုးရပိုင်းက site ရယ်၊ ဒီအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါပါတယ်။ ဒါပေမယ့် လုပ်နေတာက အတိုင်ပင်ခံပုဂ္ဂိုလ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်လုပ်နေတဲ့ လုပ်ငန်းစဉ်တွေအားလုံးကို ကျွန်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံပြီးတော့ လုပ်ခဲ့ကြတာပေါ့နော်၊ လုပ်နေကြတာပေါ့။ ဆိုလိုက်တဲ့အခါကျတော့   လုပ်ပိုင်ခွင့်ပဲပြောရမှာပေါ့၊ ငြိမ်းချမ်းရေးဖက်ကို သွားတာ၊ အဲဒီ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအားလုံးကို ကျွန်တော်တို့ CEC အစည်းအဝေးမှာ ဦးအောင်စိုးက သည်လာပါတယ်။ ဒေါက်တာတင်မျိုးဝင်း သည်လာပါတယ်။ သူတို့နှစ်ယောက်ကလည်း အခု CEC ဖြစ်သွားတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ ပါတီကလည်း ငြိမ်းချမ်းရေး ဘယ်အခြေအနေမှာ ရှိနေလည်း ဆိုတာသိတာပေါ့နော်။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးက မဖြစ်မနေ ကျွန်တော်တို့ priority လုပ်တဲ့ အစိုးရတက်လာတဲ့အခါ ငြိမ်းချမ်းရေးတို့၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ အမြဲတမ်းကြွေးကြော်နေတော့ ဒါတွေကို အကောင်အထည်ဖော်တာပေါ့နော်။ အဲဒီတော့ ငြိမ်းချမ်းရေးရချင်ရင် တိုင်းပြည်ပေါ်မှာ စေတနာရှိဖို့လိုတယ်ဆိုတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အမြင်ကို ကျွန်တော်တို့ အမြဲတမ်းသတိရပါတယ်။ အဲဒီတော့ စေ့စပ်ဆွေးနွေးရေးဆိုတာ နှစ်ဖက်စလုံးကလည်း ပြေလည်ချင်တဲ့ ဆန္ဒရှိဖို့လိုပါတယ်။ တိုင်းပြည် ချစ်စိတ်လည်းလိုတယ် စေတနာမှန်ဖို့လိုတယ်။ ကျွန်တော်တို့ ရှည်လျားလှတဲ့ စစ်ကြီးအတွင်းမှာ ဘယ်သူတွေ နစ်နာလည်းဆိုတော့ ပြည်သူတွေပဲ နစ်နာတာပါ၊ ဒီအခြေခံဝင်ဖို့က စဉ်းစားဆောင်ရွက်ကြမယ်၊ စေတနာထားပြီးဆောင်ရွက်ကြမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးက ကျွန်တော်ထင်ပါတယ်။ သူများနိုင်ငံထက် ငြိမ်းချမ်းရေး အကြာကြီး ဖြစ်စဉ်တွေထဲက တောင်အဖရိက၊ အိုင်ယာလန်တို့ ဘာတွေလည်း ဆိုတော့ ကျွန်တော်တို့လည်း ဒါ သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ စွမ်းသမျှအကုန်လုပ်ပေးပြီးပြီပေါ့နော်။ ဘယ်လောက်ရ ရမယ်၊ ဘယ်လောက်ထိပေးရမယ် ဆိုတဲ့ဟာမျိုး မဖြစ်တောင်မှ ငြိမ်းချမ်းရေး process က ဘာပဲပြောပြော အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြိုးပမ်းမှုနဲ့  ကျွန်တော်ထင်ပါတယ်၊ ငြိမ်းချမ်းရေးလည်း ကျွန်တော်တို့ အောင်မြင်မှာပါပဲ။ တစ်ချိန်မှာ အောင်မြင် ကျွန်တော်ကတော့ ဒီမိုကရေစီအဖွဲ့ချုပ်မှ မဟုတ်ပါဘူး၊ ကျွန်တော်ဒီဟာတွေ သိလာလိုက်တဲ့အခါ အားလုံးအတွက်ကတော့ အချိန်တန်ပါပြီ ၊ တိုင်းပြည်အတွက်ကို ကြည့်မယ်ဆို ငြိမ်းချမ်းရေးလည်း ကျွန်တော်တို့ကတော့ အတိုင်ပင်ပုဂ္ဂိုလ်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ၂၀၂၀ မှာ ငြိမ်းချမ်းရေး ရရမယ်ဆိုတဲ့ စကားမျိုးပြောခဲ့ဖူးတာ ရှိပါတယ်။ အဲဒီတော့   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ရော ဒီစကားကို ဘယ်လောက်ထိ ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ခုနပြောသွားပါတယ်။ ကျွန်တော်တို့ရဲ့ နောက် ရည်မှန်းချက်တစ်ခုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနော်။ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့လည်း အမျိုးသားပြန်လည်သင့်မြတ်ရေး ပေါ့နော်၊ နိုင်ငံသူ နိုင်ငံသားအားလုံးပါပဲ၊ ပြောချင်တာ အဖွဲ့အစည်း အသီးသီးနဲ့လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာလို စကား၊ ဒီလို အပစ်အခတ် ရပ်စဲရေးလည်း ကျွန်တော်တို့က ကြိုဆိုပါတယ်။ ၂၀၂၀ မှာ ပိုင်းဖြတ်ပြီးသားဆိုရင် ဘာမကြိုဆိုစရာရှိသလဲဗျာ။ အရေးကြီးတာက သမ္မတကြီး ဦးဆောင်နေတဲ့ ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းပေါ့၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုလည်း ငြိမ်းချမ်းရေးအပိုင်းမှာ တပ်မတော် ဝင်ပါလာတာ ကောင်းတဲ့ လက္ခဏာပါပဲ ၊ အရေးကြီးတာက သူတို့လည်း ဝန်ထမ်းပဲ ဆိုတဲ့အသိနဲ့ ပါဝင်စေချင်တာပေါ့ ပါဝင်လာတာ ကြိုဆိုပါတယ် ။     ။

  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒီမိုကရေစီယဉ်ကျေးမှု (ပထမပိုင်း) အပြည့်အစုံ - http://www.mizzimaburmese.com/article/53712

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required