တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံးသော ရေခဲပွဲတော်

တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံးသော ရေခဲပွဲတော်

ဇန်နဝါရီ ၇ ။         ။ တရုတ်နိုင်ငံမှာ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ဟာဘင် ရေခဲ နဲ့ နှင်း ပွဲတော်ကြီးကို နိုင်ငံ အရှေ့မြောက်ပိုင်းက ဟေလောင်ကျန်း ပြည်နယ်မှာ အစဉ်အလာ မပျက် ကျင်းပလျက်ရှိပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်းက ဟာဘင်မြို့မှာတော့ လက်ရှိ ဇန်နဝါရီလမှာ ရာသီဥတု အေးခဲလွန်းနေတယ်ဆိုပေမယ့်လည်း ကမ္ဘာ အကျော်ကြားဆုံးဖြစ်တဲ့ ဟာဘင် နိုင်ငံတကာ ရေခဲနဲ့ နှင်း ရုပ်တု ပွဲတော်ကို အစဉ်အလာ မပျက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ပွဲတော်မှာ လာရောက်ကြည့်ရှုသူ သန်းနဲ့ချီအထိ ရှိပါတယ်။

ပွဲတော်မှာတော့ အံ့မခန်း နှင်းရုပ်တုပေါင်း ၂,၀၁၉ ခု၊ ကမ္ဘာ့အကြီးဆုံးသော ရေခဲ ရုပ်တုကြီးတစ်ခု၊ အခြား ရေခဲရုပ်တုတွေ၊ အ့ံမခန်းလှပတဲ့ မီးရောင်စုံတွေ၊ ပွဲတော်ကျင်းပရာ စတုရန်းမီတာ ၇၅၀,၀၀၀ နေရာကွက်လပ်ကြီးတစ်ခု တို့ ရှိနေပြီး နှစ်စဉ်နှစ်တိုင်း ယင်းပွဲကို လာရောက်ကြည့်ရှုသူ ပရိသတ် ၁၀ သန်းကနေ ၁၅ သန်းအကြားထိ ရှိနေပါတယ်။

တရားဝင် ပွဲတော်ကတော့ ဇန်နဝါရီ ၅ ရက်ကနေ ဖေဖော်ဝါရီအထိ ကျင်းပတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly