လေကြောင်းလိုင်း အရေးပေါ်ထွက်ပေါက်တံခါးခလုတ်အား ဆွဲကြည့်ခဲ့ခြင်းသာ ဖြစ်

လေကြောင်းလိုင်း အရေးပေါ်ထွက်ပေါက်တံခါးခလုတ်အား ဆွဲကြည့်ခဲ့ခြင်းသာ ဖြစ်

ဇန်နဝါရီ ၃ ။               ။ မန္တလေးမှ ဟုမ္မလင်းသို့ ပျံသန်းမည့် MNA လေကြောင်းခရီးစဉ်တွင် ခရီးသည်တစ်ဦးက အရေးပေါ်ထွက်ပေါက် တံခါး ခလုတ်အား ဆွဲကြည့်ခဲ့ခြင်းသာဖြစ်ကြောင်း လေကြောင်းလိုင်းမှ သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့က က မန္တလေး မှ ဟုမ္မလင်းသို့ ပျံသန်းမည့် Myanmar National Airlines ခရီးစဉ်မှ ခရီးသည်တစ်ဦးက Emergency တံခါးကို ဖွင့်ချလိုက်၍ ခရီးစဉ် ၁ နာရီ နှောင့်နှေးခဲ့ရကြောင်း လူမှုကွန်ရက် တွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။
 
ဖြစ်စဉ်အမှန်မှာ ခရီးသည်က တံခါးခလုတ်အား ဆွဲခဲ့ခြင်းသာ ဖြစ်ပြီး အဆိုပါတံခါးပွင့်ရန် အဆင့်ဆင့် လုပ် ဆောင်ရကာ အချိန် ကြန့်ကြာနေရခြင်းမှာ ပြန်လည်စစ်ဆေးနေ၍ ဖြစ်ကြောင်း MNA လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ Emergency တံခါးကြီး ပွင့်ထွက်သွားတာ မဟုတ်ဘဲ ခလုတ်ကို ဆွဲပါဆိုလို့ ဆွဲလိုက်တော့ တံခါးအထိုင်ကို ပြန်စစ်တာ။ ဒါပါပဲ။ အမှန်က အဆင့်တွေက အများကြီးပဲ Emergency တံခါးကို အဆင့်လိုက် ဖွင့်တာမှ မဟုတ်တာ။ ဒီခလုတ်ရှိတယ် ဆွဲပါ ဆိုလို့ ဆွဲလိုက်တာ။ အထိုင်ပျက်မှာစိုးလို့သာ သေချာ အောင် ပြန်စစ်လို့ အချိန် နောက်ကျသွားတာ။ အမှန်တော့ ဘာမှမဖြစ်ဘူး။ လူတွေက ထင်တာ Emergency တံခါးကြီးကို ဖွင့်ထုတ်တယ် ထင်နေတာ။ အဲဲဒါ အရေးပေါ်ဖြစ်မှသာ လေယာဉ်ဝန်ထမ်းက အဆင့်ဆင့်လုပ်ရတာ။ အခုဟာက အပေါ်က အုပ်ထားတဲ့ပလတ်စတစ်ကို သေချာပြန်ထည့်ပြန်စစ်နေလို့ အချိန်နောက်ကျသွားလို့ တောင်းပန်လိုက်တာ ဖြစ်တယ်” ဟု MNA လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ခရီးသည်နှင့် ပတ်သက်ပြီး အရေးယူရန်၊ မယူရန် MNA လေကြောင်းလိုင်း တာဝန်ရှိသူများက အစည်း အဝေး ပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly